ရှမ်းပြည်နယ်အတွက် တိုင်းရင်းသားကိုယ်စားလှယ် ရ ဦးစာရင်း ထုတ်ပြန်

ရှမ်းပြည်နယ်အတွက် တိုင်းရင်းသားကိုယ်စားလှယ် ရ ဦးစာရင်း ထုတ်ပြန်
တုုိင်းရင်းသားကုုိယ်စားလှယ်များ လက်မှတ်ရေးထုုိးနေစဉ်
တုုိင်းရင်းသားကုုိယ်စားလှယ်များ လက်မှတ်ရေးထုုိးနေစဉ်
မြဝန်းရံ — ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် တဝန်းလုံးအတွက် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိမှု စာရင်းအား နိုဝင်ဘာ ၁၃ရက်က ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကွပ်ကဲရေးရုံးရှိ စေ့စပ်ညှိနှိုင်းရေးကော်မတီရုံးခန်း၌ ထုတ်ပြန် ကြေငြာခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ဦးသန်းလွင်မြင့်က ရှမ်းပြည်နယ်တဝန်းလုံးတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ရရှိခဲ့သော မဲစာရင်းများအား တစ်ဦးချင်း ကြေငြာပြီး နောက် လူမျိုးစုအလိုက်အနိုင်ရရှိသော တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်စာရင်းကို ထုတ်ပြန်ခဲ့သည်။

ကချင်တိုင်းရင်းသားလူမျိုးအတွက် တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးဇုတ်ဒေါင်ကလည်းကောင်း၊ ကယန်းတိုင် ရင်းသား ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခွန်းအေးမောင်ကလည်းကောင်း၊ ဗမာတိုင်းရင်းသားကိုယ် စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာအောင်သန်းမောင်ကလည်းကောင်း၊လီဆူတိုင်းရင်း သားကိုယ်စားလှယ်အဖြစ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဂူဆာကလည်းကောင်း၊ လားဟူတိုင်းရင်းသားကိုယ်စား လှယ်အဖြစ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးယောသပ်က လည်းကောင်း၊ အာခါ တိုင်းရင်းသားကိုယ်စားလှယ်အ ဖြစ် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဗေလှ ကလည်းကောင်း၊ အင်းသား တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာထွန်းလှိုင်က လည်းကောင်း အနိုင်ရရှိခဲ့သည်။

အဆိုပါ အနိုင်ရရှိသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပျက်ကွက်သူများ ကိုယ်စား တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပုံစံ၁၉တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးတင်မောင်တိုး က ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲများ နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ၄ခုက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြရာ ကော်မရှင်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရာတွင် ပြည်နယ် ကော်မရှင်အနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုး ကူညီမည်ဟု မျှော်လင့်ပါကြောင်း ပါတီကိုယ်စားလှယ်များကပြောသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...