အင်းလေးကန်ထိန်းသိမ်းရေးအတွက် ပရဟိတအဖွဲ့အစည်းများနှင့်ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်

အင်းလေးကန်ထိန်းသိမ်းရေးအတွက် ပရဟိတအဖွဲ့အစည်းများနှင့်ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်
မြဝန်းရံ — နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိမှုမရှိခဲ့သော်လည်း အင်းလေး ကန်ထိန်းသိမ်းရေအတွက် ပရဟိတအဖွဲ့အစည်းများနှင့်ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု အင်းတိုင်းရင်း သားကိုယ်စားလှယ်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာခင်လှ ကBNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း မူလ ရည်မှန်းထားသလိုပဲ အင်းလေးကန်ထိန်းသိမ်းရေးအတွက်ပရဟိတအဖွဲ့အစည်းတွေ့နဲ့လက်တွဲလုပ်ကိုင်သွားမယ်။ အင်းသားအကျိုးပြုနိုင်ဖို့ ဘယ်နေရာကမဆို ပါဝင်သွားမယ်"ဟု ၎င်းကပြောသည်။

အင်းအမျိုးသားပါတီသည် ညောင်ရွှေမြို့နယ်အတွင်းရှိ လွှတ်တော်၃ရပ်၌သာပါဝင်ယှဉ်ပြိုင်ခဲ့သဖြင့်စည်းရုံးရေး ကို ညောင်ရွှေတစ်မြို့ တည်းတွင် လုပ်ကိုင်နိုင်ပြီးရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် စည်းရုံးရေးမဆင်းနိုင်ခဲ့ကြောင်း၊ ပါတီ ၏ရန်ပုံငွေအခြေအနေအရအပြင် အမျိုးသမီးတစ်ယောက်အနေဖြင့်လည်း သွားလာမှုပြုရန်မလွယ်ကူသည့် အခက်အခဲများတွေ့ကြံုခဲ့ရသည် ဟုဒေါက်တာဒေါ်ခင်လှကရှင်းပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NLDပါတီအနိုင်ရပြီးအစိုးရဖွဲ့နိုင်သည့်အပေါ်သူမက “ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုး ၁၃၅မျိုးရှိတယ်။ တိုင်းရင်းသားတွေရဲ့အရေးကိုချန်ထားလို့မဖြစ်ဘူးဆိုတော့တိုင်းရင်းသားတွေနဲ့ လက်တွဲသွားမယ်လို့ မျှော်လင့်ပါ တယ်" ဟု ဖြေကြားခဲ့သည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်လှ သည် ဆန္ဒမဲ ၈၀၁၁မဲရရှိခဲ့ရာ အင်းတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံခဲ့ရကြောင်းသိရှိရသည်။

သူမသည်တောင်ကြီးတက္ကသိုလ်တွင်တာဝန်ထမ်းဆောင်စဉ်ကတည်းက အင်းသားများနှင့်ပတ်သက်သောပရဟိတလုပ် ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ပင်စင်ယူပြီးနောက် မိမိရပ်ရွာတွင် အင်းလေးကန်အကျိုးပြုလုပ်ငန်းများလုပ်ကိုင်ရန်ရည်ရွယ်ခဲ့ရာ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ဖိတ်ခေါ်မှုကြောင့် ပါတီ၏ ပညာရေးအတိုင်ပင်ခံအဖြစ်တာဝန်ယူခဲ့ကြောင်းသိရသည်။

အင်းလေး၊လယ်ခြေရွာမှ မ------- က " အခုအနိုင်ရတာက NLDပါတီကဆိုပေမဲ့ အင်းသားပဲဖြစ်တယ်။ အမျိုးသမီးကိုယ် စားလှယ်ကိုလဲသဘောကျပါတယ်။ အရင်က အင်းပါတီက အနိုင်ရထားတယ်။ အင်းဝန်ကြီးက ညောင်ရွှေသားလေ။ အခုကတော့ ဒေါက်တာထွန်းလှိုင်က ကျမတို့ အင်းထဲကဆိုတော့ သူ့ကိုပိုသိတယ်။ နိုင်ငံရေးသေသေချာချာနားမလည်ပေမဲ့ကျမတို့ အင်းသားတွေဘဝ ပြောင်းလဲချင်လို့ NLDကို မဲပေးခဲ့ပါတယ်" ဟု ပြောသည်။

အင်းတိုင်းရင်းသားကိုယ်စားလှယ်နေရာအတွက် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါ တီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLDပါတီမှ ဒေါက်တာ ထွန်းလှိုင်က ဆန္ဒမဲ ၄၆၄၀၆မဲဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...
November 24, 2015
မဲအငြင်းပွားမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ...