အနုုိင်ရ အမျိူးသမီးကုုိယ်စားလှယ်တွေကုုိ ယုုံကြည်၊ အမျိူးသမီးရေး အမှန်လုုပ်ဆောင်နုုိင်မည်

အနုုိင်ရ အမျိူးသမီးကုုိယ်စားလှယ်တွေကုုိ ယုုံကြည်၊ အမျိူးသမီးရေး အမှန်လုုပ်ဆောင်နုုိင်မည်
စအိုင်စူး — “အဓိကအားဖြင့်ကျွန်မတို့ဒေသမှာ အမျိုးသမီးတွေခံစားနေရတဲ့ပြည်တွင်း အကြမ်းဖက်မှုက အစအမျိုးသမီးနဲ့ ကျန်မာရေး အဓိကအားဖြင့်ကျမတို့ သွားခဲ့တဲ့ဒေသတွေမှာဆိုရင် ကျန်းမာရေးအရမ်းကိုချို့တဲ့နေတယ်။ နောက်ပြီး အမျိုးသမီးနဲ့တစ်နိုင်တစ်ပိုင်စီး ပွားရေးကနေတဆင့်တဆင့်တိုးပြီးတော့ အမျိုးသမီးနဲ့နိုင်ငံရေး၊ အမျိုးသမီးနဲ့ပညာရေးအထိကို အနိုင်ရလာတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေကနေ ဒါတွေ ကိုဖြေရှင်းပေးသွားမယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။”ဟု ကရင်ပြည်နယ်အတွင်း၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာခဲ့သည့် ကရင်အမျိုးသမီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့KWEG အမျိုးသမီး ကာကွယ်ရေးနှင့်လူထုစွမ်းရည်မြင့်တင်ရေး စီမံချက်တာဝန်ခံ နော်အဲလစ်ဇဘက်နှင့်BNI ရွေးကောက်ပွဲ သတင်းခန်း သတင်းထောက် စအိုင်စူး တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားခဲ့သည်။

မေး။  ။ KWEG အနေဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖြစ်ရပုံကိုရှင်းပြပေးပါ။
ဖြေ။  ။ ကျွန်မတို့ KWEG အနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကို ဘာကြောင့်လုပ်ရလဲဆိုလိုရှိရင် ကျွန်မတို့က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ကျွန်မတို့ နိုင်ငံရဲ့အကူးအပြောင်းကာလတစ်ခုမှာ ကျွန်မတို့အနေနဲ့ စစ်မှန်တဲ့ အကူးအပြောင်းဖြစ်ဖို့အတွက် ဒီရွေးကောက်ပွဲကအခြေခံပါတယ်။ ဒါကြောင့်မို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ်ဆိုတာတွေကို ကျွန်မတို့အနေနဲ့ ဘက်လိုက်မှုကင်းစွာနဲ့ ဒီရွေးကောက်ပွဲကို အကောင် အထည်ဖော်တဲ့နေရာမှာကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

မေး။  ။ ရွေးကောက်ပွဲမှာ ဘာတွေကို အဓိကထားစောင့်ကြည့်လဲ။ ဒီအပေါ်မှာ ဘယ်လိုပြင်ဆင်ခဲ့ရသလဲ။

ဖြေ။  ။ ရွေးကောက်ပွဲကာလမှာ ကျွန်မတို့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ရန်ကုန်မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစည်းအဝေးလုပ်တိုင်းလုပ်တိုင်း ကျွန်မတို့တက်ရောက် ခဲ့ရပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ပထမဦးဆုံအနေနဲ့ နေရာသုံးနေရာ အဓိကအားဖြင့်ချင်းပြည်နယ်၊ရန်ကုန် တိုင်းက အလုံ၊ ကချင်ပြည်နယ် မြစ်ကြီးနာမှာစတင်ပြီးတော့ လုပ်တယ် ပြင်ဆင်မှုပေါ့နော်။

နောက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ပြီး ဘယ်သူက စောင့်ကြည့်လေ့လာမလဲ ဘယ်သူက ဖြင့်တော့ ပညာပေးရေးလုပ်မလဲဆိုတာမျိုးတာဝန်တွေခွဲကြတယ်။ တစ်ချို့အဖွဲ့တွေက စောင့်ကြည့်လေ့လာမယ် တစ်ချို့ကြတော့ ပညာပေးရေးလုပ်မယ် တစ်ချို့ကျတော့ နှစ်ခုစလုံးလုပ်တယ်။

ကျွန်မတို့အနေနဲ့ အရင်ဦးဆုံး Voter List မဲစာရင်းကြေညာမှုပညာပေးလုပ်တယ်။ အဓိကအားဖြင့် မဲဆန္ဒရှင်တွေ မဲစာရင်းကပ်တဲ့နေရာမှာ  ပုံစံ(၃) ပုံစံ(၄) ပုံစံ(၄)(ဂ) စသည်ဖြင့်ပေါ့ အသိပညာတွေပေးတယ်။ နောက်တစ်ခုက မဲဆန္ဒရှင်ပညာပေး မဲထည့်ပုံ ထည့်နည်းနဲ့ ပယ်မဲခိုင်လုံမဲ စသည်ဖြင့်ပညာပေးတယ်။ အဲ့ဒီကနေတဆင့် ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်ဖို့ UEC ကနေဖိတ်ခေါ်တယ်။

ကျွန်မတို့အနေနဲ့ စောင့်ကြည့်ဖို့အတွက်ကျတော့ စောင့်ကြည့်မဲ့ ပုံစံကို ကျွန်မတို့ရဲ့ KWEG ရဲ့စည်းမျဉ်း စည်းကမ်းနဲ့ အညီပေါ့ ကျွန်မတို့မှာလဲ ကျင့်ဝတ်ရှိတာပဲဆိုတော့ စောင့်ကြည့်ရမဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ စောင့်ကြည့်မဲ့ သူတွေကိုခေါ်တယ်။ ရွေးချယ်တယ်။ စောင့်ကြည့်ခွင့်အတွက် မှတ်ပုံတင်တွေ လုပ်တယ်။ နောက်ပြီးမှ တရားဝင်စာရင်း ရတဲ့အခါကျမှ ကျွန်မတို့က Election Watch ကို သင်တန်းတွေပြန်ပေးတယ်။ သင်တန်းရတဲ့သူတွေကို ကျွန်မတို့က ပြည်နယ်မှာ စောင့်ကြည့်မဲ့သူအဖြစ်နဲ့ တရားဝင်ခန့်လာတဲ့ အထိလုပ်ပေး တယ်။

စောင့်ကြည့်တဲ့အပိုင်း မှာကြလည်း အများကြီးတော့ မကြည့်နိုင်ဘူး။ စောင့်ကြည့်မဲ့သူတွေရဲ့ အချိန်ကိုလည်း ကြည့်ရတယ်။ နောက်ပြီး စောင့်ကြည့်မှုအပိုင်းမှာကျလည်း အတွေ့အကြုံကလည်း နည်းသေးတယ်ဆိုတော့ မဲရုံရဲ့အခင်း အကျင်း၊ကြိုတင်မဲ ကိစ္စ မဲရုံဖွင့်ချိန်ပိတ်ချိန် မှန်မမှန်ပေါ့အဲ့ဒါတွေ နောက်ပြီးတော့ မဲရုံအဝင်အထွက် မဲဆန္ဒရှင်တွေ မဲလာထည့် တဲ့အခါ အဟန့်အတားတွေ ခြိမ်းခြောက်မှုတွေရှိ မရှိနဲ့ နောက်ဆုံးမဲရေတွက်ပုံတွေ ကိုစောင့်ကြည့်တယ်။

မေး။  ။ ရွေးကောက်ပွဲဖြစ်စဉ်တစ်လျှောက်လုံးစောင့်ကြည့်ခဲ့တဲ့နေရာမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုအခက် အခဲကဘာ တွေဖြစ်မလဲ။

ဖြေ။  ။ စိန်ခေါ်မှုအခက်အခဲတွေက ကျွန်မတို့ မဲစားရင်ကြေညာမှုနဲ့ မဲဆန္ဒရှင်ပညာပေးမှုတွေကိုလိုက်ပြီး ပညာပေးတဲ့အခါမှာ တစ်ချို့လူတွေကမသိကြဘူး။ ဆိုလိုတာက လူတွေက စိတ်မဝင်စားကြတော့ တစ်ချို့ နေရာမှာဆိုရင် မဲစားရင်းကို မကပ်ကြဘူး။ အဲ့ဒါကြောင့်မဲဆန္ဒရှင်တွေကသွားမကြည့်ကြဘူး။ ကြည့်ရမယ် ဆိုတာကိုလည်း ကိုယ်ကိုတိုင်က စိတ်မဝင်စားကြတော့ ကြည့်ရမှန်းလည်းမသိကြဘူး။ဒါတွေက အရေးကြီးတာကိုလည်း မသိကြဘူး။

ပြောချင်တာကလူတွေ ဒါတွေကို စိတ်မဝင်စားတာမသိကြတာ ကိုကကျွန်မတို့အတွက် စိန်ခေါ်မှုဖြစ်စေတယ်။ နောက်တစ်ခု ကကြတော့ အလုပ်လုပ်ရတဲ့ အချိန်ကာလက တစ်အားကို တိုတောင်းတယ်။ ဖြစ်နိုင်ရင် ကျွန်မတို့က ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်ချင်ပါတယ်။ အချိန်ကာလကြောင့်ပေါ့နော် မလုပ်နိုင်ခဲ့ဘူး။

နောက်ပြီး တစ်ခုက အသိပညာပေးနိုင်မဲ့သူက အရမ်းကိုနည်းပါးတယ်။ ဒါတွေကလည်း ကျမတို့အတွက် အခက်အခဲ ဖြစ်စေတယ်။ နောက်တစ်ခုက ကျွန်မတို့က တရားဝင်စောင့်ကြည့်ဖို့ကဒ်တွေရလာပြီး ။ ဒါပေမဲ့ နယ်တွေကို ဆင်းတဲ့အခါကျတော့ မြို့နယ်တွေ ရပ်ကျေးနယ်တွေက အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေက (Power) အာဏာပြချင်ကြတယ်။ တစ်နည်း အားဖြင့်ဖိအားတွေပေးချင်ကြတယ်။

ဒါပေမဲ့ ဒါတွေကို ကျွန်မတို့ ပြည်နယ်ကနေပြီးတော့ ဒီလိုတွေ လုပ်ထားတယ်၊ ပြောဆိုထားပါတယ် ဆိုပြီး ပြောတော့မှ ငြိမ်းသွားတာမျိုးလည်း ကြုံတွေ့ခဲ့ရတယ်။

မေး။  ။ ရွေးကောက်ပွဲဖြစ်စဉ်တစ်လျှောက်လုံးစောင့်ကြည့်တဲ့အခါ လွတ်လပ်ပြီး တရားမျှတမှု ဘယ်လောက် တွေ့ခဲ့ရလဲ။

ဖြေ။  ။ လွတ်လပ်ပြီး တရားမျှတမှုကိုပြောရမယ်ဆိုရင် ရာနှုန်းအားဖြင့် တစ်ဝက်သာသာ လောက်ပဲရှိမယ်။ ပြောချင်တာ က ၁၈နှစ်ပြည့်တဲ့နိုင်ငံသားတိုင်းမဲပေးခွင့်ရှိတယ်လေး။ ဒါပေမဲ ၁၈နှစ်ပြည့်ပြီး မဲပေးခွင့်မရှိခဲ့သူတွေ  မဲစားရင်းမှားယွင်းမှုတွေမှာတွေ့နေ ရတာပဲ။ နောက်ပြီး မဲရေတွက်တဲ့အခါမှာ နည်းနည်းပါးပါး ဘက်လိုက်မှု လေးတွေကိုတွေ့မြင်ခဲ့ရတယ်။

နောက်တစ်ခုက မဲပေးတဲ့နေမှာ တိုင်းရင်းသားရေးရာအတွက်မဲပေးရမဲ့သူတွေကို လွှတ်တော်သုံးနေရာလောက် ပဲမဲပေးပြီး အတင်းပြန်ခိုင်းတာတို့ အဲဒီ တိုင်းရင်းသားရေးရာမဲကိုပေးဖို့ အတင်းကို ပြောဆိုခဲ့ရတာ နောက်ပြီး မသိနားမလည်ပဲ တိုင်းရင်းသားရေးရာမဲတွေထည့်ခဲ့ရတာတို့ပေါ့ ကျွန်မတို့ စောင့်ကြည့်တဲ့ နေရာတွေမှာ တော်တော် များများကို တွေ့ခဲ့ရ တယ်။ နောက်ပြီး ကြိုတင်မဲတွေမှာ ဆိုရင်ပိုဆိုးတာပေါ့ လုံးဝကို fair မဖြစ်ဘူးပေါ့။

မေး။  ။ ရွေးကောက်ပွဲဖြစ်စဉ်တစ်လျှောက်လုံးစောင့်ကြည့်ခဲ့တဲ့နေရာမှာ  တွေမြင်ခဲ့ရတဲ့ အခြေအနေနဲ့ လက်ရှိ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ ရလဒ်မှာမျှော်မှန်းထားတာနဲ့ ကိုက်ညီမှုရှိမရှိပြောပြပေးပါ။

ဖြေ။  ။ မျှော်လင့်ထားတာကတော့  ကျွန်မတို့က ဘက်လိုက်မှုမရှိရဘူးပေါ့နော်။ သို့သော် ကျွန်မတို့ မဲပညာပေးတဲ့ ရွာတွေမှာကျတော့ အားသာချက်တွေရှိတာပေါ့နော်။ ဆိုလိုတာက မဲပညာပေးတဲ့နေရာမှာ မဲတပြားရဲ့ တန်ဖိုးက ဘယ်လိုလဲ ဘာကြောင့်မဲပေးရတာလဲ ကိုယ်စားလှယ်လောင်းတစ်ယောက် ဘာကြောင့် လုပ်ရတာလည်းတစ်နည်းအားဖြင့် အုပ်ချုပ်မှုယန္တရားကို ကျွန်မတို့က နည်းနည်း လေးပြောပြ တာပေါ့နော်။ အဲ့လို ကျွန်မတို့ မဲပညာ ပေးမှုကိုရလိုက်တဲ့ဒေသတွေမှာကျတော့ ကျွန်မတို့ မျှော်မှန်းသလို ရလဒ်တွေထွက်ပေါ် လာတာပေါ့နော်။ ယေဘုယျအားဖြင့် ကျွန်မတို့မျှော်မှန်းထားတဲ့ ရလဒ်နဲ့ အခုလက်ရှိထွက်ပေါ်လာတဲ့ ရလဒ် အတိုင်းထွက်ပေါ်လာခဲ့တယ်။ ဆိုလိုတာက ပယ်မဲတွေသိပ်မရှိခဲ့ဘူးပေါ့လေး။

မေး။  ။ ကရင်ပြည်နယ်မှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နေရာမှ အခု ရဦးပဲအနိုင်ရရှိခဲ့တယ်ဆိုတော့ အမျိုးသမီးအခွင့်အရေးတွေအတွက် ဘယ်လောက် အကျိုး သက်ရောက် စေသလဲ။

ဖြေ။  ။ ကျွန်မအမြင်မှာတော့ အနိုင်ရလာတဲ့နေရာရလာတဲ့အမျိုးသမီးကိုယ်စားလှယ်တွေကို ကျွန်မအနေနဲ့ယုံကြည်တယ်။

ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ကျွန်မတို့ တွေ့ဖြစ်ပါတယ်။ တွေ့ခဲ့တဲ့နေရာမှာ ကျွန်မတို့ဖြစ်ချင်တဲ့ ဆန္ဒတွေ လိုချင်တဲ့နေရာတွေ လိုချင်တဲ့ အချက်တွေကို  ကျွန်မတို့ပြောပြတယ်။

သူတို့အနေနဲ့လည်း တကယ်လို့ သူတို့အနိုင်ရရှိခဲ့ရင် သူတို့အနေနဲ့ လုပ်ပေးပါမယ်ဆိုပြီး ကတိကဝတ်တွေ ပေးခဲ့တာမျိုးရှိတယ်။ ထို့အတူပဲ လက်မှတ်နဲ့တောင် ထိုးပေးပြီးအာမခံခဲ့တာမျိုးရှိခဲ့တယ်။ ပြောချင်တာက အခုအနိုင်ရသွားတဲ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အမှန်တကယ်ပဲ အမျိုးသမီးတွေ အတွက် အလုပ်လုပ်ပေးမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်။ အဓိကအားဖြင့်ကျွန်မတို့ဒေသမှာ အမျိုးသမီးတွေ ခံစားနေရတဲ့ပြည်တွင်း အကြမ်းဖက်မှုက အစအမျိုးသမီးနဲ့ ကျန်မားရေး အဓိကအားဖြင့်ကျမတို့ သွားခဲ့တဲ့ဒေသတွေမှာဆိုရင် ကျန်းမာရေးအရမ်းကိုချို့တဲ့နေတယ်။

နောက်ပြီး အမျိုးသမီးနဲ့တစ်နိုင်တစ်ပိုင်စီးပွားရေးကနေတဆင့်တဆင့် တိုးပြီးတော့ အမျိုးသမီးနဲ့ နိုင်ငံရေး၊ အမျိုးသမီးနဲ့ပညာရေး အထိကို အနိုင်ရလာတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေကနေ ဒါတွေကို ဖြေရှင်းပေးသွားမယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။

 ဘာကြောင့်လဲဆိုတော့ အဆင့်တိုင်းမှာ အမျိုးသမီးတွေအနိုင်ရတာကိုတွေ့ရတယ်။ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အဆင့်ဆင့်အနိုင်ရသွားတာကိုတွေ့ရတယ်။ ဒါကြောင့်မို့ အဆင့်အဆင့်တိုင်းမှားအမျိုးသမီးတွေအရေးတွေကို ဖော်ဆောင်သွားမယ်လို့တော့ ကျွန်မအနေနဲ့ ယုံကြည် ပါတယ်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...