စစ်တွေမြို့ပေါ်တွင် မဲဆန္ဒရှင်အများစု ရခိုင်အမျိုးသားပါတီကို မဲထည့်ကြဟုုဆုုိ

စစ်တွေမြို့ပေါ်တွင် မဲဆန္ဒရှင်အများစု ရခိုင်အမျိုးသားပါတီကို မဲထည့်ကြဟုုဆုုိ
စံမောင်သန်း — ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ နံနက် ၆ နာရီမှ စတင်ပြီး မဲဆန္ဒရှင်များကမဲပေးလျက်ရှိရာ စစ်တွေမြို့ပေါ် ရပ်ကွက်များတွင် မဲဆန္ဒရှင်အများစုသည် ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့ကြသည်ဟု သတင်းရရှိသည်။

ကျောင်းတက်လမ်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ မိဇံရပ်ကွက်များတွင် မဲပေးခဲ့ကြသော မဲဆန္ဒရှင်များကို မေးမြန်းကြည့်ရာ ရခိုင်အမျိုးသားပါတီကို မဲထည့်ခဲ့ကြသည်ဟု သိရသည်။

“ရခိုင်အမျိုးသားတစ်ယောက်အနေနဲ့ ရခိုင်ပါတီကို မဲထည့်တာပဲကောင်းတယ်ဆိုပြီးတော့ ရခိုင်အမျိုးသားပါတီကို မဲထည့်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ရခိုင်အမျိုးသားပါတီက ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် မဲပေးခဲ့တာဖြစ်ပါတယ်။ မဲပေးတဲ့အခါ လွတ်လပ်လပ်ပေးခွင့် ရှိပါတယ်”ဟု ကျောင်းတက်လမ်း ရပ်ကွက်တွင် မဲပေးခဲ့သူ ဦးကျော်လှိုင်ကပြောသည်။

ကျောင်းတက်လမ်းရပ်ကွက်တွင် မဲပေးခွင့်ရရှိသူ ၁၈၀၀ ကျော်ရှိသည်ဟု သိရသည်။

အောင်မင်္ဂလာရပ်ကွက်တွင် မဲပေးခဲ့သူ ဦးသန်းရွှေကလည်း ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့သည်ဟု သိရသည်။

IMG 9350

အောင်မင်္ဂလာရပ်ကွက်တွင် မဲပေးခွင့်ရရှိသူ ၉၆၇ ဦးရှိပြီး၊ ကမန် ၂၆ ဦးပါဝင်ကာ ဟိန္ဒူနှင့် မာရမာကြီးများလည်း မဲလာပေးကြသည်ဟု သိရသည်။

“ကျွန်မတို့ မိသားစု ၃ ယောက်လုံး ရခိုင်အမျိုးသားပါတီကိုပဲ မဲပေးခဲ့ပါတယ်။ အိမ်နားချင်း တွေကလည်း ရခိုင်အမျိုးသားပါတီကိုပဲ မဲပေးခဲ့ကြပါတယ်။ ဒီလို ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့ရတာကတော့ ရခိုင်ပြည်နယ်ကို ရခိုင်အမျိုးသားတွေကပဲ အုပ်ချုပ်ခွင့်ရရှိအောင်လို့ ဖြစ်ပါတယ်”ဟု ဒေါ်နီမချေက BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း မဲရုံများကို စောင့်ကြည့်စစ်ဆေးလျှက်ရှိရာ မဲပေးမှု စနစ်ကျပြီး အဆင်ပြေချော့မွေ့မှုရှိသည်ဟု ဆိုသည်။

“မဲရုံ ရ ရုံကျော်လောက်ကို စောင့်ကြည့် စစ်ဆေးပြီးပါပြီ၊ မဲရုံတစ်ရုံမှာဆိုရင် မဲရုံစောင့်တွေက အပြင်ကိုထွက်ပြီး စကားပြောနေတာတွေကို တွေ့ခဲ့ရတဲ့အတွက် မဲရုံဧရိယာအတွင်းမှာ နေကြဖို့ ထိန်းပေးဖို့ကို မဲရုံမှူးကို မှာကြားပေးခဲ့ရပါတယ်”ဟု ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် အရွေးခံထားသူ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးအောင်မြကျော်ကပြောသည်။

တစ်ချို့မဲရုံများတွင် မဲပေးသူ ၁၈၀၀ ကျော်နှင့် ၂၀၀၀ ကျော်ထိရှိသဖြင့် သတ်မှတ်ထားချိန်အတွင်း မဲမပေးနိုင်ကြမည်ကို မဲဆန္ဒရှင်များ စိုးရိမ်လျက်ရှိသည်ဟု လေ့လာသိရှိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...