မသန်ပေမဲ့ စွမ်းတဲ့သူတွေရဲ့ နုုိင်ငံအပြောင်းအလဲအတွက် မဲပေး

မသန်ပေမဲ့ စွမ်းတဲ့သူတွေရဲ့ နုုိင်ငံအပြောင်းအလဲအတွက် မဲပေး
သုတလင်း — အေးမြသာယာက အခြေခံပညာမူလွန်ကျောင်းမှာ တည်ဆောက်ထားတဲ့ မဲရုံအမှတ် (၆၈)မှာ ယနေ့နေ့လည် ၁နာရီက မဲလာပေးခဲ့ကြတဲ့ မြစ်ကြီးနားမျက်မမြင်ကျောင်းမှ အမြင်အာရုံ ချို့တဲ့သူ နှစ်ဦးနဲ့လည်း ယခုလိုပဲ အင်တာဗျူးခဲ့ပါတယ်။

ဒေါ်ခါးရွယ်အောင် အသက် (၂၉)နှစ်

ကျွန်မရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် ကျွန်မလည်း နိုင်ငံသားတစ်ယောက်ပဲလေ။ မသန်ပေမယ့်စွမ်းရမယ် ဆိုတဲ့ခံယူချက်လည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့နိုင်ငံ အပြောင်းအလဲတစ်ခုဖြစ်ဖို့အတွက် မဲပေးသင့်တယ်လို့ ကျွန်မခံယူထားတယ်။ ဒီရွေးကောက်ပွဲပြီးသွားလို့ အရမ်းကြီးမအောင်မြင်တာမဟုတ်ရင်တောင် ဒီအခု လက်ရှိအခြေအနေထက်တော့ ပြောင်းလဲမယ်လို့ ကျွန်မခံယူ ယူဆပါတယ်။ ဆန္ဒမဲပေးတဲ့နေရာမှာ အဆင်မပြေဖြစ်ကြရတာနဲ့ ပတ်သတ်လို့ကတော့ ကြိုတင်ပြင်ဆင်တဲ့အပေါ်မှာမူတည် တယ်လို့ ကျွန်မအနေနဲ့ ထင်ပါတယ်။ စီစဉ်တဲ့သူတွေဘက်မှာ အားနည်းတယ်လို့ပဲ ပြောရမယ်။ အစိုးရသစ်တက်လာခဲ့ရင်တော့ အဓိက တိုင်းသူပြည်သားအားလုံး အတွက် စည်းလုံးညီညွတ်မှုရှိပြီး အားလုံးဥမကွဲသိုက်မပျက်ဘဲ တိုးတက်တဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ဖို့ ကျွန်မတောင်းဆိုချင်ပါတယ်။

Daw ma rit jar ngai

ဒေါ်မရစ်ဂျာငိုင်  အသက် (၄၁)

ကျွန်မတို့ပြည်သူတွေအတွက် တကယ်ကို လုပ်ပေးနိုင်မယ့် အစိုးရရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မမဲလာထည့်တာပါ။ ဒီမနက် ကလေးတစ်ယောက်မဲပေးခွင့်မရတဲ့အပေါ်မှာ စိတ်တော့မကောင်း ဖြစ်မိတယ်။ ပြောင်းလဲသွားလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ပြည်နယ်မှာဆိုရင် အားလုံးက လွတ်လွတ်လပ်လပ်ဖြစ်ချင်ကြတယ်။ တန်းတူအခွင့်အရေးတွေလည်း ရချင်တယ်။ အဲ့ဒီလိုရမယ်လို့တော့ ယုံကြည်ပါတယ်။ ဒါပေမယ့် မဲမပေးနိုင်တဲ့ လူတွေရှိတယ်လို့ ကြားတော့ စိုးရိမ်စိတ်နည်းနည်းပါးပါးတော့ဖြစ်မိပါတယ်။ ပြောင်းလဲမယ်ထင်ပေမယ့် အခက်အခဲတော့ အများကြီးရှိတာပေ့ါ။ အစိုးရသစ်တစ်ရပ်ပေါ်လာဖို့မျှော်လင့်ပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...