တောင်ကြီး၌ ကြိုတင်မဲများနှင့်ပက်သက်၍ ပါတီများမှ UEC သို့ကန့်ကွက်စာတင်

တောင်ကြီး၌ ကြိုတင်မဲများနှင့်ပက်သက်၍ ပါတီများမှ UEC သို့ကန့်ကွက်စာတင်
မြဝန်းရံ — တောင်ကြီးမြို့၌ ရှမ်းပြည်နယ်လွှတ်တော်၃ရပ်အပါအဝင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အတွက်မဲဆန္ဒနယ်ပြင်ပကြိုတင် မဲများ နှင့်ပတ်သက်၍ ပါတီ၄ခုက ကန့်ကွက်စာကို မြို့နယ်ကော်မရှင်ဥက္ကဌဦးရဲဖေ လက်သို့ ပေးအပ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကြိုတင်တင်မဲများနှင့်ပက်သက်၍ ပါတီ ၄ ခုမှ ယနေ့ညနေ ၄ နာရီတွင် ကော်မရှင်သို့တင်လိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာလ၈ရက်တွင်ကျင်းပခဲ့သောရွေးကောက်ပွဲ၌ရှမ်းပြည်နယ်မဲဆန္ဒနယ်ပြင်ပကြိုတင်မဲများအနက် ရပခတပ် မှ ၆၁၆ မဲ နှင့် ၂၂၂ ထောက်ပံတပ်မှ အောင်သပြေရပ်ကွက်မဲရုံသို့ပို့လာ သောကြိုတင် မဲ ၃၀၀ တို့အားတရားဝင်မဲအဖြစ်ရေတွက်ခြင်းအားကန့် ကွက်ကြောင်းနှင့် ပယ်မဲအဖြစ် သတ်မှတ် ပေးရန်။ စုံစမ်းစီစစ်ပေးရန် NLD ပါတီ SNLDပါတီ UNPOပါတီနှင့် SNDP ပါတီတို့က UEC သို့ ပြည်နယ်ကော်မရှင်မှတဆင့်ကန့်ကွက်စာပေးပို့ခြင်းဖြစ်သည်သိရသည်။

" ဒီကြိုတင်မဲတွေကိုလက်ခံရတဲ့ပုံစံ၁၈(၁)ကို ခုအချိန်ထိ ကော်မရှင် ကမပြနိုင် သေးဘူး။ ဒီမဲတွေဘယ်ကလာတယ်ဆိုတာ ဘယ်သူအပ်လဲဆိုတာ အဲဒီ ပုံစံမှာစစ်ကြည့်လိုက်ရုံပဲမလား"ဟု NLDပါတီမှကိုဝင်းနိုင်စိုးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ USDP ပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဦးစိုင်းဇော်ဇော်က ၎င်းအနေဖြင့် အဆိုပါမဲများနှင့်ပတ်သက်ပြီးလုံးဝမသိကြောင်း ပြုလုပ်ခဲ့ခြင်းမရှိ ကြောင်းနှင့် ကန့်ကွက်စာအတွက် ကော်မရှင်များ၏ အဆုံးအဖြတ်ချက် အတိုင်းသာဖြစ်ရမည်ဟု ဖြေကြားခဲ့သည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...