ရှမ်းပြည်နယ်အတွင်း ကချင်တိုင်းရင်းသားလူမျိုးလွှတ်တော်မဲပုံုးအတွက် မဲဆန္ဒရှင််တစ်သောင်း ကျော်မဲမပေးခဲ့ရ

ရှမ်းပြည်နယ်အတွင်း ကချင်တိုင်းရင်းသားလူမျိုးလွှတ်တော်မဲပုံုးအတွက် မဲဆန္ဒရှင််တစ်သောင်း ကျော်မဲမပေးခဲ့ရ
မြဝန်းရံ — ရှမ်းပြည်နယ်အတွင်း နေထိုင်သူကချင်တိုင်းရင်းသားခြောက်သောင်းကျော်ရှိသည့်အနက် မဲဆန္ဒရှင်စာရင်းပါရှိသူ လေးသောင်း ကျော်သာရှိပြီး ကချင်တိုင်းရင်းသားလူမျိုးလွှတ်တော်မဲပုံးအတွက် မဲဆန္ဒရှင် တစ်သောင်းကျော် မဲပေးခွင့်မရရှိခဲ့ကြောင်း ကချင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိသူ ဦးဒူးဝါးဇူ့ဒေါင်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

" ကျွန်တော်တို့ကချင်က လွှတ်တော်၃ခုအတွက် မဲထည့်လို့ရတယ်။ ကချင်တိုင်းရင်းသားအတွက် မဲ ထည့်ဖို့မရဘူး။ စာရင်းပေါက် တာကလေးသောင်းကျော်မှာ ၂သောင်းကျော်ပဲ ထည့်လို့ရခဲ့တယ်" ဟု ဦးဇူဒေါင်ကပြောသည်။

ဦးဇူဒေါင်သည် ရှမ်းပြည်နယ်အတွင်းရှိ ကချင်ဇုံ ၁၈ ဇုံအတွက် ကချင်တိုင်းရင်းသားလူကြီးမိဘ ၁၀၀ကျော်၏ ဆုံးဖြတ်ချက်ဖြင့် ကချင်လူမျိုးကိုယ်စားပြုပြီးတစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဦးဇူဒေါင်က" ရှမ်းပြည်နယ်မှာ ကချင်ပါတီရယ်လို့သီးသန့်မရှိဘူး။ ကိုယ့်လူမျိုးရဲ့ကံကြမ္မာကို ဖန်တီးရတော့မယ်ဆိုတော့ တစ်ခြားပါတီကရွေးတဲ့သူကို ဝိုင်းထည့်မယ်ဆိုရင်သဘာဝသိပ်မကျဘူး။ တစ်သီးပုဂ္ဂလဆိုပေမဲ့ ကျွန်တော်တစ်ယောက် တည်းမဟုတ်ဘူး။ အားလုံးဝန်းရံပြီးမှလုပ်တဲ့အတွက် ခုလိုအောင်မြင်မှုရရှိတာဖြစ်ပါတယ်" ဟု တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကချင်တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့်ယှဉ်ပြိုင်ခဲ့ကြောင်းရှင်းပြသည်။

ရှမ်းပြည်နယ််တွင်ကချင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းနေရာအတွက် နိုင်ငံရေးပါတီ၄ခုနှင့်တစ်သီးပုဂ္ဂလ နှစ်ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဦးဇူဒေါင်က မဲအရေအတွက်၁၅၄၇၈မဲဖြင့် ခိုင်လုံမဲ ၄၆.၃%ရရှိကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဦးဇူဒေါင်အနေဖြင့် ရွေးကောက်ပွဲသည် ကချင်တိုင်းရင်းသားများအတွက်ဆိုပါက ပွင့်လင်းမြင်သာမှုရှိသည်ဟုပြောလိုကြောင်း၊ မဲဆန္ဒရှင်လက်မှတ် အပြည့်မပါသည့်ကိစ္စသာပြောစရာရှိသည်ဟုဆိုသည်။

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိဦးသန်းလွင်မြင့်က မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းစိစစ်စဉ်က တိုင်းရင်းသားဆန္ဒ မဲအတွက် ပုံစံ ၁ ကိုပါကြည့်ရန်လိုအပ်ကြောင်း၊ ပုံစံ ၁ တွင်ပါမပါမကြည့်ခဲ့သဖြင့် ထိုကဲ့သို့တိုင်းရင်းသားဆန္ဒမဲ့ကျန်ရှိခဲ့သည့် လိုအပ်ချက်များဖြစ်ခဲ့ရသည်ဟု ဖြေကြားခဲ့သည်။

“ နိုင်ငံတကာမှာလည်း ရွေးကောက်ပွဲတွေ့က ပြီးပြည့်စုံတယ်တယ်လို့မဟုတ်ပါဘူး။ ကျွန်တော်တို့ကအတွေ့အကြုံနည်းသေး လို့ဖြစ်တာပါ။ တိုင်းရင်းသားမဲမပါတဲ့သူတွေ့ကို ပုံစံ ၁ကိုကြည့်လားလို့ပဲမေးရမယ်”ဟု ၎င်းကပြောသည်။

ကချင်တိုင်းရင်းသားများနည်းတူ တစ်ခြားတိုင်းရင်းသားများတွင်လည်း တိုင်းရင်းသားဆန္ဒမဲလက်မှတ်    မပါသည့်ကိစ္စများဖြစ်ပေါ် ခဲ့သည်ဟုသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...