တောင်ကြီးမြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်မည်

တောင်ကြီးမြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်မည်
မြဝန်းရံ — ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အရွေးချယ်ခံကိုယ်စားလှယ်များနှင့်အတူ အရပ်ဘက် အဖွဲ့စည်းနှင့် စည်ပင်မှပူပေါင်းကာအမှိုက်ကောက်သွားမည်ဟု တောင်ကြီးချယ်ရီချစ်သူ များအဖွဲ့မှ မသဇင်ကျော်ထံမှသတင်းရရှိသည်။

အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်ကြ မည်ဖြစ်သည်။

“ တောင်ကြီးမြို့ဆိုတာ အာဆီယံမှာအသန့်ရှင်းဆုံးမြို့အဖြစ်ဆုရထားတယ်ဆိုတော့ မြို့ရဲ့သန့်ရှင်းမှုနဲ့အမှိုက်ကင်းစင်ဖို့ အတွက်အားလုံးကြိုးစားကြရမှာလို့မြင်ပါတယ်” ဟု မသဇင်ကျော်ကပြောသည်။

တောင်ကြီးမြို့တွင် အပတ်စဉ်စနေ့နေတိုင်း စိမ်းလန်းမြေအဖွဲ့မှ လူငယ်များစုပေါင်းကာ အမှိုက်ကောက်လေ့ရှိကြပြီး တို့ချစ်တဲ့ကမ္ဘာ၊ ချယ်ရီပုံရိပ် အစရှိသည့်အဖွဲ့များက သစ်ပင်စိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးခြင်းများကို အစဉ်အမြဲ ပြုလုပ်နေကြောင်းသတင်းရရှိသည်။

အမှိုက်ကောက်ခြင်းကို ဒီဇင်ဘာ ၁၂ရက် ရနာရီမှစတင်ပြီး နေရာ ရနေရာခွဲ၍ အမှိုက် ကောက်လှုပ်ရှားမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုလှုပ်ရှားမှုတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တောင်ကြီးစည်ပင်၊ မွှေးတောင်ကြီး အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတို့နှင့် အတူ တောင်ကြီးမြို့ NLD ကလည်းပူပေါင်းပါဝင် မည်ဟုသိရသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...
November 24, 2015
မဲအငြင်းပွားမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ...