ရခိုင်ပြည်နယ်၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အတွက်သာ ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်

ရခိုင်ပြည်နယ်၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အတွက်သာ ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်
စံမောင်သန်း — ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်လျက် ရှိသော်လည်း ရခိုင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နေရာများတစ်ချို့တွင်သာ ထုတ်ပြန်နိုင်သေးသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အရာရှိ ဦးသူရိန်ထွဋ္ဋ်က BNI ရွေေးကာက်ပွဲသတင်းခန်းသို့ ပြောသည်။

ပြည်သူ့လွှတ်တော် နေရာအတွက် ရသေ့တောင်၊ ပုဏားကျွန်း၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ် မဲဆန္ဒနယ်များနှင့် အမျိုးသားလွှတ်တော်တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁၊ မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ နှင့် မောင်တော(တောင်ပိုင်း) မဲဆန္ဒနယ် ၈ တို့အတွက်သာ ထုတ်ပြန်နိုင်သေးသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် နေရာအတွက် မဲရလဒ်များမှာ ရသေ့တောင်မြို့နယ်တွင် ဒေါ်ခင်စောဝေ  ANP က ၃၈၇၅၁ မဲ၊ USDP မှ ဦးဝေကျော်အောင် က ရ၂၅၄ မဲ၊ ဦးမောင်ကြွင်းအောင် NLD က ၁၅၉၅ မဲနှင့် ဒေါ်ဦးစိန်ဖြူ တစည ပါတီက ၁၁၅၄ မဲ ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးဦးထွန်းမောင် ANP က ၃၂၄၆၅ မဲ၊ ဦးကျော်ဝင်းခင် USDP က ၁၀၂၉၆ မဲ၊ ဦးကျော်အေး NLD က ရ၉၄၃ မဲ၊ ဦးမောင်အေးနု တစည မှ ၂၃၇၁ မဲ နှင့် ဦးကျော်သန်း တစ်သီးပုဂ္ဂလတို့က ၁၈၉၅ မဲ ရရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် ဦးဘရှင် ANP က ၂၇၁၃၈ မဲ၊ ဦးသိန်းဟန် NLD က ရ၉၂၆ မဲ၊ ဦးလှစောထွန်း ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီက ၄၂၁၀ မဲ၊ ဦးသိန်းဇော် တစ်သီးပုဂ္ဂလက ၃၈၆၆ မဲ၊ ဦးအေးစံ တစ်သီးပုဂ္ဂလက ၁၁၉၇ မဲ၊ ဦးမောင်ဘစော တစ်သီးပုဂ္ဂလက ၁၀၂၉ မဲ၊ ဒေါ်အေးခင် တစ်သီးပုဂ္ဂလတို့က ၃၈၀ မဲ နှင့် သံတွဲမြို့နယ်တွင် ဦးမင်းကြည် NLD က ၂၃၅၅၁ မဲ၊ ဦးမြင့်ဦး ANP က ၁၇၈၄၇ မဲ၊ ဦးရဲထွန်း USDP က ၁၆၆၆၁ မဲ၊ ဦးထွန်းမြင့် ရခိုင်ပြည်နယ် အင်အားစုပါတီက ၃၄၉၂ မဲ၊ ဦးသိန်းစိုး တစညပါတီက ၁၄၇၁ မဲ၊ ဦးခင်မောင်လှ တစ်သီးပုဂ္ဂလက ရ၀၇ မဲ ရရှိကြောင်း သိရသည်။

အမျိုးသားလွှတ်တော်အတွက် မဲရလဒ်မှာ စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁ တွင် ဦးဝေစိန်အောင် ANP က ၄၅၀၈၇၊ ဦးသန်းထွန်း USDP က ၁၄၁၉၈ မဲ၊ ဦးသာဇံ NLD က ၂၀၂၅ မဲ၊ ဦးဦးဘကျော် APP က ၂၀၀၆ မဲ၊ ဦးနီအောင်ကျော် တစညက ၁၄၈၆ မဲ၊ ဦးဝင်းမောင် တစ်သီးပုဂ္ဂလက ၁၂၈၈ မဲနှင့် မောင်တော (မြောက်ပိုင်း) မဲဆန္ဒနယ် ရ တွင် ဦးကျော်သိန်း USDP က ၄၀၈၇ မဲ၊ ဦးမောင်မဲ ANP က ၃၀၉၃ မဲ၊ ဒေါ်မျိုးမြင့်မြင့်မြတ် NLD က ၄၆၇ မဲ နှင့် ဦးမင်းအောင် မြိုတိုင်းရင်းသားပါတီက ၃၂၉ မဲ နှင့် မောင်တော (တောင်ပိုင်း) မဲဆန္ဒနယ် ၈ တွင် ဦးကျော်ကျော်ဝင်း ANP က ၅၅၁၉ မဲ၊ ဦးမောင်သာခင် USDP က ၃၃၄၁ မဲ၊ ဦးကြယ်သာထွန်း NLD က ၅၇၆ တို့ ရရှိထားသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုကော်မရှင်က တရားဝင်ထုတ်ပြန်ပြီးမှသာ ထုတ်ပြန်ခွင့်ရသည်ဟု မြို့နယ်ကော်မရှင်မှသိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...