ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြု လက်မှတ်ရေးထုုိး

ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြု လက်မှတ်ရေးထုုိး
စံမောင်သန်း - ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်အပေါ် လက်ခံအသိအမှတ်ပြုကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ်၌ အရွေးခံရသည့် လွှတ်တော်အမတ်များနှင့် ၀င်ရောက်အရွေးခံခဲ့သူများက လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်တွေမြို့နယ်တွင် အရွေးခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များ၊ ၀င်ရောက် အရွေးခံခဲ့သူများ၊ မြို့နယ်ကော်မရှင်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့နယ် စည်ပင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တိုု့ ရွေးကောက်ပွဲရလာဒ်ကို ဒီထက်စောပြီး ထုတ်ပြန်နိုင်အောင် ကြိုးစားခဲ့ပေမယ့် အမှားအယွင်း မရှိအောင် ချင့်ချင့်ချိန်ချိန်နဲ့ စနစ်တကျ လုပ်ဆောင်ခဲ့ရတဲ့အတွက် ကြံ့ကြာနေခဲ့ပါတယ်။ ဒီကနေ့ အတည်ပြု ပေးလိုက်တဲ့ ရွေးကောက်ပွဲရ လာဒ်ကို ပြည်နယ်နဲ့ ပြည်ထောင်စုသို့ အဆင့်အဆင့် တင်ပြရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အချိန်မီ ထုတ်ပြန်ဖို့ တောင်းဆိုလာတဲ့အတွက် အတတ်နိုင်ဆုံး ဆောလျှင်စွာ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစောလှိုင်က ပြောသည်။

ရှုံးခြင်း၊ နိုင်ခြင်းကို ပဓာနမထားဘဲ ရလာဒ်ကို အသိအမှတ်ပြုပေးသည့်အတွက် တက်ရောက်လာသူများကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်တွင် အရွေးချယ်ခံခဲ့ရသော ဦးဝေစိန်အောင် (ANP)၊ ပြည်သူ့လွှတ်တော်တွင် အရွေးခံရသော ဦးမောင်သိန်းခိုင် (ANP) ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁ တွင် အရွေးခံရသော ဦးအေးသိန်း (ANP)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် အရွေးခံရသော ဦးကျော်ဇောဦး (တစ်သီးပုဂ္ဂလ) နှင့် ၀င်ရောက် အရွေးခံခဲ့သည့် ကိုယ်စားလှယ်လောင်း အများစု တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် အရွေးခံခဲ့ရသော ဦးကျော်ဇောဦး သည် ရခိုင်ပြည်နယ်တွင် တစ်ဦးတည်းသော အရွေးချယ်ခံခဲ့ရသည့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် အရွေးမခံမှီ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအတွင်းရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးချယ်ခံရပြီး နောက်ပိုင်းတွင်လည်း ရခိုင်အမျိုးသားပါတီတွင် ၀င်ရောက်လုပ်ကိုင် သွားမည်ဟု သိရသည်။

ယနေ့ညနေပိုင်းတွင် စစ်တွေမြို့နယ် ရွေးကောက်ပွဲရလာဒ်နှင့် မဲအရေအတွက်ကို အများပြည်သူ သိရှိနိုင်ရန် မြို့နယ်ကော်မရှင်ရုံးတွင် ကပ်မည်ဟု သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...