ပြည်သူ့ရဲ့လိုအပ်ချက်ကိုမှုတည်၍ လွှတ်တော်သို့တင်ပြပေးသွားမည်

ပြည်သူ့ရဲ့လိုအပ်ချက်ကိုမှုတည်၍ လွှတ်တော်သို့တင်ပြပေးသွားမည်
စအိုင်စူး — “အန်တီတို့က မျက်စိရှေ့မှ စတွေ့တာကို အရင်စလုပ်ရမှာပေါ့။ မျက်စိရှေ့မှာ ဘာကအခက်အခဲဆုံးဖြစ်နေလဲ။ ဥပမာပြောရမယ်ဆိုရင်ငြိမ်းချမ်းရေးကအဓိကလို့ ကျေးရွာလူထုတွေက ဖြစ်နေရင် သူ့ကိုအရင်စကိုင်ရမှာပေါ့။ ကိုယ့်အရှေ့မှာ ဖြစ်နေတာကို အရင်ဆုံးစကိုင်ရမှာချည်းပဲ။ ရေတိုလည်းရှိသလို ရေရှည်လည်းရှိတာပေါ့”ဟု NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဖားအံမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထွေးမြင့်နှင့်တွေ့ ဆုံမေးမြန်းခဲ့သည်။

မေး။  ။ အန်တီအနေနဲ့ လွှတ်တော်သက်တမ်း(၅)နှစ်အတွက် ဘာတွေပြင်ဆင်ထားပြီးပြီးလဲ။

ဖြေ။  ။ အန်တီက ပြည်နယ်လွှတ်တော်ကပါ။ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်းဘာတွေလုပ်မယ်ဆိုတာ ထက်ဘာတွေဖြစ်နေလဲဆိုတာကို အန်တီတို့အရင်လေ့လာရအုံးမယ်။ အန်တီတို့က လွှတ်တော်ထဲကိုဝင်မှ သူတို့က ဘာတွေလုပ်ထားလဲဆိုတာကို အရင်သုံးသပ်ပြီး ကိုယ်က ဘာတွေဖြည့်ဆည်းပြီးကိုင်တွယ်ရမလဲ ဆိုတာကိုဒါက အရင်စဉ်းစားရမယ်။ ကိုယ်က ကိုယ်လုပ်ချင်တာကိုပဲသွားပြီးတော့ ဟိုကဘာတွေဖြစ်နေလဲ ဆိုတာအန်တီတို့က ဘာမှမသိထားရသေးဘူး။ အဲဒီတော့ သူတို့ဆီက အခြေအနေကို လက်ခံပြီးတော့မှ ဘယ်ဟာကိုဘယ်လိုလုပ်ရမလဲ။ မူသဘောအရတော့ သိထားတဲ့အတိုင်းပဲ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး ဒါတွေက မူသဘောအရရှိထားပြီးသားပဲ။ ဒါပေမဲ့ ရှိထားပြီးသားဆိုပေမဲ့လည်း တကယ့်လက်ရှိအခြေအနေကို လေ့လာရအုံးမယ်။

မေး။  ။ ပထမဦးဆုံးအကြိမ် လွှတ်တော်ထဲကို ဝင်ရောက်ရမဲ့ (၅)နှစ်တာကာလမှာ အန်တီအတွက် စိန်ခေါ်မှု တွေက ဘာတွေဖြစ်မလဲ။

ဖြေ။  ။ လူထုတွေရဲ့နိုင်ငံရေးအမြင်ကတော့ သူတို့တွေက နိုင်တယ်ဆိုကတည်းက သူတို့သိထားတာက နတ်ရေကန်ထဲ ကိုခုန်ချလိုက်သလိုပဲ။ သူတို့လိုချင်တာကို အကုန်ရပြီး ။ သူတို့ကိုဖိနှိပ်ထားတာတွေအကုန်လုံး အောင််မြင်ကုန်ပြီး လွတ်လပ်ကုန်ပြီးလို့ယူဆကြတယ်။ လူထုတွေက သိပ်နားမလည်သေးတော့ ဆိုလိုတာက သိမ်းထားတဲ့မြေတွေကို ချက်ချင်းပြန်လိုချင်တာ၊ထောင်ထဲရောက်နေတာကို ချက်ချင်းပြန်ထွက်ချင်တာမျိုးပေါ့ ။ ဒါကထောင်ထဲကျတဲ့ သူတွေလောက်က အန်တီတို့အတွက်သိပ်ပြဿနာမရှိဘူး။ မြေကိုနှစ်ရှည်လများ သိမ်းထားတဲ့ ပြဿနာတွေ လူထုတွေခံစားချက်တွေကအများကြီးပဲ ။ အဲလိုလူထုတွေရဲ့ ခံစားချက်ကို ဖြေသိမ့်ပေးဖို့က အန်တီတို့အတွက် သိပ်ကိုပြဿနာကြီးနေတယ်။ ဆိုလိုတာက စိန်ခေါ်ချက်ကြီးတယ်။ အန်တီတို့က လူထုတွေ နိုင်ငံရေး ရေချိန်မမှီ တာကိုပဲစိတ်ပူတယ်။

မေး။  ။ လွှတ်တော်သက်တမ်း (၅)နှစ်တာကာလမှာ ကိုယ့်ပြည်နယ်က ကိုယ့်ပြည်သူတွေအတွက် ဘာတွေကို အဓိကလုပ်ဆောင်ပေးသွားမှာလဲ။ တကယ်ရောကိုယ့်ပြည်နယ်ရဲ့ပြည်သူတွေလိုအပ်တာက ဘာတွေဖြစ်မလဲ။

ဖြေ။  ။ အန်တီတို့ဖြစ်စေချင်တာက ပြည်တွင်းငြိမ်းချမ်းရေးတို့လိုမျိုး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒါကတော့ အန်တီတို့ မူကြီးတွေပေါ့။ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ လုပ်ပေးစရာတွေကတော့အများကြီးပေါ့။ တစ်ခုပြီးမှ တစ်ခုလုပ်သွားရင် (၅)နှစ်တာကုန်သွားမယ် ဘာမှပြီးသွားမှမဟုတ်ဘူး။ အန်တီတို့က မျက်စိရှေ့မှ စတွေ့တာကို အရင်စလုပ်ရမှာပေါ့။ မျက်စိရှေ့မှာ ဘာကအခက်အခဲဆုံးဖြစ်နေလဲ။ ဥပမာပြောရမယ်ဆိုရင်ငြိမ်း ချမ်းရေးကအဓိကလို့ ကျေးရွာလူထုတွေက ဖြစ်နေရင် သူ့ကိုအရင်စကိုင်ရမှာပေါ့။ ကိုယ့်အရှေ့မှာ ဖြစ်နေတာကို အရင်ဆုံးစကိုင်ရမှာချည်းပဲ။ ရေတိုလည်းရှိသလို ရေရှည်လည်းရှိတာပေါ့။

မေး။  ။ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးအနေနဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် ဘာတွေကို လုပ်ဆောင် ပေးသွားမှာလဲ။

ဖြေ။  ။ အမျိုးသမီးတွေအနေနဲ့ အရင်တုန်းက အန်တီတို့ အမျိုးသမီးတွေ အများအားဖြင့် နားလည်ထားတဲ့ အခြေအနေမျိုးမဟုတ်တော့ဘူး။ အဲ့တော့ နိုင်ငံရေးအတွေးတွေရှိလာအောင် တိုးတက်လာအောင် ဘာဖြစ်လဲဆိုတော့ အမျိုးသမီးတွေက အရေးကြီးတယ်။ အိမ်မှာမိသားစုမှာ ကလေးသုံးယောက်ရှိရင် အဲ့ကလေးသုံးယောက်လုံးက အမေနဲ့အထိတွေ့မှုအများဆုံးဖြစ်တယ်။ အမေမှာအရည်အချင်းပြည့်မှ ဒီကလေးတွေမှာ တိုးတက်လာမယ်။ မိသားစုမှာ အမျိုးသမီးတွေတိုးတက်လာအောင် အရည်အချင်း ပြည့်လာအောင် အန်တီတို့အနေနဲ့အများကြီးကြိုးစားပေးဖို့ အန်တီတို့မှာ အစီအစဉ်တွေရှိပါတယ်။

 မေး။  ။ ကရင်ပြည်နယ်ထဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၃၃)ဦးဝင်ပြိုင်တဲ့နေရာမှာ ရ ဦးပဲအနိုင်ရရှိလာတော့ အမျိုးသမီးတွေအခွင့်အရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲ။

ဖြေ။  ။ အန်တီတို့ ပါတီမှာက အမျိုးသမီး ၆ဦးဝင်ပြိုင်တာ ၆ဦးလုံးအနိုင်ရရှိတယ်။ ရာနှုန်းပြည့်ပဲနိုင်တယ်။ တခါတလေ လူတွေက ပွဲလန့်တုန်းဖျာခင်းတယ်။ အပြောင်းအလဲလေးတစ်ခုမှာဖြစ်မလားဆိုပြီးတော့ကိုယ်ရဲ့ ပြည့်စုံမှုမရှိပဲ ဝင်ပြိုင်တာ ဒါတွေက အန်တီတို့လက်မခံဘူး။ အန်တီတို့ပြောတာ ကိုတာတွေတို့ဘာတွေတို့ အန်တီတို့မကြိုက်ဘူး။ အရည်အချင်းရှိတဲ့သူပဲ။ အခုလည်းအန်တီတို့က အရည်အချင်းရှိတဲ့သူပဲနိုင်သွားတာ အမျိုးသမီးတွေမှာ။ အရည်အချင်းမရှိတဲ့သူတွေက ဘယ်နှစ်ယောက်ပဲပြိုင်ပြိုင်ရှုံးမှာပဲ။

မေး။  ။ ကရင်ပြည်နယ်ထဲက နယ်ခံတိုင်းရင်းသားတွေအရေးနိမ့်မှုအပေါ်မှာရောဘယ်လိုမြင်မိလဲ။ သူတို့ရဲ့အရေး နိမ့်မှုအတွက် ပြည်နယ်မှာဘယ်လောက်အကျိုးသက်ရောက်မှုတွေရှိလာနိုင်သလဲ။

ဖြေ။  ။ အန်တီပြောချင်တာက ဥပမာ ရှမ်းတို့ဘာတို့ဆိုရင် သူတို့က ဒီမိုကရေစီကို ခိုင်ခိုင်မာမာလုပ်လာတဲ့ SNLD တို့ဘာတို့ရှိတယ်။ လူထုကအားပေးတယ်။ သူတို့ဒေသကရှိတဲ့ ရှမ်းတွေအတွက် အကျိုးကောင်း တယ်လေး။ အန်တီတို့ဆီမှာ ဒီလိုခို်င်ခိုင်မာမာရှိရင် လူထုတွေက အားပေးမှာပဲ။ အန်တီတို့ကရင်တွေထဲမှာ ဒီလိုခိုင်ခိုင်မာမာမရှိခဲ့ဘူး။ ဒါပေမဲ့ အန်တီတို့စိတ်မပူပါဘူး။ အန်တီတို့NLDထဲမှာရှိတဲ့  တိုင်းရင်းသားတွေက ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့သူတွေချည်းပဲ။ အန်တီတို့က ဘယ်တော့မှ တိုင်းရင်းသားအရေးကို သစ္စာဖောက်မဲ့ သူတွေမဟုတ်ဘူး။ တိုင်းရင်းသားအရေးအတွက်အမြဲကြိုးစားဆောင်ရွက်မဲ့သူတွေဖြစ်တယ်။

မေး။  ။ ဒီ၂၀၁၅အထွေထွေရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုဘယ်လောက်အတိုင်းအတာအထိ ရှိခဲ့တယ်လို့မြင်မိလဲ။

ဖြေ။  ။ ဒီရွေးကောက်ပွဲမှာအရမ်းကို မျှတအောင် အန်တီတို့ အရမ်းကိုကြိုစားခဲ့ရတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းပြီးလိုက်ပြောရတာတွေ မဲစာရင်းမှာနာမည်မပါတာတွေ ကျန်ခဲ့တဲ့သူတွေ မဲစားရင်းမှာနာမည်ပါ ရအောင် တော်တော်လေးကိုကြိုစားပြီး မမျှတအောင်လုပ်ထားတာကို မျှတအောင် အတင်းဆွဲပြီး ကြိုးစားယူရ တယ်။ ဘယ်လိုပဲပြောပြော ကျောင်းဆရာမလေးတွေကိိုကျေးဇူတင်ရမှာပဲ။ အပေါ်ကဘယ်လောက်ပဲမမျှတ အောင်လုပ်ထား လုပ်ထားအောက်ခြေကဝန်ထမ်းဆရာမတွေကမျှတအောင်ကြိုးစားပေးခဲ့တာကိုတော့ကျေးဇူ တင်ပါတယ်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...