မဲဆွယ်စည်းရုံးရေး အားနည်းပြီး၊ ပြည်သူ့ရင်ထဲမထိုးဖောက်နိုင်လို့ ရှုံးနိမ့်ခဲ့ရသည်ဟု ဒေါက်တာအေးမောင် ဆို

မဲဆွယ်စည်းရုံးရေး အားနည်းပြီး၊ ပြည်သူ့ရင်ထဲမထိုးဖောက်နိုင်လို့ ရှုံးနိမ့်ခဲ့ရသည်ဟု ဒေါက်တာအေးမောင် ဆို
စံမောင်သန်း — မဲဆွယ်းစည်းရုံးရေးလုပ်ဆောင်ရာတွင် အားနည်းခဲ့ပြီး၊ ပြိုင်ဘက်ပါတီအားထိုးဖောက်၍  မဲဆွယ်စည်း ရုံးရေးတွင် လိုအပ်ချက်ရှိသောကြောင့်  နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ၌ ၀င်ရောက်အရွေးခံ ခဲ့သော ဒေါက်တာအေးမောင်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိရဥ္စရာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ဖြေကြား ခဲ့ခြင်းဖြစ်သည်။

 “ကျွန်တော်ရှုံးနိမ့်ရတာဟာ မဲဆွယ်စည်းရုံးရေးအားနည်းတာရော ပြည်သူ့ရင်ထဲကို မထိုးဖေါက် နိုင်ခဲ့တာရော နှစ်ပိုင်း လုံးနဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့ အောင်နိုင်ရေးကော်မတီ ဗဟိုကလည်း ကျွန်တော်တို့ မာန်အောင်ကို မရောက်ခဲ့ဘူး။ ကျွန်တော်ကလည်း အောင်နိုင်ရေးကော်မတီနဲ့ တစ်ပြည်နယ်လုံးကို သွားနေခဲ့ရတာ။ မာန်အောင်ပါတီဘက်က ထိုးဖေါက်မှုလည်း အမှတ် ၂ မှာ တော်တော်နည်းပါတယ်။ အားလုံးခြံုလိုက်ရင်တော့ ကျွန်တော်တို့ဘက်က ချွတ်ယွင်းချက်တွေ များခဲ့ပါတယ်”ဟု ဒေါက်တာအေးမောင်က BNI ရွေးကောက်ပွဲခန်းသို့ သတင်းသို့ပြောသည်။
 
ဒေါက်တာအေးမောင် မဲဆွယ်စည်းရုံးရေးလုပ်သည့်နေရာသို့ ပြည်သူများက လာရောက် နားထောင်ကြသော်လည်း မာန်အောင်သည်သွားလာရခက်ခဲပြီး လမ်းပန်းဆက်သွယ် ရေးမဖွံဖြိုးသောကြာင့် ရှုံးနှိမ့်ချင်ဖြစ်တယ်လို့ သူကပြောသည်။

“ လူထုဆိုတာက သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ကိုလည်း တစ်ချို့ကမရင်းနှီးတာ တွေလည်းရှိနိုင်တယ်။ မာန်အောင်က အထူးဖွံ့ဖြိုးမှု နည်းတဲ့ဒေသပါ။ မာန်အောင်မှာလည်း မြောက်ပိုင်းနဲ့ တောင်ပိုင်းဆိုတာမျိုးပါ။ မြောက်ပိုင်းက ပိုပြီးဖွံ့ဖြိုးပြီးတော့ တောင်ပိုင်းကတော့ လမ်းပန်းဆက်သွယ်ရေးကအစ ကွာဟမှုရှိပါတယ်။ မြောက်ပိုင်းမှာ ကတ္တရာလမ်းရှိပေမယ့် တောင်ပိုင်းမှာကျတော့ ကတ္တရာလမ်းတောင် မရှိပါဘူး”ဟု ဒေါက်တာအေးမောင်ကပြောသည်။
 
ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားပါတီမှ အနိုင်ရရှိခဲ့သည်။ မောင်တော ပြည်သူ့လွှတ်တော်တွင် ဦးလှထွန်းကျော် ANP က ၉၀၀၀ မဲအမျိုးသားလွှတ်တော်(၇)မှာ ဦးမောင်မဲ ANP က ၃၀၉၃ မဲ။ အမျိူးသားလွှတ်တော် (၈)မှာ ဦးကျော်ကျော်ဝင်းက ၅၅၁၉ မဲ။ မောင်တော ပြည်နယ်လွှတ်တော် (၂) မှာဦးမောင်အုန်း ANP က ၅၈၄၈ မဲ၊ ဦးခင်မောင်လတ် ANP ၃ရ၉ရ၂ မဲ ရသေ့တောင် ပြည်နယ် မဲဆန္ဒနယ်(၁)တွင် ဦးဦးသန်းနိုင်က ၁၆၂၆၆ မဲ ရသေ့တောင်မဲဆန္ဒနယ် (၂)တွင် ဦးဖိုးမင်း ၁၇၈၆၅ မဲ ဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...