ပါတီမူဝါဒများကြောင့် တို်င်းရင်းသားပါတီများ အရေးနိမ့်ခဲ့ရခြင်းဟု အရပ်ဖက်များသုံးသပ်

ပါတီမူဝါဒများကြောင့် တို်င်းရင်းသားပါတီများ အရေးနိမ့်ခဲ့ရခြင်းဟု အရပ်ဖက်များသုံးသပ်
စအိုင်စူး — လက်ရှိ မြို့နယ်ကော်မရှင်အသီးသီး၏ ထုတ်ပြန်ကြေညာချက်များအရ ကရင်ပြည်နယ်အတွင်းဝင်ရောက်ယှဉ် ပြိုင်သည့် တို်င်းရင်းသားပါတီများ အရေးနိမ့်ရခြင်းသည့် ပါတီ၏ ချမှတ်ထားသော မူဝါဒများကြောင့် ဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုခဲ့သည်။

သွီး လူထုအခြေပြုလူမှုကူညီရေး အထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်းဇော်က “ လက်ရှိ ကရင်ပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ အရေးနိမ့်တာက သူတို့ပါတီရဲ့ ပါတီမူဝါဒတွေ နောက်ပြီး နည်းဗျူဟာတွေ၊ လုပ်ဆောင်ချက်နဲ့ ခံယူချက်ပိုင်းတွေအဲ့ဒါတွေနဲ့ အများကြီး သက်ရောက်တယ် လို့ကျနော့် အနေနဲ့မြင်တယ်။နောက်ပြီး အခြားပါတီကြီးတွေနဲ့ ယှဉ်ရင် နို်င်ငံရေးအတွေ့အကြုံပိုင်းနဲ့ စည်းရုံးရေးပိုင်းမှာအား နည်းတာ ကြောင့်လည်းဖြစ်တယ် ” ဟု ရွေးကောက်ပွဲသတင်းခန်း သို့ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်များတွင် တိုင်းရင်းသားပါတီမှ အနိုင်ရသူများရှိပြီး ၎င်းတို့၏ လုပ်ငန်းအကောင် အထည်ဖော်မှုပိုင်းများနှင့် လူမှုအသို်င်းအဝိုင်းများတွင် ပါဝင်ပူးပေါင်းလုပ်ဆောင်မှုများ၊လူမှုအသို်င်းအဝိ်ုင်း၏ အရေးကိစ္စရပ်များအား တင်ပြဆွေးနွေး နိုင်မှုမှာ အားနည်းမှုများ ကြောင့်လည်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု မန်းသိန်းဇော်က ဖြည့်စွက်ပြောသည်။

ကရင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၈ပါတီဝင်ရောက် ယှဉ်ပြိုင်အရွေးခံပြီး မွန်၊ကရင်၊ပအိုဝ် တို်င်းရင်းသား ပါတီ ၁၀ပါတီဝင်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း လက်ရှိ မြို့နယ်ကော်မရှင်များ၏ ထုတ်ပြန်ချက်များ အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-NLDမှ အများဆုံး အနိုင်ရရှိ ထားသည်။

ကရင်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ စောကျော်စွာက “ ကရင်ပြည်နယ်အတွင်းမှာ ကရင်ပါတီတွေ ရှုံးနိမ့်ရတာကပါတီရဲ့မူဝါဒကို ရှင်းလင်း ပြတ်သားစွာ ချမှတ်နိုင်ခြင်း မရှိဘူး။ ကရင်အမျိုးသားအ တွက် မားမားမတ်မတ်ရပ်တည်နိုင်မှု မရှိဘူး။နောက်ပြီးပါတီရန်ပုံငွေနည်းတော့စည်းရုံးရေးကိုအကွက်စိပ်စိပ် မဆင်းနိုင်တာလည်းပါတယ်။ ငါးနှစ်တာကာလမှာလည်း စည်းရုံးရေးလုပ်ငန်းမလုပ်နိုင်တာ ဒါကြောင့်ရှုံးနိမ့်တာ ဖြစ်တယ် ” ဟု ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ထို့အပြင် ဖားအံမြို့နယ်ထဲရှိ လာကာကျေးရွာမှ ဒေသခံ ဒေါ်ငွေမြင့် က ကျမတို့ ကိုယ့်တိုင်းရင်းသားပါတီထက် တခြား ပါတီတွေကိုမဲထည့်ရတာက ကျမတို့ဒေသမှာ အစိုးရကိုသူတို့နိုင်မှာမဟုတ်ဘူးဆိုတာသိတယ်လေး။ ဒါကြောင့် NLD ကိုမဲထည့်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့သိမ်းထားတဲ့လယ်မြေတွေကို သူတို့ ပြန်လုပ်ပေး နိုင်မယ်ထင်လို့ပါ ဟုရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ယနေ့ ၁၀ရက်နေ့ အထိ ကရင်ပြည်နယ် မြို့နယ်ကော်မရှင်အသီးသီး၏ ကြေငြာချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ ကော့ကရိတ်မြို့နယ်၊မြဝတီမြို့နယ်၊ဖားအံမြို့နယ် တို့တွင် မဲအပြတ်အသတ် အနိုင်ရရှိထားပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ၌ ပြည်နယ်လွှတ်တော် မှလွဲပြီးကျန်လွှတ်တော် အသီးသီးတွင် အနိုင်ရရှိထားသည်။

Most read this week

ကရင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်ရုံးခန်း ဖွင့်နေစဉ်
December 24, 2015
ယခင်စစ်အစိုးရလက်ထက်မှ လက်ရှိ ဦးသိန်းစိန်အစိုးရဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရလက်ထက် အထိ...
December 18, 2015
ရွေးကောက်ပွဲ ဥပဒေပုုဒ်မ ၅၈(ခ)သည် ရွေးကောက်မှုဆုုိင်ရာ အခွင့်အရေးကုုိ လွတ်လပ်စွာ...
December 17, 2015
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးက “...
ဒေါက်တာမြင့်စိုး(မြန်မာနိုင်ငံ ဆရာဝန်များအသင်း-ဖားအံအမှုဆောင်)
December 14, 2015
လုပ်ထားပေမဲ့လည်း ဒေါ်စုရဲ့ ပါတီကိုပဲကြည့်ပြီး မဲပေးပါဆိုပြီးတော့ NLDကပဲနိုင်သွားတာပေါ့။...