ရပ်စောက်မဲဆန္ဒနယ် ပြည်ခုုိင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကုုိယ်စားလှယ်ရွေးချယ်ခံရမှု ကန့်ကွက်

ရပ်စောက်မဲဆန္ဒနယ် ပြည်ခုုိင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကုုိယ်စားလှယ်ရွေးချယ်ခံရမှု ကန့်ကွက်
မြဝန်းရံ — ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ပြည်ခိုင်ဖွံ့ပါတီမှ ဦးအောင်ကျော်ညွန့်အား ပြည်နယ်လွွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရမှုကို ပယ်ဖျက်ပေးပါရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု၍ ရပ်စောက်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ဦးခိုင်ညီညီကျော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီဇင်ဘာလ ၁၂ ရက်က ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကျော်ညွန့် အား ရွေးချယ်ခံရသူဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၁၁ရက်က ကြေငြာခဲ့ခြင်း ကြောင့်ဖြစ်သည်။

ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ်၁တွင် ဗထူးတပ်နယ်မဲရုံ ၄ ခုနှင့် တပ်နယ်ပြင်ပ မဲရုံ ၃၈ ရုံ စုစုပေါင်း ၄၂ ရုံရှိရာ တပ်နယ်မဲရုံ ၄ ရုံတွင် ရက်ပေါင်း ၁၂၀သာ သင်တန်းတက် ရောက်နေသော သင်တန်းသား တပ်မတော်သားများ၏ ဆန္ဒမဲများကိုပါ ထည့်သွင်း ရေတွက်ခြင်း၊ မြို့ဦးရပ်ကွက် အတွင်းနေထိုင်သော တပ်မတော်သားများအား တပ်နယ် မဲရုံအတွင်း ဆန္ဒမဲစာရင်း၌ ထည့်သွင်း ထားခြင်းတို့ကြောင့် ယခုကဲ့သို့ ကန့်ကွက်လွှာ တင်ခြင်းဖြစ်သည်ဟု ရပ်စောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ညွန့် ထံမှသိရသည်။

" သင်တန်းသားက ၁၆၈၁ မဲရှိတယ်။ သင်တန်းကာလက ၄ လပဲဆိုတော့ ရက်ပေါင်း ၁၈၀ မပြည့်ဘူး။ အဲဒါ ကတစ်ခု။ နောက်တစ်ခုက မြို့ဦးမဲဆန္ဒနယ်ထဲမှာ ပါတဲ့အမှတ် ၅၀၈ တပ်ရင်းက မဲဆန္ဒရှင် ၃၄၂ မဲကို တပ်နယ်ထဲမှာ စာရင်းထည့်ထားတာ။ နောက်ဆုံးမဲ စာရင်းထုတ်ပြန် တော့မှ ဒီစာရင်းက ပါလာတာ။ ပုဒ်မ၄၉(ခ)အရဆိုရင် သက်ဆိုင်ရာ မဲဆန္ဒနယ် အတွင်းမှာ သာလျှင် ဆန္ဒမဲပေး ရမယ် လို့ပါတယ်။ဒါကို မဲရုံနယ်မြေလွဲပြီး မြို့ဦးရပ်ကွက်ထဲ ပေးရမဲ့စာရင်းကို တပ်နယ်မဲရုံ၁ ထဲသွား  ထည့်ထား တာ" ဟုဦးအောင်ညွန့်က ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖြစ်ယှဉ်ပြိုင်သူ ဦးခိုင်ညီညီကျော် သည် ဆန္ဒမဲ ၁၈၅၇၅ မဲရရှိထားပြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဦးအောင်ကျော်ညွန့်သည် တပ်နယ်မဲများမပါဝင်ပါက ဆန္ဒမဲ ၁၃၈၂၃ မဲရရှိထားသည်ဟုဆိုသည်။ တပ်နယ်မဲပေါင်း ၆၀၀၀ ကျော်တွင် အမြဲနေထိုင်သူ မဟုတ်သည့် သင်တန်း သားများနှင့် ၅၀၈တပ်ရင်းမှ မဲများထည့်သွင်း ရေတွက်ထားသဖြင့် ဦးအောင်ကျော်ညွန့် က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်ဟု ဦးခိုင်ညီညီကျော်က ပြည်ထောင် စုကော်မရှင်သို့ တင်ပြထားကြောင်း ပြောသည်။

Most read this week

December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...
November 24, 2015
မဲအငြင်းပွားမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ...