မဲပေးရာ၌ အခက်အခဲကြံုခဲ့ရတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းက မဲဆန္ဒရှင်များ

မဲပေးရာ၌ အခက်အခဲကြံုခဲ့ရတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းက မဲဆန္ဒရှင်များ
သုတလင်း — မြစ်ကြီးနားမြို့နယ် အေးမြသာယာရပ်ကွက်မှာရှိတဲ့ မဲရုံအမှတ် (၆၈)၌ ယနေ့နေ့လည် ၁နာရီက မြစ်ကြီးနားမျက် မမြင်ကျောင်းမှ ဆန္ဒမဲပေးမည့် အမြင်အာရုံချို့သူ (၃၀)ဦး လာရောက်မဲပေးခဲ့ကြပြီး အခက်ခဲများကြုံခဲ့ရကြောင်းသတင်းရရှိသည်။

မြစ်ကြီးနားမျက်မမြင်ကျောင်းမှ မသန်စွမ်းစုစုပေါင်း (၄၅) ယောက်မဲပေးခွင့်ရရှိခဲ့တာဖြစ်ပြီး ကျန် (၁၅)ဦးမှာတော့ ဒီကနေ့မနက်ပိုင်းက ဂျာမိုင်ကောင်းတွင်ရှိသော မဲရုံအမှတ် (၆၇)၌မဲပေးခဲ့ကြကြောင်း မျက်မမြင်ကျောင်း အတွင်းရေးမှူး ဒေါ်ဒေါင်လမ်းက BNI သတင်းခန်းသို့ဖြေကြားသည်။

မြစ်ကြီးနားမြို့နယ် မျက်မမြင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်ခင်ဝင်းမြင့်ဆွေကမဲပေးရတာနဲ့ပတ်သတ်၍ သူမကျောင်းက သူတွေအဆင်မပြေတာနဲ့ ပတ်သတ်လို့ ယခုလိုပြောသွားသည်။

“ ပထမတုန်းကတော့ မဲရုံမှူးတွေနဲ့ မျက်မမြင်ကျောင်းက တာဝန်ရှိတဲ့ ဆရာတွေနဲ့ သွားပြီး ညှိတဲ့အခါမှာ သူတို့ဘက်ကလည်း ကူညီပေးမှာပေါ့။ ဒီကလူတွေက အမြင်အာရုံနည်းတယ်လေ။ အဲ့ဒီတော့ ဒီရောက်လို့ရှိရင် အဆင်မပြေဖြစ်မှာပေါ့။ ဒါပေမယ့် သူတို့လည်း အရမ်းအလုပ်များလို့လား ဘာလားတော့မသိဘူး။ ထည့်ရတယ့်နေရာက အဆင်မပြေတာမှာ မနက်ပိုင်းထည့်တဲ့ ညီအစ်ကို မောင်နှမတွေပြောပုံအရဆိုရင် မဲရုံကလည်း သိပ်ပြီးလုံလုံခြံုခြံုမရှိဘူးလို့ပြောတယ်။ အရမ်းဆူညံကြတာပေါ့။ ထည့်တဲ့အခါမှာ တန်းစီတာကအစ စနစ်တကျသိပ်မဖြစ်တဲ့အနေ အထားတွေရှိတယ်။ အဲ့ဒီမှာ ကျွန်မဖြစ်စေချင်တာက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက မသန်စွမ်းတွေအတွက် နည်းနည်းကူညီမှုအပိုင်းကို လုပ်ပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်မြင်တယ်။ လေးငါးယောက်လောက်ပေါ့။ မသန်စွမ်းတွေအတွက် ကူညီဖို့ပေါ့။ မြင်တဲ့လူကတော့ ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေသလိုထည့်လို့ရတယ်။ ကျွန်မတို့မှာပါလာတဲ့လူတွေကလည်း မမျှဘူးဖြစ်နေတာပေါ့”ဟု ဒေါ်ခင်ဝင်းမြင့်ဆွေက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

DSCF8044

အချို့သောတိုင်းဒေသ/ပြည်နယ်များမှာ မသန်စွမ်းသူများအတွက် သီးသန့်မဲရုံဆောက်ထားပေးခြင်းရှိပေမယ့် မြစ်ကြီးနားမြို့နယ်နှင့် ပတ်သတ်ပြီး မဲပေးရသည့် အနေအထားပေါ်တွင်လည်း ဒုတိယကျောင်းအုပ် ဒေါ်ခင်ဝင်းမြင့်ဆွေက ယခုလို့ထပ်မံသုံးသပ်ပြော ဆိုခဲ့သည်။

" အစကတော့ ကျွန်မတို့မသန်စွမ်းတွေထည့်နိုင်အောင် ပလိပ်ပြားလေးပေါ်မှာ မျက်မမြင်လိုလည်း ရေးထားတယ်။ အဲ့ဒီကြားထဲမှာ တံဆိပ်လေးတွေညှပ်ပြီးထည့်နိုင်ဖို့ ညှိထားတယ်။ အားလုံးလည်း ဒီမှာသင်တန်းလာပေးထားတယ်။ ခုကျတော့ ဟိုမှာ အဲဒီလို ညှပ်ဖို့မပြောနဲ့ အဲ့ဒီပလိပ်ပြားလေးတောင် ထုတ်လို့မရဘူး။ ခုဒီမှာ အချိန်လည်းမရဘူး။ ကူညီတဲ့ သူလည်းအားနည်းတယ်။ " ဟုဆက်ပြောသည်။

ထိုပြင်  ဂျာမိုင်ကောင်းမဲရုံတွင် သွားရောက်မဲပေးကြသော မသန်စွမ်းမျက်မမြင် လူငယ်တစ်ဦးသည် အမည်စာရင်းမှားယွင်းနေသောကြောင့် မဲလုံးဝပေးခွင့်မရခဲ့ကြောင်းသိရသည်။

မဲရုံအမှတ် (၆၈)တွင် မဲပေးနိုင်သူ လူဦးရေက (၃၃၃၂) ဦးရှိပြီး အဆိုပါစာရင်းထဲတွင် မဲလာပေးသူ မသန်စွမ်း  (၃၀) ပါဝင်းကြောင်း ရပ်/ကျေးမဲရုံကော်မရှင်ဥက္ကဌထံမှသိရသည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...