ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ပြည်နယ်မှ အနိုင်ရကိုယ်စားလှယ်များ ဒီဇင်ဘာ၌တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ပြည်နယ်မှ အနိုင်ရကိုယ်စားလှယ်များ ဒီဇင်ဘာ၌တွေ့ဆုံမည်
သုတလင်း — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံအထက်မြန်မာ ပြည်ကိုယ်စား လှယ်များမှ လာမည့် ဒီဇင်ဘာ ၅ရက်တွင် ပျဉ်းမနားမြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း ကချင် ပြည်နယ်ကိုယ်စားလှယ်လောင်း များထံမှသတင်းရရှိသည်။

ထိုကဲ့သို့တွေ့ဆုံစဉ် ကချင်ပြည်နယ်ရှိကိုယ်စားလှယ်များက ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများ၊ ဒေသအခြေ အနေများကိုဗဟိုသို့ ပြန်လည်တင်ပြနိုင်ရန် ကိုယ်စားလှယ်များ တိုင်ပင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရွေးကောက်ခံ ကိုယ်စားလှယ်များထံမှ သိရသည်။

ကချင်တစ်ပြည်နယ်လုံး၌ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ၆၀ ကျော်ရှိရာ ကိုယ်စားလှယ်များစုစည်းတွေ့ဆုံ၍ ၄င်းတို့ အနိုင်ရရှိရာမဲဆန္ဒနယ်များ၏ အခြေအနေ များကို ခြံုငုံသုံးသပ်ပြောဆိုနိုင်မည့် အနေအထား၊ အခက်အခဲများကို တင်ပြသွားရန်ရှိကြောင်း ဖားကန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တွင်အနိုင်ရရှိခဲ့သူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက BNI သတင်းဌာနသို့ ဖြေကြားသည်။

"ပါတီဥက္ကဌအနေနဲ့ ကျွန်တော်တို့ မပြောလည်း ဒီငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ကိစ္စကို သိနှင့်ပြီး သားဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေအားလုံးတိုင်ပင်ပြီး ပြည်နယ်နဲ့ပတ်သတ်တဲ့ အနေအထား ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ ဘယ်လိုအရာတွေက အဓိက အခက်အခဲဖြစ်နေ တယ်ဆိုတာကို နိုင်သလောက်တင်ပြသွားနိုင်ဖို့ပါ။ နောက်ပြီးတစ်ချို့တိုင်းရင်းသားလက်နက် ကိုင်တွေကဆွေးနွေးတဲ့အခါ မြန်မာဘာသာစကားနားမလည်တဲ့အခက်အခဲမျိုးတွေရှိပါတယ်။ ဒါကြောင့် အဲဒီနေရာတွေ့မှာကျွန်တော် တို့ ကိုယ်စားလှယ်တွေကဝင်ရောက်ပံ့ပိုးပေးနိုင်ဖို့မျှော်လင့် ပါတယ်" ဟု ဦးဒါရှီလဆိုင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၈ ရက်က အောက်မြန်မာပြည် ရွေးကောက်ခံအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်များကို သင်တန်းများဦးစွာ ပို့ချပေးမည်ဖြစ်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ရခြင်းမှာ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွင် အရေးကြီးဆုံးဖြစ်သောကြောင့် ဖြစ်သည်ဟု တော်ဝင်နှင်းဆီခန်းမ၌ ပြောကြား
ခဲ့သည်။

ပြည်နယ်ရှိ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကမူ အဖွဲ့ချုပ်မှပို့ချမည့်သင်တန်းများ တက်ရောက်လိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် လွှတ်တော်၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သည့် အနေအထား တစ်ခုရှိလာစေချင်ကြောင်း အဖွဲ့ချုပ် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အများစုသို့ မေးမြန်းချက်အရသိရသည်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ စာချုပ်တွေ၊ အချက်အလက်တွေကို ပြန်လေ့လာနေပါပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ဆိုကျေကျေလည်လည်ရှိထားမှဖြစ်မယ့် အနေအထားမို့လို့ပါ။ နောက်ပြီး ကျွန်တော်တို့ပါတီရဲ့ အဓိကကိုကလည်း ငြိမ်းချမ်းရေးရရှိဖို့ကို ရည်ရွယ်ထားတာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေအတွက် အခွင့်အရေးကိစ္စတွေပါဝင်လို့ ဒီအချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အဖွဲ့ကပေးတဲ့သင်တန်းတွေအပြင် ကိုယ်စားလှယ် တွေကိုယ်တိုင်ကလည်း ကျေညက်ထား ဖို့လိုတာပါ" ဟုကချင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၃မှ အနိုင်ရရှိခဲ့သည့် အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးဇယ်ခေါင်က ဆိုသည်။

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စများနှင့် ပတ်သတ်၍ ပြောဆိုနိုင် ခဲ့မှုအားနည်းနေဆဲဖြစ်ပြီး ထိုအတွက်ကြောင့်ကိုယ်စားလှယ်များ ဘက်မှ ပိုမိုအားထုတ်ရမည်ဖြစ်သည်ဟုလည်း ဦးဇယ်ခေါင် ကထောက်ပြသည်။

မဲဆန္ဒနယ်အမှတ် (၄) တနိုင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ရွေးကောက်ခံခဲ့ရသည့် ကိုယ်စားလှယ် ဦးနောင်နဂျာတန်ကမူ တိုင်းရင်းသားကိုယ်စားလှယ်များအနေနှင့် အဖွဲ့ချုပ်၏ ညွှန်ကြားချက်အပေါ် စောင့်ဆိုင်းပြီး လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိတွင်မူ ပါတီဥက္ကဌနှင့်တွေ့ဆုံရခြင်းမရှိသေးသည့် အတွက်မည်သို့ဆက်လက်လုပ်ဆောင်မည်ကို အသေးစိတ် မပြောဆိုနိုင်သေးကြောင်းဖြေကြားခဲ့သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...