NLD အနိုင်ရရှိမှုက ပြည်နယ်အတွက် အပြောင်းအလဲဖြစ်လာစေရန်မျှော်လင့်ဟုပါတီများဆို

NLD အနိုင်ရရှိမှုက ပြည်နယ်အတွက် အပြောင်းအလဲဖြစ်လာစေရန်မျှော်လင့်ဟုပါတီများဆို
သုတလင်း — ကချင်ပြည်နယ်အတွက် တိုင်းရင်းသားကိုယ်စားလှယ်ပါဝင်နိုင်မှု အင်မတန်နည်းပါးခဲ့သော်လည်း NLD အနိုင်ရရှိမှုက ပြည်နယ် အတွက်အပြောင်းအလဲများဖြစ်လာစေရန် မျှော်လင့်ကြောင်းတိုင်းရင်းသား ပါတီများထံမှသတင်းရရှိသည်။

ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများအနိုင်ရရှိမှုမှာ ယခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အတွက်ဆိုလျှင်လည်း အင်မတန်နည်းပါးခဲ့ပြီးယင်းအခြေအနေက လွှတ်တော်အတွင်း တိုင်းရင်း သားအရေးများတင်သွင်းရာတွင် အားနည်းလာမည့်အပေါ် စိုးရိမ်မှုများ ရှိခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် NLD အတွင်း ကချင်တိုင်းရင်းသားအမတ်များပါဝင်နေသည့်အပြင် တိုင်းရင်းသားအရေး ကိစ္စများအတွက် NLD ပါတီအနေနှင့်လည်းပြောဆိုဆောင်ရွက်မှုများရှိလာမည်ဟုမျှော်လင့်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာ တူးဂျာကပြောသည်။

" NLD က တိုင်းရင်းသားတွေအပေါ် ဘယ်လောက်လက်တွဲပေးသွားမယ်။ ရွေးချယ်ခံရတဲ့ အမတ်တွေကလည်း တိုင်းရင်းသားတွေအရေးကိုကြိုးစားပြီးလုပ်ဆောင်ပေးသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၄င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည့်အစိုးရသစ်အနေနှင့် အပေါင်းလက္ခဏာဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ် သွားမည်ကို မျှော်လင့်နေကြောင်း KIA technical team မှ ပြောရေးဆိုခွင့်ရှိသူဦးဒေါင်ခါးက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ဖြေကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက ဘယ်လို ဦးစားပေးလုပ်ကိုင်သွားမလဲဆိုတာ ကျွန်တေ်ာတို့က စောင့်ကြည့်ရမှာပါ။ နောက်သူ့ဘက်က ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကို ဘယ်လိုဖိတ်ခေါ်မလဲဆိုတာ စောင့်ဆိုင်းနေဆဲပါ။

ကျွန်တော်တို့ဘက်ကတော့ပြောင်းလဲလာမယ့်အခြေအနေကို စောင်ကြည့် နေရတာဖြစ်သလို ပြောင်းလဲလာဖို့ကို မျှော်လင့်နေရတယ်လို့ပဲ ပြောချင်ပါတယ်"ဟု ဦးဒေါင်ခါးက ဆက်ပြောသည်။

ယခင်အစိုးရသက်တမ်း၌ ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည့် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီ ပါတီမှ ဒေါ်ဒွဲဘူကမူ တိုင်းရင်းသားကိုယ်စားပြုပါတီများ ပါဝင်နိုင်မှုလွှတ်တော်အတွင်း မရှိသလောက်နည်းပါးသွားသည်ကမူ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများအရေးအတွက်အင်အားနည်းသွားနိုင်သည့်အနေအထားဖြစ်နိုင်သည်ဟုဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်မည်မျှတိုးတက်ပြောင်းလဲမှုဖြစ်ပေါ်လာနိုင်သည်က လက်ရှိအနေအထားတွင် ပြောဆိုနိုင် ရန် စောနေသေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...