ကချင်ပြည်နယ်၌ အနိုင်ရရှိသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို ၂၀ ရက်နောက်ပိုင်းမှ ထုတ်ပြန်မည်

ကချင်ပြည်နယ်၌ အနိုင်ရရှိသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို ၂၀ ရက်နောက်ပိုင်းမှ ထုတ်ပြန်မည်
by -
စိုင်းအောင်မျိုးလွင်
စိုင်းအောင်မျိုးလွင် — ကချင်ပြည်နယ် ရွေးကောက်ပွဲ၌ အနိုင်ရရှိသော ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကို ၂၀ ရက် နောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကွန်းကပြောသည်။

11831645 1627533760849634 3721904918859580621 n“ ၂၀ ရက်နေ့နောက်ပိုင်းမှသာ ထုတ်ပြန်နိုင်မှာပါ။ ခေါင်လံဖူးမြို့နယ်ကျန်နေတဲ့အတွက် ဒီကနေ့ပဲ ကျွန်တော်တို့အ တွင်းရေးမှူး လေယာဉ်နဲ့ သွားယူနေပါတယ်။” ဟု နိုဝင်ဘာ ၁၇ ရက်ကဆက်သွယ် မေးမြန်းစဉ်၎င်းကပြောခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲရလဒ်များကိုနိုဝင်ဘာလ ၁၅ ရက်နေ့က အများစုကိုကြေညာနိုင် ခဲ့သော်လည်း ကချင်ပြည်နယ်ရှိနေရာတစ်ချို့ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

“ NLD ကပဲရဖို့များပါတယ်။ မိုးညှင်းနဲ့ မိုးကောင်းဘက်မှာ မဲက တော်တော်ပြတ်ထားတာလေ။” ဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းကျော်ဦးက ပြောသည်။

ထို့ပြင် ခရိုင်ကော်မရှင်ရုံးက နိုဝင်ဘာလ ၁၈ ရက်တွင် ဆင့်ခေါ်ထားကြောင်းလည်း ၎င်းကပြောသည်။
ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲ ကချင်ပြည်နယ်၏ နေရာအတော်များများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ကသာ အများစု အနိုင်ရရှိထားသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...