ရခိုင်အမျိုးသားပါတီမှ အဖွဲ့ဝင်များက ပြည်ခိုင်ဖြိုးပါတီကို မဲမထည့်ရန် ခြိမ်းခြောက်သည်ဟု စွပ်စွဲခံထားရသူများ ရဲဘက်မှ အယူခံရရှိ

ရခိုင်အမျိုးသားပါတီမှ အဖွဲ့ဝင်များက ပြည်ခိုင်ဖြိုးပါတီကို မဲမထည့်ရန် ခြိမ်းခြောက်သည်ဟု စွပ်စွဲခံထားရသူများ ရဲဘက်မှ အယူခံရရှိ
စံမောင်သန်း — ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၌ ရခိုင်အမျိုးသားပါတီမှအဖွဲ့ဝင်များက ပြည်ခိုင်ဖြိုးပါတီကို မဲမထည့်ရန် ခြိမ်းခြောက်သည်ဟု စွပ်စွဲခံထားရသူ ၁၂ ဦးကို နိုဝင်ဘာလ ၃၀ ရက်တွင် အယူခံပေး လိုက်သည်ဟု တရားစွဲခံထားရသူ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာမှ ဦးအောင်သန်းဝင်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊ ငါးစင်ရိုင်းချောင်းမှ ၂ ဦးနှင့်် မင်းပြားမြို့ပေါ်မှ နှစ်ဦးတို့ဖြစ်ပြီး စွပ်စွဲခံရသူများအနက် ၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်၏ ဇနီးလည်း ပါဝင်သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂ ရက်က ရဲတပ်ဖွဲ့ဝင်များ အိုင်ဝမ်းကျေးရွာသို့ ရောက်ရှိလာပြီး တရားလိုအိမ်ကို သစ်ပုတ်တောင် နယ်မြေခံရဲကင်းမှုနှင့် ရဲနှစ်ဦးက ဓါတ်ပုံလာရိုက်ပြီး အိမ်နီးချင်းများကို မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ဦးအောင်သန်းဝင်းကပြောသည်။

“ မတရားမဲဆွယ်တယ်။ မတရားအသင်းနဲ့ဆက်သွယ်ပြီး ခြိမ်းခြောက် တယ်ဆိုတဲ့ အမှုတွေနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ပုဒ်မကတော့ ၅၉ (စျ)၊ ၅၉ (ဇ) ဖြစ်ပါတယ်။ မင်းပြားမြို့နယ် ရဲစခန်းမှာ တရားစွဲဆိုတာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ်မှ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဇံက ပြောသည်။

ဦးအောင်သန်းဝင်းကမူ မည်သို့မျှခြိမ်း ခြောက်ပြောဆိုမှု မပြုလုပ်ခဲ့ကြောင်း၊ မဲရုံမှူးက မဲကပ်ပြားများကို ကြံ့ခိုင်ရေးအဖွဲ့ဝင်ကိုပေး လိုက်သောကြောင့် အဆိုပါအိမ်မှ မဲကပ်ပြားကို သွားယူခြင်းသာ ဖြစ်သည်ဟု ပြောသည်။

မင်းပြားမြို့နယ် ရဲအုပ် စိန်ထွန်းဦးမှ တရားစွဲဆိုခြင်းမှာ ဟုတ်မှန်သော်လည်း ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များက တရားစွဲဆိုခြင်း မဟုတ်ဘဲ မဲဆန္ဒရှင်များက တရားလို လုပ်ကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

တရားစွဲဆိုခံထားရသူများကို ရဲဘက်မှ အယူခံပေးလိုက်သော်လည်း တရားရုံးမှ အယူခံမရရှိ သေးကြောင်း သတင်းရရှိသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 1, 2015
အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်၌ ဗဟိုဦးဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေး၊ ၆ ရက်တွင် ဗဟိုကော်မတီ...