တအာင်းပါတီ ဦးညီစိန်အား ရွေးကောက်ပွဲကော်မရှင်က အနိုင်ပေးပြီဟုသိရ

တအာင်းပါတီ ဦးညီစိန်အား ရွေးကောက်ပွဲကော်မရှင်က အနိုင်ပေးပြီဟုသိရ
by -
မိုင်းကောင်းဆိုင်
မိုင်းကောင်းဆိုင် — ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်ခိုင်ဖြိုးပါတီ ဦးစိုင်းဆာလူနှင့် တအာင်းပါတီ ဦးညီစိန်တို့ မဲအငြင်းပွားမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးက နှုတ်ဖြင့် တအာင်း(ပလောင်) အမျိုးသားပါတီ ဦးညီစိန်အား အနိုင်ပေးပြီဟု အတည်ပြုပြောဆိုခဲ့ကြောင်း ဦးညီစိန်ထံမှ သိရသည်။

မဲအငြင်းပွားမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ မေးမြန်းခဲ့ရာ “ဟုတ်တယ်။ ဥက္ကဋ္ဌ ဦးတင်အေးထံ အဖြစ်အပျက်တွေကို သွားရောက်တင်ပြတယ်။ သွားရောက်ပြောပြတယ်။ သူပြောတာကတော့ စာတင်ကန့်ကွက်တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် တရားနည်းလမ်းကျတယ်။ တောင်ကြီး ပြည်နယ်ကော်မရှင် ဥက္ကဋ္ဌကလည်း ဒီလို ဆုံးဖြတ်တယ်လို့ ပြောတယ်။ ဦးစိုင်းဆာလူ အနိုင်ရတဲ့နေရာကို တအာင်းပါတီ ဦးညီစိန်ကို အနိုင်ပေးလိုက်ပြီ။ ဦးတင်အေးကိုယ်တိုင် ကျွန်တော်တို့ဆီပြောတယ်” ဟု ဦးညီစိန်က ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် ည (၁ဝ) နာရီအချိန်တွင် အတည်ပြုပြောဆိုခဲ့သည်။

တအာင်းပါတီ ဦးညီစိန်အား အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၅) နေရာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ နှုတ်ဖြင့် နိုဝင်ဘာ ၂၃ ရက်ညတွင် အတည်ပြုပြောဆိုခဲ့ပြီး အစိုးရပိုင် မီဒီယာတွင် ကြေငြာမည်ဟုလည်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အမျိုးသား လွှတ်တော်နေရာ မဲဆန္ဒနယ် အမှတ်(၅) နမ်းခမ်းမြို့နယ်တွင် မဲစာရင်းပေါင်းရန် မေ့ကျန်ခဲ့သော မဲရုုံ(၆)ရုုံ မှမဲပေါင်း ပြန်ရေတွက်ပြီးနောက်  တအာင်း(ပလောင်) အမျိူးသားပါတီမှ ဦးညီစိန်က ပြည်ခုုိင်ပါတီမှ ဦးစုုိင်းဆာလူကုုိ ၁၉ ၉ မဲ အသာဖြင့် အနုုိင်ရခဲ့သည်။

နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ၃ မြို့နယ် နောက်ဆုံးအကြိမ် မဲရလာဒ်အရ ပြည်ခိုင်ဖြိုးပါတီ ဦးစိုင်းဆာလူက ၄ဝ၈၄၇ မဲ ရရှိပြီး တအာင်းပါတီ ဦးညီစိန်က ၄၁ဝ၄၆ မဲ ရရှိကာ ၁၉၉ မဲ အသာဖြင့် အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခင် ဦးဆာလူအနိုင်ရသည့် ရလာဒ်ကိုသာ အတည်ပြုသွားမည် ဖြစ်သည်ဟု ခရိုင်ရွေးကောက်ပွဲအဖွဲ့ အတွင်းရေးမှူးမှ ဦးညီစိန်ထံ ၁၈ရက်နေ့ ည ၉းဝဝနာရီအချိန်ခန့် ဖုန်းဆက် အကြောင်းပြန် သောကြောင့် ၎င်းဆုံးဖြတ်ချက်အား မကျေနပ်သောကြောင့် နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အထိ ဥပဒေ လုပ်ထုံးလုပ်နည်းအရ တိုင်ကြား ကန့်ကွက်ရာမှ ယခုကဲ့သို့ အနိုင်ရရှိခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...