ကချင်တစ်ပြည်နယ်လုံး ၁၂ ရက်နေ့တွင် အမှိုက်ကောက်သိမ်းသွားမည်

ကချင်တစ်ပြည်နယ်လုံး ၁၂ ရက်နေ့တွင် အမှိုက်ကောက်သိမ်းသွားမည်
သုတလင်း — ဒီဇင်ဘာလ ၁၂ ရက်၌ မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်ရှိ ဒေသအတော်များများတွင် ပတ်ဝန်းကျင်သာယာ လှပရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်ကာ အမှိုက်ကောက်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက် ပွဲအောင်နိုင်ရေးထံမှသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပတ်ဝန်းကျင်သာယာလှပရေးစီမံချက်ဟူသည့် ခေါင်းစဉ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှိုက်ကောက်သိမ်းခြင်းလုပ်ငန်းကို လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ကာ လုပ်ကိုင်ကြရမည်ဟု ဒီဇင်ဘာလ ရ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီချုပ်ကိုယ်စားလှယ်များက အမှိုက်ကောက်သိမ်းခြင်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကေ်ာမတီနှင့်ပူးပေါင်းကာဒီဇင်ဘာ ၁၃ ရက်တွင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ကြောင့် ကချင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များအနေနှင့်လည်း ဒီဇင်ဘာလ ၁၂ ရက်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာအတိုင်းဖြင့် အမှိုက်ကောက်သိမ်း သွားကြမည်ဖြစ်သည်ဟု ကိုယ်စားလှယ်များထံမှသိရသည်။

သို့သော် ကိုယ်စားလှယ်များအနေနှင့် ဒီဇင်ဘာလ ၅ ရက်တွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်နေသည့် အတွက် အဆိုပါ အမှိုက်ကောက်သိမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ရန် သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေး အဖွဲ့များက စီစဉ်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကမူ ၄င်းတို့ဖားကန့်မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာ ယာရေးကော်မတီနှင့်ညှိနှိုင်းထားပြီး ဖြစ်ကာ ဒီဇင်ဘာလ ၁၂ ရက်၌တွင် ၄င်းအပါအဝင် ပါတီဝင် များဦးဆောင်ကာ အမှိုက်ကောက် သိမ်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုဆိုသည်။

မြစ်ကြီးနားမြို့ပေါ်အပါအဝင် ဒေသအများအပြားတွင် အမှိုက်ကောက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ကြမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်များက မဖြစ်မနေလုပ်ဆောင်သွားကြ မည်ဖြစ်သည်ဟုလည်းမြစ်ကြီးနားမဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်ခံ ပြည်နယ်လွှတ်တော် အမတ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...