ရွေးကောက်ပွဲလွန်ကာလ ရခိုင်ပြည်နယ်တွင် ပြည်နယ်ကော်မရှင်သို့ တိုင်ကြားသည့်အမှု တစ်သာခုရှိ

ရွေးကောက်ပွဲလွန်ကာလ ရခိုင်ပြည်နယ်တွင် ပြည်နယ်ကော်မရှင်သို့ တိုင်ကြားသည့်အမှု တစ်သာခုရှိ
စံမောင်သန်း —  ရွေးကောက်ပွဲလွန်ကာလ ရခုုိင်ပြည်နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မြို့နယ်ကော်မရှင် မှ ပြည်နယ်ကော်မရှင်ထံ သုုိ့ တုုိင်ကြားသည့် အမှု တစ်ခုုသာရှိသေးကြောင်း ရခုုိင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့ရုုံး အရာရှိ ဦးသူရိန်ထွဋ်ထံမှ သတင်းရရှိသည်။

တိုင်ကြားခံရသူမှာ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေဖြစ်သည်ဟု သိရသည်။

“ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲတွေ လိုက်ကောက်တဲ့အခါမှာ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ခွင့်ပြုချက်မရဘဲနဲ့ မဲစာအိပ်တွေမှာ သူ့တံဆိပ်တုံးနဲ့ ရိုက်နှိပ်တာနဲ့ ပတ်သက်ပြီး တိုင်ကြားတာဖြစ်ပါတယ်”ဟု ဦးသူရိန်ထွဋ္ဋ်က ရွေးကောက်ပွဲ သတင်းခန်းသုုိ့  ပြောသည်။

အဆိုပါတံဆိပ်တုံးမှာ ဦးကျော်ရွှေ ပဲခူးတိုင်းပညာရေးမှူးလုပ်ခဲ့စဉ်က အသုံးပြုခဲ့သည့် တံဆိပ်တုံးဖြစ်ကြောင်း၊ ၀န်ထမ်းမဟုတ်ဘဲ ခွင့်ပြုချက်မရဘဲ ဌာနဆိုင်ရာ တံဆိပ်တုံးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်ကော်မရှင်ထံ တိုင်ထားခြင်းဖြစ်ပြီး ပြည်နယ်က ဆုံးဖြတ်ရမည်ဟု ဦးသူရိန်ထွဋ္ဋ်က ပြောသည်။

တရားမဝင် နိုင်ငံတော်တံဆိပ်တုံး အသုံးပြုမှုဖြင့် ရဲစခန်းတွင် တိုင်တန်းဖြေရှင်းရန်လည်း ပြည်နယ်ကော်မရှင်က မြို့နယ်ကော်မရှင်သို့ ညွှန်ကြားထားသည်ဟု သိရသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ အခြားတိုင်တန်းထားမှုများရှိသော်လည်း ကော်မရှင်ရုံးသို့ တိုင်ကြားထားခြင်း မဟုတ်ဘဲ ရဲစခန်းသို့သာ တိုင်တန်းထားခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...