ရှမ်း ဒီချူပ်ကုုိယ်စားလှယ်များ ရွေးကောက်ပွဲ အသုုံးစရိတ် ဦးစားပေး စီစဉ်နေ

ရှမ်း ဒီချူပ်ကုုိယ်စားလှယ်များ ရွေးကောက်ပွဲ အသုုံးစရိတ် ဦးစားပေး စီစဉ်နေ
မြဝန်းရံ - ရှမ်းပြည်နယ်အတွင်းရှိ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များသည် လက်ရှိတွင်း အမှိုက်ကောက် သွား စီစဉ်ထားခြင်း မရှိသေးကြောင်းနှင့် ရွေးကောက်ပွဲအသုံးစရိတ်များကို အချိန်မီ တင်ပြနိုင်ရန် စိစစ်လုပ်ဆောင်နေ ကြောင်း အဖွဲ့ချုပ်ပြည်နယ်ဥက္ကဌ ဒေါ်ခင်မိုးမိုးက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ အနိုင်ရလွှတ်တော်ကိုယ်စား လှယ်များသည် ဒီဇင်ဘာ၌ ပျဉ်းမနားမြို့ မေခန်းမတွင်တွေ့ဆုံသွားမည်ဖြစ်ပြီး ဥက္ကဌ၏ မှာကြားချက်များအတိုင်း ဆက် လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

“ အမှိုက်ကောက်ဖို့ အစီစဉ်ထက် ကျွန်မတို့မှာ ရွေးကောက်ပွဲအသုံးစရိတ်တွေ့ကို အချိန်မီတင်ဖို့ လုပ်ဆောင် နေရတယ်။ ဒါတွေ့ပြီးသွားရင်တော့ အဖွဲ့ချုပ်ဥက္ကဌနဲ့တွေ့မယ်၊ ဗဟိုကညွန်းကြားချက်အတိုင်းလုပ်ဆောင်သွားမှာပါ”ဟု ဒေါ်ခင်မိုးမိုး က ရွေးကောက်ပွဲသတင်းခန်းသို့ ဆက်ပြောသည်။

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၌ အနိုင်ရရှိထားသော ကိုအောင်စိုးမင်းကလက်ရှိတွင် အမှိုက် ကောက်သည့် လှုပ်ရှားမှုကို သီးခြားစီစဉ်ထားခြင်းမရှိသေးသော်လည်း ညွှန်းကြားလာသည့်အခါ ဆက်လက်လုပ် ဆောင်သွားမည်ဟုဆိုသည်။

" အောက်မြန်မာပြည်ကိုယ်စားလှယ်တွေကို ဒီဇင်ဘာလ ၁၂ရက်မှာအမှိုက်ကောက်ဖို့ညွှန်ကြားထားတယ်လို့ သိရတယ်။ တစ်ချို့လဲဒီရက်တည်းက ကောက်နေပြီလို့ပြောတယ်။ အဲဒီနေ့ကျရင်တော့အားလုံးအမှိုက်ကောက် ဖြစ်မယ်ထင်တယ်။ ဒီရက်ပိုင်းမှာ ကျွန်တော်တို့က စာရင်းဇယား မမှားယွင်းအောင်လုပ်နေသေးလို့ မကောက်ဖြစ် သေးပါဘူး" ဟု ဖြေသည်။

သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ တစ်ဦးကလည်း အမှိုက်ကောက်ခြင်းကို လက်ခံအားပေးကြပြီး အမှိုက်စွန့်ပစ်မှု ကိုအလေးထားစေလို့ကြောင်းအကြံပေးပြောဆိုခဲ့သည်။

 " အမှိုက်တွေကောက်တာတော့ဟုတ်ပြီ ဒီအမှိုက်တွေဘယ်လို စွန့်ပစ်ကြမလဲ၊ ဆိုတာပါ ထည့် စဉ်းစားကြဖို့ လိုသေးတယ်။ နောက် တစ်ခုက အမှိုက်ကောက်ပြီးပြည်သူလူထုကိုလည်း ပညာပေးနိုင်ဖို့လိုတယ်။ အဲလိုမှ မဟုတ်ရင် အမှိုက်ကောက်လည်း ကောက်တာ ပဲရှိမယ်" ဟု အကြံပေးသည်။

ရှမ်းပြည်နယ်အတွင်းရှိ အနိုင်ရဒီချုပ်ကိုယ်စားလှယ်များ၏ အမှိုက်ကောက်ခြင်း အစီစဉ်ကို ပြည်သူတစ်ဦးကလည်း သူ၏အမြင်များကိုပြောပြခဲ့သည်။

" ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေအမှိုက်ကောက်ဖို့ ပြောတယ်။ ဒါ ကိုယ်စားလှယ်နဲ့ပြည်သူကို ထိတွေ့ ပေးလိုတဲ့သဘောလဲပါမယ်လို့ကျွန်တော်မြင်တယ်ဗျာ။ ခုကြည့်ပါ တန်ဆောင်တိုင်ပွဲပြီးတော့အဝေရာကွင်းထဲက  အမှိုက်တွေအနံ့လဲမကောင်း၊ အမြင်လဲမကောင်းဘူး။ မနေ့ကတော့ ပရဟိတအဖွဲ့တွေ လိုက်ကောက်ကြတယ်။ ဒါပေမဲ့ ဒီအင် အားနဲ့တော့ ဘယ်နိုင်မလဲ။ မြို့နေလူထုကော တာဝန်ရှိသူတွေကော ပါတီကလူတွေပါ ပူးပေါင်းပါဝင်ကြရင် သိပ်ကောင်းတာပေါ့" ဟု အရှေ့ပင်စင်ရွာမှ ကိုအောင်ကသူ၏အမြင်များကိုပြောသည်။

ရှမ်းပြည်နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူ့လွှတ်တော်၁၂နေရာ၊အမျိုးသားလွှတ်တော် ၃နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၂နေရာနှင့် တိုင်းရင်းသားကိုယ်စားလှယ်တွင် ၂နေရာ အနိုင်ရရှိထားကြောင်းသိရသည်။

Most read this week

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
November 24, 2015
မဲအငြင်းပွားမှု အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ BNI ရွေးကောက်ပွဲသတင်းခန်းမှ...