အစုုိးရသစ်အား အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တုုိင်းရင်းသားအရေး ဦးစားပေးရန် တောင်းဆုုိ

အစုုိးရသစ်အား အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တုုိင်းရင်းသားအရေး ဦးစားပေးရန် တောင်းဆုုိ
စအိုင်စူး — ၂၀၁၅အထွေထွေ ရွေးကောက်ပွဲအပြီး တက်ရောက်လာမည့် အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊တိုင်းရင်းသားများအရေးနှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေး မှုများကို ဦးစားပေးလုပ်ငန်းစဉ်အနေဖြင့် လုပ်ဆောင်ပေးရန် ကရင်လူငယ်ကွန်ယက်-(KYN) မှထုတ်ပြန် တောင်းဆို လိုက်သည်။

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊မဲဆမိတ်ကျေးရွာ၌ ကရင်လူငယ်ကွန်ယက်-KYNမှ နိုဝင်ဘာ ၁၅ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲအပြီး ယမန်နေ့က ထုတ်ပြန်လိုက် သည့် အချက် ၆ချက်ပါ အမြင်သဘောထား ထုတ်ပြန်ချက်၌ ထိုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

ကရင်လူငယ်ကွန်ယက် မှ ပြောရေးဆိုခွင့်ရှိသူ စောဂျက်ပစီက “၂၀၁၅မတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို လုပ်လာခဲ့တော့ တချို့ခေါင်းဆောင်တချို့လူတွေက ဦးသိန်းစိန်အစိုးရ မှမဟုတ်ရင် နောက်တက်လာမယ့် အစိုးရက လုပ်ပါ့မလားဆိုတဲ့ အမြင်ရှိကြတဲ့အပေါ်မှာ ကျနော်တို့ ကရင်လူငယ်ထုတွေ အနေနဲ့ လည်း ဒီတိုင်းရင်းသားအရေး ငြိမ်းချမ်းရေးဖြစ်စဉ်တွေအားလုံးကို ဆက်လက်လုပ်ဆောင် သွားဖို့ကို တောင်းဆိုလိုက်တာပါ ״ ဟုရွေးကောက်ပွဲ သတင်းခန်းသိုု့ ပြောသည်။

ထို့အပြင် ယခုနှစ်ရွေးကောက်ပွဲအတွင်း ကရင်ပါတီများ အရေးနိမ့်ခဲ့ရသော်လည်း အမျိုးသားရေး လုပ်ဆောင်မှုများအား ရပ်တန့်ခြင်းမပြုပဲ  အမျိုးသားနိုင်ငံရေးကို ဆက်လက် လုပ်ဆောင်သွားဖို့ကိုလည်း ကရင်လူငယ်များမှ တိုက်တွန်းအားပေး လိုသည်ဟုလည်းစောဂျက်ပစီက ဆက်ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်၌ NCAလက်မှတ်ရေးထိုးခြင်းအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အားလုံး မပါဝင်လာနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ၊မပါဝင်လာသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များအား ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် မြန်မာပြည်မြောက်ပိုင်းမှ ပစ်ခတ် တိုက်ခိုက်နေမှု များကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆိုထားသည်။

ထို့အပြင် ၂၀၁၅ရွေးကောက်ပွဲ၌ လူထုထောက်ခံမှုကို ပေါ်လွင်စေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD၏ ရာနှုန်းများစွာ အနိုင်ရရှိမှု အပေါ် KYNမှ လှိုက်လဲစွာ ဂုဏ်ပြုအပ်ပြီး ကရင်နိုင်ငံရေး ပါတီများ၏ လုံလောက်သည့်  လူထုထောက်ခံမှု မရရှိသော်လည်းအမျိုးသားအကျိုး နိုင်ငံ့အကျိုးအား ဆက်လက်ဆောင်ရွက်ရန်နှင့် အသစ် တက်လာမည့် အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ လုပ်ငန်းစဉ်များကို အရေးပေး ဆောင်ရွက်ပေးရန် အချက် ၆ချက်ပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဥက္ကဌ နန်းခင်ထွေးမြင့် က “ကျမအနေနဲ့ ဒါက တောင်းဆိုစရာတောင် မလိုပါဘူး။ NLDမှာက နဂိုထဲက မူချထားပြီးသား ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုး ရေးကို လုပ်ဆောင်သွားမှာပါ။ ဒါကတစ်တိုင်းတစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေပါ။ ကျမတို့ကရင်ပြည်နယ်မှာ လည်းလုပ်သွားမှာပါ ״ ဟုရွေးကောက်ပွဲ သတင်းခန်းသုုိ့ ပြောသည်။

၄ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါ တစ်နိုင်ငံလုံးဆိုင်ရာကရင်လူငယ်တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၊ရန်ကုန်တိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊အထက်မြန်မာပြည်နှင့် ထိုင်းမြန်မာ နယ်စပ်ဒေသရှိ ကရင်စာပေယဉ်ကျေးမှု၊ ကရင်ပါတီများ ၊အရပ်ဘက်အဖွွဲ့အစည်း ၊ဘာသာရေးအသင်းအဖွဲ့ များမှ ကရင်လူငယ်များ ကရင်ကျောင်းသား လူငယ်များနှင်ကရင်သတင်းမီဒီယာအုပ်စုမှ ကရင်လူငယ်ကိုယ်စားလှယ်များအပါအဝင် ဘာသာရေး ခေါင်းဆောင်များ၊ ကရင်အမျိိုးသားအစည်းအရုံးမှ စစ်ဘက်နယ်ဘက်တာဝန်ရှိသူများ နယ်ခြား စောင့်တပ်ဖွွဲ့မှ တာဝန်ရှိသူများ၊ ကရင့်ရေးရာ ကော်မတီအဖွွဲ့ဝင်များစုစုပေါင်း ၄၀၀ကျော် ပါ၀င်တက် ရောက်ခဲ့ကြပါသည်။

ထို့အပြင် ၎င်းတွေ့ဆုံပွဲ၌ ကရင်အမျိိုးသားစီမံကိန်း၊ကရင့်အနာဂတ်နှင့်ကရင်လူငယ်များ၏အခန်းကဏ္ဍ အကြောင်းအရားများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာသည့် ကရင်လူငယ်များအား ဂုဏ်ပြုသည့်အနေဖြင့် မဲဆမိတ်ဆရာတော်၏ မိတ်ကမ္ဘာစာကြည့်တိုက်ဖွင့်ပွဲကို ပါ တစ်ပါတည်း ဖွင့်လှစ်ခဲ့သည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...