တိုင်းရင်းသားပါတီများ နေရာရရှိမှုနည်း၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်လိုလား

တိုင်းရင်းသားပါတီများ နေရာရရှိမှုနည်း၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်လိုလား
သုတလင်း — ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားပါတီများ နေရာရရှိမှုအလွန်နည်းပါးသည့်အတွက် ကြားဖြတ် ရွေးကောက်ပွဲပြန် လည်ကျင်းပပေးရန် တိုင်းရင်းသားပါတီများမှ လိုလားကြောင်း ယင်းပါတီအချို့ ထံမှသိရသည်။

" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။ ဒါပေမယ့် တက်လာမယ့် အစိုးရသစ်အနေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လောက်နားလည်ပေးနိုင်တယ်။ အရေးပေးတယ်ဆိုတာမျိုးတော့ သိရမှာပါ" ဟု ကချင်ဒီမို ကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် အရွေးချယ်ခံခဲ့သည့် ဦးလွမ်းဇောင်းက ပြောသည်။

သို့သော် လက်ရှိတွင် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေဆဲကာလဖြစ်သည့်အတွက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပပေးမည်/မပေးမည်က အတိအကျပြောဆိုရန် ခက်ခဲသည့်အနေအထား ဖြစ်သည်ဟု စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)၏ ဥက္ကဌ ဦးခက်ထိန်နန်းက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်း အလိုက် ဒေသခံတိုင်းရင်းသား ပါတီအများစုက ၄င်းတို့၏ဒေသအလိုက်ဝင်ရောက်ယှဉ်ပြိုင်မှုရှိခဲ့ကြသော်လည်း ကချင်ပြည်နယ်နှင့်ပြည်နယ် အနည်းစုတွင် သာ ဒေသခံတိုင်းရင်းသားပါတီများ ရွေးကောက်ပွဲ အနိုင် ရရှိမှုအနည်းပါးဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။

"ရခိုင်နဲ့ရှမ်းဆိုရင် သူတို့တိုင်းရင်းသားပါတီတွေက ရသင့်ရထိုက်တဲ့အနေအထားနေရာတော်တော် များများမှာ အနိုင်ရရှိခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကချင်ပြည်နယ် အနေနဲ့ဆိုရင်အရမ်းကိုနည်းပါတယ်" ဟု ဦးခက်ထိန်နန်းက သုံးသပ်သည်။

ကချင်ပြည်နယ်၏တိုင်းရင်းသားပါတီများအနေဖြင့် ၄င်းတို့ကိုယ်တိုင် ပါတီအနေအထားအရ အင်အားနည်းပါးမှုရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြောင်းလဲမှုကို လိုအပ်နေခြင်းကြောင့် NLD ပါတီကသာ အများစု အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားပါတီများက သုံးသပ်ကြသည်။

ထို့အပြင် ပြည်နယ်အတွင်း တိုင်းရင်းသားပါတီများက တစ်စုတစ်စည်းတည်းဖြစ်မနေဘဲပါတီများ ကွဲပြားနေခြင်းက လည်း ရွေးကောက်ပွဲအနိုင်မရရှိခဲ့ခြင်းအပေါ် သက်ရောက်စေသည်ဟု ကချင်ပြည်နယ်အတွင်း အင်အားကောင်းသည့် တိုင်းရင်းသားပါတီအချို့က ဝိုင်းဝန်းသုံးသပ်သည်။

အစိုးရသစ်အနေနှင့် ကချင်ပြည်နယ်အတွက် ရွေးကောက်တင်မြှောက်မည့် ပြည်နယ်ဝန်ကြီးချုပ် အပေါ် ကချင်ပြည်သူများနှင့် ဒေသ အရေးဆောင်ရွက်နေသူများအပါအဝင် တိုင်းရင်းသားပါတီများ ကိုယ်တိုင်က ယင်းအခြေအနေအပေါ် စိတ်ဝင်စားမှုလည်း မြင့်တက် လျှက်ရှိကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှာသမ္မတမှ တိုက်ရိုက်ရွေးချယ်တင်မြှောက်ရသည့်အတွက် NLD အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်နေရာ အား ပါတီတွင်း (သို့မဟုတ်) တိုင်းရင်းသားပါတီများအတွင်းမှပြည်နယ် အတွက် လုပ်ကိုင်နိုင်မည့်ပုဂ္ဂိုလ်ကို ရွေးချယ်ခြင်းပြု/မပြုအပေါ် စိတ်ဝင်တစားရှိနေကြသည်။

ယခင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိထားသူလည်းဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်နယ်မြေပေါင်း ၂၁၀ ကျော်ရှိရာ ကြားဖြတ်ရွေးကောက်ပွဲပြန်လည် ကျင်းပပေးခြင်းဖြင့် ယင်းဒေသတွင် တိုင်းရင်းသားကိုယ်စားလှယ် များပြန်လည်တင်မြှောက်ရွေးချယ်ခံနိုင်ရန်လည်း မျှော် လင့်နေကြကြောင်း အထက်ပါ ပါတီများနှင့် ကချင်ပြည်နယ်၏ ဒေသအရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေသူများထံမှသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 18, 2015
 ဒီ့အတွက် ကချင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအနေအထားအပေါ်အမြင်နဲ့ သုံးသပ်ချက်တွေကို ၂၀၀၀ ခုနှစ်က...