မင်းတပ်မြို့နယ် မဲဆန္ဒနယ်၌ ချင်းပြည်နယ်ဝန်ကြီးချုပ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီ သာအနိုင်ရ

မင်းတပ်မြို့နယ် မဲဆန္ဒနယ်၌ ချင်းပြည်နယ်ဝန်ကြီးချုပ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီ သာအနိုင်ရ
by -
ဆလိုင်းကျော်မိုးထွန်း
ဆလိုင်းကျော်မိုးထွန်း — နိုဝင်ဘာလ(၈)ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ချင်းပြည်နယ်ဝန်ကြီးချုပ် ပါဝင်ယှဉ် ပြိုင်ခဲ့သည့် မင်းတပ်မြို့လွှတ်တော်အမတ်လေးနေရာစလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) က အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မင်းတပ်မြို့နယ်၌ ကျေးရွာပေါင်း ၁၉၄ ရွာနှင့် မြို့ပေါ်ရပ်ကွက် လေးခုရှိပြီးမဲဆန္ဒရှင်ပြည်သူပေါင်း ၂၄၀၀၀ ကျော်ရှိကာ လက်ရှိတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးဟုန်းငိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုကိုယ်စားပြုပြီးမင်းတပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 မင်းတပ်မြို့၌ အမျိုးသား လွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က (၇၉၅၀)မဲနှင့် ပြည်ထောင်စုကြ့ံခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီက (၅၇၄၀)မဲ ၊ ပြည်သူ့ လွှတ်တော်နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က (၈၂၆၀)မဲနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက (၅၅၀၂)မဲတို့ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများဆုံးအနိုင်ရရှိခဲ့ကြောင်း မြို့နယ်ကော်မရှင်မှသတင်းရရှိသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းပါဝင်ယှဉ်ပြိုင်သော မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်(၂)တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထောက်ခံမဲ(၃၈၇၀)မဲ ရရှိခဲ့ပြီး ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက (၃၄၇၈)မဲဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မင်းတပ်မဲဆန္ဒနယ် ချင်းပြည်နယ် စည်ပင်ဝန်ကြီး ပါဝင်ယှဉ်ပြိုင်သော ပြည်နယ်လွှတ်တော်(၁) တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က (၃၄၄၅)မဲနှင့် ပြည်ထောင်စုကြ့ံခိုင်ရေးပါတီက (၂၆၆၀)မဲဖြင့် ရှုံးနိမ့်ခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ပြီး ချင်းပြည်နယ်အတွင်းတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နေရာများအတွက် မဲဆန္ဒနာ် ၃၉ နယ်ရှိပြီး ဆန္ဒမဲပေးခွင့် ရှိသူပေါင်း ၂၇၃၆၇၃ ဦးရှိကြောင်းသတင်းရရှိသည်။

ရွေးကောက်ပွဲ၌ ချင်းပြည်နယ်အတွင်းမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးတီပေါင်း ၁၃ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၀၂ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ရ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြခြင်း ဖြစ်သည်။

Most read this week

January 3, 2016
“အဓိကကျွန်တော်တို့လိုခြင်တာကအစိုးရတစ်ရပ်ကနေ သူရဲ့နိုင်ငံသားပေါ်မှာ တာဝန်ယူမှု ၊ တာဝန်...
ဒီဇင်ဘာ ၂၉၊ ၃၀ရက်က ကျင်းပခဲ့သော UNA မှအစည်းဝေးကျင်းပနေစဉ်
January 3, 2016
“ဘာကြောင့်UNA မှာလျောက်ရသလဲဆိုရင်၊ UNAရဲ့မူဝါဒနဲ့ ကျွန်တော်တို့မူဝါဒခြင်းတူနေတယ်။...
Chin Agency မှ ရွေးကောက်ပွဲမတိုင်ခင်ကာလာ မဲဆန္ဒရှင်များသို့ မဲပေးပုံ ပညာပေးနေစဉ်
January 3, 2016
“ကျွန်တော်တို့ Chin Agency အဖွဲ့အနေဖြင့်ချင်းပြည်နယ် (၇)မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ...
ဒီဇင်ဘာ ၁၇ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ချင်းပါတီများတွေ့ဆုံစဉ်
December 24, 2015
“အခုလုပ်တဲ့အစည်းဝေးကတော့ စတုတ္တအကြိမ် ချင်းမိသားစုနိုင်ငံရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပေါ့။...