အမှိုက်ကိစ္စကုုိ မိမိတုုိ့ အဖွဲ့အစည်းမှ ဦးဆောင်လုုပ်ပြမည်

အမှိုက်ကိစ္စကုုိ မိမိတုုိ့ အဖွဲ့အစည်းမှ ဦးဆောင်လုုပ်ပြမည်
စံမောင်သန်း — အမှိုက်ကိစ္စကို စည်ပင်သာယာနှင့် ညှိနှိုင်း၍ ရမည့်ချိန်မဟုတ်သေး၍ ကိုယ့်အဖွဲ့အစည်း အနေဖြင့် ရှေ့ဆောင် လုပ်ပြရမည်ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ ၌ အရွေးခံထားရသူ ဦးဝင်းနိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း ဖြစ်နေသူများမှအပ သက်ဆိုင်ရာမြို့နယ်မဲဆန္ဒနယ်များ၌ဦးဆောင်၍ ဒီဇင်ဘာလ ၁၂ နေ့တွင် အမှိုက်ကောက် ရမည်ဟု ညွှန်ကြားထားရာ ယင်းညွှန်ကြားချက်ကို ထောက်ခံကြိုဆိုကြောင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ဒီဇင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ အမှိုက်ကောက်ခိုင်းတယ်ဗျာ။ အဲ့ဒါက မကျန်းမမာဖြစ်လို့ ဆေးခွင့်ကလွဲရင် ကျန်တဲ့ဟာကို ခွင့်မပြုဘူးတဲ့၊ အဲ့ဒီနေ့မှာ အားအောင် လုပ်ပေး ရမှာပေါ့နော။ ပြီးတော့ ဦးဆောင်လုပ်ပေးရမယ်။ ကိုယ်ကိုယ်တိုင် ရှေ့တန်းက ဦးဆောင်ပြီးတော့ အထုပ်တွေ ကိုင်ပြီးတော့ အမှိုက်ကောက်ပေးရမယ်တဲ့၊ အဲ့ဒီလိုပြောပါတယ်။ အားလုံးကလည်း လုပ်ဖို့လည်း အချိန်တန်ကြ ပြီးပေါ့ဗျာ။ ဒါလေးတွေကတော့ စည်ပင်သာယာနဲ့ ကျွန်တော်တို့ ညှိနှိုင်းလို့ရမယ့် ကာလမဟုတ်သေးတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကိုယ့်အဖွဲ့အစည်းနဲ့ပဲ ဒါကိုအသုံးချမှာပေါ့ဗျာ၊ ဒါကိုရှေ့က လုပ်ပြသွားဖို့ပေါ့နော”ဟု ဦးဝင်းနိုင်က ရွေးကောက်ပွဲသတင်းခန်းသုုိ့ ပြောသည်။

သံတွဲမြို့နယ်တွင် CSO များ၊ တက်ကြွလှုပ်ရှားသူလူငယ်များနှင့်ညှိနှိုင်းကာ စျေးပတ်ဝန်းကျင်၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် လိုအပ်သည့်နေရာများတွင် အမှိုက်များကို ကောက်ရန်စီစဉ်ထားသည်ဟု သိရသည်။

နိုင်ငံ၏ အရေးကြီးလုပ်ငန်းများကို ဆုံးဖြတ်ကြမည့် အမတ်များ ရှေ့ကနေ ဦးဆောင်လုပ်ပြမှ အဖွဲ့ဝင်များလည်း လိုက်လုပ်လာမည်၊ ပြည်သူများလည်း စိတ်ဝင်စားမှုရှိလာပြီး၊ ဒေသဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကို နှိုးဆော်သည့် သဘောသက်ရောက်၍ ရွေးကောက်ခံအမတ်များအနေဖြင့် ၀မ်းသာကြိုဆိုမှု ရှိကြသည်ဟု သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် အခြားနေရာဒေသများတွင်လည်း အခြားပါတီများကပါ ၀ိုင်းဝန်းဆောင်ရွက်ပါက ပို၍ ထိရောက်မည်ဟု ဦးဝင်းနိုင်ကပြောသည်။

“ရခိုင်ပြည်နယ်မှာကတော့ ဒါလုပ်ဖို့အတွက်ကို တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စီမံချက်ဆွဲစရာ မလိုတော့ဘူးဗျာ၊ ဒါကိုယ့်အစီအစဉ်နဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ မြို့နယ်တွေမှာပဲ လုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ NLD အနေနဲ့ ပါ၀င်တာကတော့ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်ပဲ ရှိတယ်လေ။ ရခိုင်အမျိုးသား ပါတီကတော့ ဘယ်လိုလုပ်ကြမလဲဆိုတာကိုတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ အားလုံးသိုင်းသိုင်းဝန်းဝန်းနဲ့ လုပ်စေချင်တဲ့ဆန္ဒရှိပါတယ်”ဟု သူကပြောသည်။

သံတွဲမြို့နယ်တွင် အမှိုက်ပုံကြီးမှအနံ့ကို နွေရာသီ၌ တစ်မြို့လုံးမှ ရှူရှိုက်ကြရ၍ တစ်ချို့ဆိုလျှင် လည်ချောင်း ရောင်ခြင်း၊ အာသီးရောင်ခြင်းနှင့် နှလုံးရောဂါရှိသူတစ်ချို့ဆိုလျှင် အမှိုက်ပုံမှ အနံ့ကြောင့် သေသွားသည် များလည်းရှိသည်ဟု သိရသည်။

အဆိုပါအမှိုက်ပုံကြီးသည် ဆေးရုံနှင့်လည်း နီးကပ်ပြီး ဆေးရုံလူနာများအတွက် အခက်ကြံုနေရသောကြောင့် မြို့နှင့်ဝေးသည့်တစ်နေရာတွင် စည်ပင်သာယာက ရွှေ့ပြောင်းပုံထားသင့်သည်ဟု ဦးဝင်းနိုင်ကပြောသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...
December 1, 2015
အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်၌ ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေး၊ ၆ ရက်တွင် ဗဟိုကော်မတီ...