တအောင်းပါတီမှ ဦးညီစိန်အနိုင်ရရှိမှု UEC လက်မခံ၍ နေပြည်တော်သို့တိုင်မည်

တအောင်းပါတီမှ ဦးညီစိန်အနိုင်ရရှိမှု UEC လက်မခံ၍ နေပြည်တော်သို့တိုင်မည်
by -
မိုင်းကောင်းဆိုင်
မိုင်းကောင်းဆိုင် — တအောင်းပါတီမှ ကျန်နေခဲ့သောမဲများဖြင့် ပြန်လည်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလက်မခံဘဲ USDP မှဦးစိုင်းဆာလူအနိုင်ရသည့်ရလာဒ်ကိုသာ ဆက်လက်အတည်ပြုသောကြောင့် ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်း ဥပဒေအကြောင်းအရ နေပြည်တော်သို့ သွားရောက်တိုင်ကြားမည်ဟု တအောင်း(ပလောင်) အမျိုး သားပါတီမှ ဦးညီစိန်ကပြောသည်။

အမျိုးသားလွှတ်တော်နေရာ မဲဆန္ဒနယ် အမှတ် (၅) တွင် ကျန်ရှိခဲ့သော နမ့်ခမ်းမြို့နယ် မဲရုံ (၆) ရုံမှ မဲများ ပြန်လည် ရေတွက်၍ တအာင်း(ပလောင်) အမျိုးသားပါတီ ဦးညီစိန်မှ ပြည်ခိုင်ဖြိုးပါတီ ဦးစိုင်းဆာလူကို ၁၉၉ မဲ အနိုင် ရရှိသည့် ရလာဒ်ကို ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံနှင့် လားရှိုးမြို့ပြည်နယ်ကော်မရှင်ရုံးတွင် ညှိုနှိုင်း အစည်းအဝေး လုပ်ဆောင်ခဲ့သော်လည်း တိကျသည့် ဆုံးဖြတ်ချက် မထွက်ရှိဘဲ ပြည်ထောင်စုအဆင့်ကို တင်လိုက် သောအခါလက်မခံသောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညီစိန်က “မနေ့ ညှိုနှိုင်းအစည်းအဝေးမှာ ဒေါက်တာ ဦးစံဝင်းက နေပြီးတော့မှ ရလာဒ်တွေ အတည်ပြုနိုင်ဖို့ ပြည်နယ်ကော်မရှင် ဥက္ကဋ္ဌကို တင်ပြမယ်လို့ ပြောတယ်။ အဲဒါကို ကောင်းလာမယ်လို့ ယုံကြည်ပြီးတော့မှ စောင့်ကြည့်တာပေါ့ဗျာ။ မနေ့ည ၉ နာရီအချိန်မှာ ခရိုင်ကော်မရှင် အတွင်း ရေးမှူးကနေပြီးတော့မှ ကျွန်တော်ဆီ ဖုန်းဆက်လာတယ်။ ပြည်ထောင်စုကော်မရှင်ကနေပြီးတော့မှ ဒီကိစ္စနဲ့ ပတ် သက်လို့တစ်ခါကြေငြာထားပြီးသားမို့လို့ ကျွန်တော်တို့ ထပ်မံပြီး တင်ပြတဲ့ဥစ္စာတွေကို အတည်မပြုနိုင်ဘူး ဆိုပြီးတော့ ပြောတယ်” ဟု ပြောသည်။

နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ၃ မြို့နယ် ပေါင်းမဲရလာဒ်တွင် ပြည်ခိုင်ဖြိုးပါတီ ဦးစိုင်းဆာလူက ၄ဝ၈၄၇ မဲ ရရှိပြီး တအာင်းပါတီ ဦးညီစိန်က ၄၁ဝ၄၆ မဲ ရရှိကာ ၁၉၉ မဲ အနိုင်ရရှိခဲ့သည်။

“ပြန်တုံ့ပြန်လိုတဲ့သဘောနဲ့ နေပြည်တော်ကိုသွားမယ်။ ပြည်ထောင်စု ကော်မရှင်ကို သွားတွေ့မယ်။ ပထမကြေငြာတဲ့ ပုဂ္ဂိုလ်ရတဲ့မဲက ကျွန်တော်မဲထက် လျှော့နေတာမို့လို့ ကျွန်တော်က သွားရောက်ကန့်ကွက်ဖို့ရှိပါတယ်။ ရွေးကောက်ပွဲ နည်းဥပဒေအရဆိုရင် ငွေကြေး ၅ သိန်း တင်ပြီးတော့မှကန့်ကွက်ရမယ်ဆိုလို့ ကျွန်တော်က နည်းဥ ပဒေမှာ ဖော်ပြထားတဲ့အတိုင်း ဆက်လက်ပြီးတော့မှ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဦးညီစိန်မှ ဆက်လက် ပြောခဲ့ပါသည်။

နိုဝင်ဘာ ၁၈ ရက်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၌ ကျင်းပသည့် ပြည်နယ်အဆင့် အစည်းအဝေးတွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ခံ ဦးစံဝင်း၊ နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် (ရှမ်း/မြောက်)ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖွဲ့ဝင်များအပြင် အမျိုးသားလွှတ်တော် ကိုယ်စာလှယ်လောင်း တအာင်း(ပလောင်)အမျိုးသားပါတီ ဦးညီစိန်တက် ရောက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းဆာလူက တက်ရောက်နိုင်ခြင်း မရှိဘဲ ကိုယ်စားလှယ်သာ စေလွှတ်တက်ရောက် ကာ ၎င်း ကိုယ်စားလှယ်မှ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ ဦးစိုင်းဆာလူ အနိုင်ရသည့်ရလာဒ်ကိုသာ လက်ခံကြောင်း ပြောဆိုခဲ့သော်လည်း ထိုအစည်းအဝေးမှ မည်သည့်ဆုံးဖြတ်ချက် တစ်စုံတစ်ရာမျှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

“ကျွန်တော်ကတော့ တရားမျှတမှု ရှိဖို့ပဲ ဆန္ဒရှိတယ်။ တရားမျှတမှု ရှိမယ်။ ပွင့်လင်းမြင်သာမှု ရှိမယ်။ မိဘ ပြည်သူတွေရဲ့မေတ္တာ နဲ့ စေတနာကို တုံ့ပြန်နိုင်ပြီဆိုလို့ရှိရင် တုံ့ပြန်နိုင်လို့ အမှန်ကို အမှန်အတိုင်း ဖြစ်လာပြီဆိုရင် ကျွန်တော် ကျေနပ်ပါတယ်” ဟု ၎င်းမှ ဆက်လက်ပြောဆိုခဲ့သည်။

တအာင်း(ပလောင်) အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ဦးညီစိန် ဝင်ပြိုင်သည့် နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် (၃) မြို့နယ် ခရိုင်အဆင့် မဲဆန္ဒနယ်မြေ အမှတ် (၅) အမျိုးသားလွှတ်တော်နေရာတွင် တအာင်း ပါတီသည် (၃) မြို့နယ်လုံး ဝင်ပြိုင်ခဲ့သော်လည်း နမ့်ခမ်းမြို့နယ်တွင် ၃ နေရာ၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်နယ် ၁ တစ်နေရာတွင်သာ အနိုင်ရရှိပြီး မူဆယ်မြို့နယ်တွင် တစ်နေရာမျှ အောင်နိုင်ခြင်းမရှိကြောင်းသိရသည်။
 
ထိုပြင် တအာင်း(ပလောင်) အမျိုးသားပါတီသည် ၈ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း နမ့်ဆန်၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ် ၃ မြို့နယ်သာ အပြတ်အသတ် အနိုင်ရပြီး UEC ၏ အတည်ပြုကြေငြာချက်အရ အမျိုးသားလွှတ်တော် ၁ ဦး၊ ပြည်သူ့လွှတ်တော် ၃ ဦး နှင့် ပြည်နယ်လွှတ်တော် ရ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညီစိန်က ပြည်ထောင်စုအဆင့် အတည်ပြုကြေငြာမှသာလျှင် တရားဝင်အနိုင်ရမည် ဖြစ် ကြောင်းသိရသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...