မဲပုုံး မထောင်နုုိင်တဲ့နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ ထပ်လုုပ်ရန် မျှော်လင့်

မဲပုုံး မထောင်နုုိင်တဲ့နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ ထပ်လုုပ်ရန် မျှော်လင့်
သုတလင်း — ၂၀၁၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့ပေမယ့် ကချင်ပြည်နယ်အတွင်းမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာဒေသတွေဟာ ကျန်ပြည်နယ်/တိုင်းတွေထက် များပြားနေခဲ့တာလည်းဖြစ်ပါတယ်။

 ဒီ့အတွက် ကချင်ပြည်နယ်ရဲ့ရွေးကောက်ပွဲအနေအထားအပေါ်အမြင်နဲ့ သုံးသပ်ချက်တွေကို ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်း က မူဝါဒရေးရာနဲ့ မဟာဗျူဟာဌာန လက်ထောက်ဒါရိုက်တာ ဒေါ်နန်ရော်နဲ့  BNI ရွေးကောက်ပွဲ သတင်းခန်း သတင်းထောက်မှ အင်တာဗျူး မေးမြန်းဖြစ်သည်များ ကို ကောက်နှုတ် ဖော်ပြလိုက် ရပါတယ်။

မေး။ ။ ကျင်းပပြီးခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ကချင်ပြည်နယ်မှာ မဲပုံးမထောင်နိုင်တဲ့ နေရာတွေ အများကြီးရှိခဲ့တော့ေ ရွးကောက်ပွဲအနေအထားအပေါ် ဆရာမ နန်ရော်အနေနဲ့ ဘယ်လိုများ သုံးသပ် ပေးချင်ပါသလဲ။

ဖြေ။ ။ ကချင်ပြည်နယ်မှာ မဲပုံးမထောင်နိုင်တဲ့နေရာတွေအရမ်းများတယ်။ အဲ့ဒီအတွက် ရွေးကောက်ပွဲအပြီး ထွက်လာတဲ့ ရလာဒ်ဟာ ကချင်ပြည်နယ်အားလုံးကို လွှမ်းခြံုနိုင်မလားဆိုတဲ့ အနေအထားက  စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး အခုNLD အနေနဲ့ ရွေးချယ်တင်မြှေက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိသလို ယခင်ပြည်နယ်ဝန်ကြီးချုပ် ကလည်း ဒီတစ်ခေါက်မှာနိုင်တယ်လေ။ အဲ့ဒီတော့ ကျွန်မတို့က ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမလဲဆိုတဲ့အပေါ်မှာပဲ အများကြီးစိတ်ဝင်စားပါတယ်။

 NLD ဘက်ကနေလည်း သူတင်မြှောက်မယ်ဆို တင်မြှောက်နိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ
ရှိနေတယ်။ ဘယ်သူ ကိုတင်မလဲဆိုတဲ့အပေါ်မှာ ကျွန်မတို့က အများကြီးစိတ်ဝင်စားမိတယ်။

ကောင်းတဲ့ဘက် ရှိသလို ဆိုးတဲ့ဘက်တွေလည်း ရှိနိုင်မယ်လို့ထင်ပါတယ်။ ကချင်ပြည်နယ်ဆိုတာကလည်း ကချင်တွေပဲ ရှိတာမဟုတ်ဘူး။ ရှမ်းတွေလည်း အများကြီးရှိတယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ NLD ရဲ့ လိမ္မာပါးနပ်စွာ ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်မှုကိုလည်း စိတ်ဝင်စားပါတယ်။

ဒါတွေက အရမ်းပဲအရေးကြီးတဲ့အချက်တွေဖြစ်လာလိမ့်မယ်။

မေး။ ။ ကချင်ဒေသစစ်ပွဲတွေဟာ လာမယ့်အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတွေ ဖော်ဆောင် လာပေးနိုင်မယ်လို့ ဆရာမအနေနဲ့ထင်ပါသလား။

ဖြေ။          ။ ကချင်ပြည်နယ် အနေနဲ့ကတော့ နေရာတော်တော်များများ မဲပုံးမထောင်နိုင်တဲ့ အနေအထား ဖြစ်တယ်။ အဲ့ဒီတာကြောင့်မို့လို့ အစိုးရအသစ်အနေနဲ့ ဒီကိစ္စကိုအလေးထားတယ်ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲကို လုပ်ဖို့ကြိုးစားလိမ့်မယ်။ အဲ့ဒီလိုဆိုလို့ရှိရင်တော့ ဒီငြိမ်းချမ်းရေး အစီအစဉ်က ဦးစားပေးအဆင့်မှာရှိရမယ်။

နောက် ကျွန်မမျှော်လင့်ပါတယ်။ ခုလောလောဆယ်လက်မှတ်မထိုးသေးတဲ့ KIA/KIO နဲ့ NLD နဲ့ချိတ်ဆက်ပြီး
ဆက်သွယ်လိမ့်မယ်ထင်တယ်။

နောက် NLD အနေနဲ့ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံပြီး အရင်အစိုးရလက်ထက်မှာ အဖြေမပေါ်သည့်တိုင်အောင် ဒီအစိုးရလက်ထက်မှာ ပြည်သူတွေအတွက် ခုန ကချင်မှာ မဲပုံးလုံးဝမထောင် နိုင်တဲ့နေရာတွေမှာ မဲပုံးပြန်ထောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ စစ်ဘေးဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ ကိစ္စကရော ခက်ခဲနေဦးမယ်လို့ဆရာမအနေနဲ့ ထင်ပါသလား။

ဖြေ။ ။ အဲ့ဒါကတော့ နည်းနည်းဝေးပါသေးတယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီး သွားရင်တောင် တပ်နေရာချထားရေးနဲ့ အဲ့ဒီဒေသတွေမှာ ရွာတွေမှာရှိနေတဲ့ ဧည့်သည်တပ်တွေက ပြန်ဆုတ်သွားနိုင်မှပဲ
ဒုက္ခသည်တွေ ရွှေ့ဖို့ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ အဆင့်တွေ အများကြီး လိုပါသေးတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...