ပညာရေးပုုိင်းကုုိ အရင်ဆုုံး လုုပ်ပေးချင်ပါတယ်ဆုုိတဲ့ ပြည်သူ့လွှတ်တော်ကုုိယ်စားလှယ်

ပညာရေးပုုိင်းကုုိ အရင်ဆုုံး လုုပ်ပေးချင်ပါတယ်ဆုုိတဲ့ ပြည်သူ့လွှတ်တော်ကုုိယ်စားလှယ်
၂ဝ၁၅ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှာ တအာင်းအမျိုးသားပါတီ ကနေပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်နန်းမိုးကို ရွေးကောက်ပွဲသတင်းခန်းက  ဆက်သွယ် မေးမြန်း ထားပါတယ်။

Daw Nan Moeမေး။    ။ မန်တုံမြို့မှာ တအာင်းပါတီအနေနဲ့ အနိုင်ရရှိအောင် ဘယ်လိုပုံစံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။    ။ ဘယ်လိုကြိုးစားခဲ့လဲဆိုတော့ အများကြီးပေါ့။ ဘာဖြစ်လဲဆိုတော့ နံပါတ် ၁အချက် ဒေသအခြေအနေ လမ်း ပန်းဆက်သွယ်ရေးဆိုတဲ့နေရာမှာ ဒေသကလမ်းခရီးအရမ်းကြမ်းတမ်းတယ်။ နောက်ပြီးတော့ မိုးတွင်းလဲ ဖြစ်နေတဲ့ အခါကျတော့ လမ်းပန်းဆက်သွယ်ရေးအရမ်းခက်ခဲတာပေါ့နော်။ ခက်ခဲသော်လည်းပဲ ကျေးရွာပိုင်းတွေကို ရအောင် သွားတယ်။

နံပါတ် ၂အချက်ကတော့ ပြည်သူလူထုတွေက ရွေးကောက်ပွဲဆိုတာ တစ်ခါမှမကြံုခဲ့ရတဲ့အတွက်ကြောင့် ရွေးကောက်ပွဲဆိုတာ ဘာကြောင့်လုပ်သလဲ၊ ရွေးကောက်ပွဲက ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံအတွက် ဘယ် လောက်ထိ အရေးကြီးလဲဆိုတဲ့အကြောင်း သူတို့ကိုအသေးစိတ်ရှင်းပြရတယ်။ နောက်မဲပေးပုံပေးနည်း ရှင်းပြရတာ အရမ်းလည်းပင်ပန်းတယ်။ အတွေ့အကြံုရှိတဲ့လူနဲ့ အတွေ့အကြံုမရှိသေးတဲ့လူတွေကို ရှင်းပြရတာအရမ်းကွာပါတယ်။ အတွေ့ကြံုရှိတဲ့လူတွေကိုတော့ရှင်းပြရတာ လွယ်ကူတယ်။ ဒါပေမယ့် အရမ်းသနားစရာကောင်းတဲ့ မန်တုံဒေသခံ လူထုတွေက တွေ့အကြံုမရှိခဲ့ဘူး။ ပညာလည်းမတတ်တဲ့အခါကျတော့ သူတို့ကိုအသေးစိတ် ရှင်းပြရတယ်။

မေး။    ။ တောင်ပေါ်ဒေသ ကျေးလက်ပြည်သူလူထုတွေကို သွားရောက်စည်းရုံးတဲ့အခါမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ကြံုတွေ့ရပါသလဲ။

ဖြေ။    ။ ဘာသာစကားပေါ့။ အစ်မက တအာင်း(ရူမာည်း)စကားပဲ ကျွမ်းကျင်တဲ့အခါကျတော့ အစ်မအတွက် အခက် ခဲရှိတယ်။ ဒီဘက် ဆိုင်းလိန်တို့ တောနေတို့ အားလုံး တအာင်း(ရူမာည်း)စကားပဲပြောကြတော့ အစ်မက အဲဒီဘက်မှာ အများဆုံးသွားစည်ရုံးဖြစ်တယ်။ ရွာပေါင်း ၅ဝကျော်ရှိတယ် တခြားဒေသမှာ တအာင်းစကားချင်း မတူတဲ့ဒေသမှာဆို ရင်တော့ အစ်မအတွက်အရမ်းခက်ခဲတယ်။ ကိုယ်ပြောချင်တဲ့ ပွိုင့်ကိုရောက်ဖို့ သူတို့နားလည်းဖို့အတွက် နောက်စကား ပြန် တစ်ယောက်ပြန်ထားရတယ်။ အစ်မတို့က တအာင်းလိုပဲပြောတယ် အတတ်နိုင်ဆုံး တအာင်း ဘာသာနဲ့ပဲပြော တယ်။ သူတို့ကို တအာင်း(ရူမာည်း)စကားနဲ့ပဲရှင်းပြတယ် တချို့သူတို့နားမလည်တဲ့စကားလုံးတွေမှာ အခြားတစ် ယောက်က ဘာသာပြန်ခိုင်းတယ်။

အစ်မတို့စည်းရုံးရေးဆင်းတုန်းက လက်တွေ့ပြဖို့ တံဆိပ်တုံးတွေယူမသွားနိုင်ဘူး ၁၉ရက်နေ့ကတည်းက စည်းရုံးရေးစထွက်တယ် အဲဒီတုန်းက ဇဝေဇဝါပဲဖြစ်သေးတယ်။ တံဆိပ်တုံးသုံးမလား အမှန်ပဲခြစ်လား အတည်မရှိ သေးတဲ့အခါကျတော့ အဲလိုအခက်ခဲတွေ ကြံုရတယ်။ နောက်ဖုန်းလိုင်းလည်းမရှိဘူး Connection ပြတ်တောက်တဲ့ အခါကျတော့ ဘာ Information မှ ဆက်သွယ်လို့မရဘူး။ ကော်မရှင်က ဘယ်လိုပြောင်းလဲနေပြီလဲ သူတို့ဘယ်လို အတည်ပြုလိုက်လဲ စတဲ့အချက်လက်တွေကို မသိရဘူး အဲဒီစည်းရုံးရေးကာလ ၂လတွင်း ဖုန်းလိုင်းတွေပိတ်တယ်။ အရမ်းကိုခက်ခဲတယ် ကိုယ်သိချင်တဲ့အချက်တွေ ဥပမာ ရွာတစ်ရွာကိုသွားတယ် မဲစာရင်းတွေအရမ်းမှားနေတယ် ပြန်ပြင်ချင်ရင် ကိုယ့်အတွက်ရော ရပ်ကျေးတွေအတွက်ရော အရမ်းခက်ခဲဖြစ်တယ်။

 မေး။    ။ စည်းရုံးရေးဆင်းတုန်းက ဒေါ်နန်းမိုးတို့ ပြည်သူလူထုတွေကို ဘယ်လိုလက်တွေ့ပြ ဟောပြောခဲ့ပါသလဲ။

ဖြေ။    ။ အဲဒီအခက်ခဲတွေရှိသော်လည်း ပြန်နောက်ဆုတ်လို့မရတော့ဘူး ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုတ် ဖို့အချိန်ကိုမရှိဘူး ပြန်ပြီးမှ ကော်မရှင်ကိုပြန်လာပြောဖို့ချိန်ကို မရတဲ့အတွက်ကြောင့် ကြိတ်မှိတ်ပြီး ဆက်သွားတယ်။

မေး။    ။ ပြည်သူလူထုထောက်ခံမှု အများဆုံးရရှိနိုင်အောင် ဘယ်လိုကူညီမျိုးနဲ့ ဘယ်လိုစည်းရုံးခဲ့ပါသလဲ။

ဖြေ။    ။ အစ်မတို့ ပါတီအဖွဲ့အစည်းက ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်တဲ့ ဦးညီထင်ရဲ့ ကြိုးပမ်းအားထုတ်မှု ကြောင့်ပါ သူကူညီပံ့ပိုးမှုကြောင့် နိုင်ခဲ့တယ် သူအရမ်းကြိုးစားတယ်။ သူအရင်ကလည်း အတွေ့အကြံုရှိခဲ့တာပေါ့ သူ့ကြိုးစားအားထုတ်မှုလည်း အများကြီးပါတာပေါ့ ကိုယ့်တတ်တယ်ဆိုပေမယ့် လူငယ်ဆိုတော့ သူတို့လောက် အတွေ့ အကြံု မရှိခဲ့ဘူး သူတို့က ပြည်သူလူထုနဲ့ ရင်းနှီးပြီးသား သြဇာညောင်းပြီးသားလေ သူ့ဆီက အကူညီ အများကြီးရခဲ့ တယ်။ ဒီလိုအောင်မြင်ခဲ့တာ အစ်မတို့ရဲ့ကြိုးပမ်းမှုတစ်ခုတည်းမဟုတ်ပါဘူး လူကြီးတွေရဲ့ ပံ့ပိုးကူညီခဲ့တာကြောင့်ပါ။

မေး။    ။ ပြည်သူ့လွှတ်တော်တစ်ယောက်အနေနဲ့ ဘယ်လိုအပိုင်းတွေကို အဓိကဦးစားပေးပြီး လုပ်သွားဖို့ရှိသလဲ။

ဖြေ။    ။ အဓိကလုပ်ချင်တာက ပညာရေးပါ ပါတီထဲဝင်မပြိုင်ခင် အစ်မရဲ့ရည်မှန်းချက်က ပညာရေးကို တတ်နိုင် သလောက်လုပ်မယ် ပရဟိတကျောင်းတွေကို ဖွင့်ဖို့ရည်ရွယ်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ လုပ်ရမှာမ ဟုတ်ဘူး အခုလွှတ်တော်မှာရောက်ပြီဆိုတော့ လုပ်ပိုင်ခွင့်ပိုရတာပေါ့။ အစ်မရဲ့ခံယူချက်က ပညာရေးသာ ကောင်း မယ်ဆိုရင် အဲဒီဒေသတစ်ခုဟာ ဖွံ့ဖြိုးတိုးတက်လာမှာပဲ။ ဥပမာပြောရရင် အစ်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရဘူး ဘာ ကြောင့်လဲဆိုတော့ ပညာတတ်နည်းလို့ ပညာရေးတိုးတက်ရင် ငြိမ်းချမ်းရေး၊ စီးပွားရေးတွေက အနောက်ကနေ လိုက် လာမယ်လို့အစ်မကခံယူထားတယ်။ အစ်မက ပညာရေးကောင်းအောင်လုပ်မယ် လမ်းပန်းဆက်သွယ်ရေး ကောင်း အောင်လုပ်မယ်။
 
မေး။    ။ ပညာရေးဆိုတဲ့အပိုင်းမှာ ဒေါ်နန်းမိုးအနေနဲ့ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲ ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။    ။ ပညာရေးက အစ်မအနေနဲ့ နံပါတ် ၁အချက် အခက်ခဲဖြစ်နေတာက ပညာရေး အခုပညာရေးစနစ်က မန်တုံ မှာဆို ၈၇နေရာလစ်လပ်နေတယ်။ ဆရာမတွေအစားထိုးမရဘူး ပညာရေးမှူးအလုပ်မလုပ်တဲ့အခါကျတော့လေ။ အ ထက်တန်းပြလစ်လပ်တဲ့နေရာ ပြန်မဖြည့်တဲ့အတွက်ကြောင့် မူလတန်းကို ဆင်းသင်နေရတဲ့ အခြေအနေတွေ ဖြစ်နေ တယ်။ အထက်တန်းကသင်ခန်းစာတွေက မပြီးနိုင်တော့ဘူးလေ အရင်က ကိုယ့်မှာ လုပ်ပိုင်ခွင့်အာဏာမရှိသေးဘူး ဒီတိုင်းပဲကြည့်နေရတယ်။ အစ်မက ဒီမန်တုံပညာရေးကို လွှတ်တော်မှာတင်ပြပြီး လုပ်ဆောင်သွားမယ်။

အရေးကြီးဆုံးက မြန်မာနိုင်ငံရေးစနစ်ပေါ့ ဒုတိယက ပညာရေးဝန်ထမ်းတွေပေါ့ အခုဆိုလို့ရှင် ပညာရေး ဝန်ထမ်းတွေ လုံးဝစည်းကမ်းမရှိကြဘူး။ ကျူတီဆင်းချင်ဆင်းတယ် မဆင်းချင်မဆင်းဘူး ပညာရေးမှူးကအစပေါ့ အဲဒီလိုမျိုးမရှိသင့်ဘူး မလုပ်သင့်ဘူး ပညာရေးတိုးတက်ဖို့ ပညာရေးဝန်ထမ်းမှာ အဓိကကျတယ်။

မေး။    ။ ပညာရေးအပြင် မန်တုံဒေသမှာ အခြားဘာတွေများ လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။    ။ တအာင်းပါတီရဲမူပေါ်လစီအရပေါ့ ဒီစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ဖို့ရှိတယ်။ ဒီအလုပ်အကိုင် ရနိုင်ဖို့တော့ တက်လာမယ့်အစိုးရသစ်က တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ကျေးလက်ဒေသမှာလည်း ပါဝင်လာ နိုင်တယ်လို့ အစ်မကထင်ပါတယ် ယုံကြည်တယ်။ အခြားဖွံ့ဖြိုးရေးအပိုင်းမှာတော့ အစ်မမှာ (Plan) မရှိပါဘူး တစ်ခြား ကိုယ်စားလှယ်များရဲ့ လုပ်ငန်းစဉ်တွေရှိရင်တော့ အစ်မက ကြိုဆိုပါတယ် တိုင်ပင်ညှိနှိုင်းမယ် အတတ်နိုင်ဆုံး လုပ် သွားမှာပဲ။

မေး။    ။ အခုအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေကို ဒေါ်နန်းမိုးက အမျိုးသမီးလွှတ်တော်ကိုယ်စာလှယ်တစ်ဦးအနေနဲ့ လွှတ်တော်မှာ ဘာစိန်ခေါ်မှုများရှိမည်းကို စိုးရိမ်းတာရှိလဲ။

ဖြေ။ ။ အစ်မကတော့မစိုးရိမ်ပါဘူး မွေးကင်းစကတည်းက အခက်ခဲတွေနဲ့ဖြတ်သန်းလာခဲ့ရတယ်။

မေး။    ။ ဒေါ်နန်းမိုးအနေနဲ့ ပြည်သူလူထုတွေကို နောက်ထပ်ဘာများပြောချင်ပါသလဲ။

ဖြေ။    ။ ပြည်သူလူူထုအားလုံးကို ကျေးဇူးတင်တယ် သူတို့အတွက် အမှန်ကန်ဆုံး ရွေးချယ်တဲ့ခေါင်းဆောင် ဖြစ်ဖို့အတွက် အစ်မတို့ အလုပ်လုပ်သွားမယ်။ တစိုက်မတ်မတ်လုပ်သွားဖို့လည်း အရင်ကတည်းက ဆုံးဖြတ်ထား ပြီးသားပါပဲ။ နောက်အရေးကြီးဆုံး တစ်ချက်က ကျမတို့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ရင် ရွာအခက်ခဲရှိလို့ မပြောရဲမဆိုရဲဘူးဆိုတာမျိုးမဖြစ်စေချင်ဘူး။ အစ်မတို့က ရုံးမှာအမြဲတမ်းရှိပါတယ် တစ်စုံတစ်ရောကိစ္စတွေရှိရင် အချိန်မရွေးလာရောက် ပြောဆိုနိုင်ပါတယ်လို့ မှာကြားချင်ပါတယ်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...