ကချင်ပြည်နယ်ဒီမိုကရေစီပါတီ UNA သို့အမြဲတမ်းပါတီဝင်အဖြစ် လျှောက်ထား

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ UNA သို့အမြဲတမ်းပါတီဝင်အဖြစ် လျှောက်ထား
သုတလင်း — ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA သို့ အမြဲတမ်းအဖွဲ့ဝင်ပါတီ အဖြစ် ဝင်ရောက်နိုင်ရန် လျှောက်ထားခြင်းကို နိုဝင်ဘာလ ရွေးကောက်ပွဲ အပြီးတွင် တရားဝင်စာပေးပို့လျှောက်ထားခဲ့ကြောင်း ယင်းပါတီဥက္ကဌ  ဒေါက်တာ မနာမ်တူးဂျာက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

"ရွေးကောက်ပွဲအပြီးမှ ဝင်တယ်ဆိုတာကတော့ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ပါတီအနေနဲ့ အလုုပ်တွေ ရှုပ်နေတာတွေရှိခဲ့လို့ပါ "ဟု ဒေါက်တာမနာမ်တူးဂျာက ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ကအဖွဲ့ဝင်အဖြစ် သတ်မှတ်ပေးရန် လျှောက်ထားခဲ့ သည့်အခြေအနေနှင့်ပတ်သတ်၍ ရှင်းပြသည်။

ညီညွတ်သော်တိုင်းရင်းသားလူမျိုးများ မဟာမိတ်UNA တွင် မှတ်ပုံတင်ထားသော တိုင်းရင်းသားပါတီ ၈ ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာလည်း UNA ၏ မိတ်ဆက် ပါတီဖြစ်သည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီအနေနှင့် ယခင်က UNA တွင် မိတ်ဖက်ပါတီအဖြစ် ပါဝင်သော်လည်း လက်ရှိတွင် တိုင်းရင်းသား အရေးနှင့် ဒေသအရေးများကို ပြောင်းလဲလာမည့် နိုင်ငံရေးအခြေအနေ ပေါ်တွင်မူတည်ကာ ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းလိုခြင်းဖြစ် သည်ဟုလည်းဆိုသည်။

"NLD က UNA နဲ့မိတ်ဖက်ပါတီလည်းဖြစ်တယ်။ ခုဆို အစိုးရသစ်ကို ဖွဲ့စည်းတော့မယ့် အနိုင်ရပါတီ လည်းဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့က တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အသစ် တက်လာမယ့် အစိုးရသစ်နဲ့ ပိုပြီးပူးပေါင်းလုပ်ဆောင်နိုင်အောင် ရည်ရွယ်ချက်နဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခဲ့တာပဲဖြစ်ပါတယ်"ဟု ဒေါက်တာမနာမ်တူးဂျာက ဆက်ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီအနေနှင့် အမြဲတမ်းအဖွဲ့ဝင်ပါတီအဖြစ် သတ်မှတ်ရန် လျှောက်ထားထားသော်လည်း တစ်ဖက်မှစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ပြန်လည်ရေးဆွဲ နေဆဲဖြစ်သည့်အတွက်အကြောင်းပြန်ကြားလာခြင်းမရှိသေးဟု လည်း သိရသည်။

ကချင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အများဆုံးရွေးချယ်ခံရပြီး ဒုတိယအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ရပ်တည်လျှက်ရှိရာပြည်နယ်အခြေစိုက်တိုင်းရင်းသား ပါတီများအနက်မှ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှာ တတိယအများဆုံးရွေး ချယ်ခံရသည့် ပါတီတစ်ခုလည်းဖြစ်သည်။

ထို့အပြင် ပါတီဥက္ကဌ ဒေါက်တာမနာမ်တူးဂျာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ ဆုံနိုင်ရန် စာပေးပို့အကြောင်းကြားထားခဲ့ပြီး လက်ရှိအထိ NLD ပါတီဘက်မှ တွေ့ဆုံရန် အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...