ကချင်ပြည်နယ်၌ တိုင်းရင်းသား မဲဆန္ဒရှင်များ မဲပုံးသုံးပုံးသာထည့်ခဲ့ရ

ကချင်ပြည်နယ်၌ တိုင်းရင်းသား မဲဆန္ဒရှင်များ မဲပုံးသုံးပုံးသာထည့်ခဲ့ရ
by -
စိုင်းအောင်မျိုးလွင်
စိုင်းအောင်မျိုးလွင် — မိုးညှင်​းမြို့နယ်​ အင်​း​တော်​ကြီး ​ဒေသနန်​့မီး​လောင်​ ​ကျေးရွာ၌ ရှမ်​းမှတ်​ပုံတင်​ကိုင်ထားသော်လည်း သက်​​သေခံလက်​မှတ်​တွင် လူမျိုးအမည်​မပါတာ​ကြောင်​့ မဲပုံးသုံးပုံးသာထည်​့ခဲ့ရ​ကြောင်​း ​​ဒေသခံဖြစ်သူ ဒေါ်တင်​ညွှန်​့က​ပြောသည်။

၎င်းနဲ့အတူ လူအယောက်၂၀​ ခန့် မထည့်ရကြောင်းသိရသည်။

တိုင်​းလိုင်​ရှမ်​းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်​​ရေးပါတီ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​စိန်​မြင်​့တို့ မိသားစုတွင်လည်​း အလားတူဖြစ်​ရပ်​မျိုးကြံုတွေ့ခဲ့လို့ ​ကော်​မရှင်​ကိုတင်​ပြလိုက်သောကြောင့် မဲ​လေးပုံး ထည်​့ခွင်​့ရခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား၊ ရှမ်​းတိုင်းရင်းသား၊​ ဗမာတိုင်းရင်းသား တစ်​ခုခု​တော့ထည့်​ရမယ်​​လေ ဟု တိုင်​းလိုင်​ရှမ်​းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်​​ရေးပါတီက ကချင်ပြည်နယ် ​​​ရှမ်​းတိုင်​းရင်း သား​ရေးရာ ကိုယ်​စားလှယ်​​လောင်​း ဦး​ကျော်​ဦး က​ပြောသည်​။

​အလားတူ ဖားကန်​့ဘက်​တွင်လည်​း မဲပုံးသုံးပုံးသာ ထည်​့ရသည့်ကိစ္စဖြစ်​​နေသည်ဟု ဖားကန်​့မြို့နယ်​ ရှမ်​းနီ ပါတီဥက္ကဌ ကိုခင်​​မောင်​လွင်​ က​ပြောပါသည်။

မဲပုံးသုံးပုံးပဲ ထည်​့ရတဲ့ကိစ္စ ကချင်​ပြည်​နယ်​ ​ရွေး​ကောက်ပွဲကော်မရှင် ဥက္ကဌ ဦး​မောင်​​မောင်​ကွန်​း က​တော့ မ​နေ့က​ပြောရင်​လုပ်​လို့ရ​ပေမယ်​့ ဒီက​နေ့​တော့ ဘာမှ လုပ်​လို့မ​ရ​တော့ဘူးလို့​ပြောသည်။

ကချင်​ပြည်​နယ်​တွင် လီဆူ ရဝမ်​ ရှမ်​း နှင့် ဗမာတိုင်​းရင်​းသား​ရေးရာဝန်​ကြီးကိုသာ မဲထည်​့ရမည်ဖြစ် သည်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...