စဝ်စံထွန်းရပ်ကွက်ရှိ မဲရုုံအမှတ် ၅တွင် ပြင်ပမဲများရောက်ရှိ

စဝ်စံထွန်းရပ်ကွက်ရှိ မဲရုုံအမှတ် ၅တွင် ပြင်ပမဲများရောက်ရှိ
မြဝန်းရံ — ရှမ်းပြည်တောင်ပို်င်း၊ တောင်ကြီးမြို့စဝ်စံထွန်းရပ်ကွက်အတွင်းရှိအထက(၇) ကျောင်းဝန်းအတွင်းမှ မဲရုံအမှတ်၅ ၌ မဲရုံ ဖွင့်ပြီး နံနက်၁၀နာရီ၄၅မိနစ်ခန့်တွင် ပြင်ပမဲများရောက်ရှိနေသည်ဟုသတင်းရရှိသဖြင့် ပါတီကိုယ်စားလှယ်များ က စောင့်ကြည့်နေကြောင်း NLDပါတီ၏ကိုယ်စားလှယ်လောင်းထံမှသတင်းရရှိသည်။

အဆိုပါမဲရုံမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်အနီးအနားရှိတပ်များမှ တပ်မတော်သားများ၊မိသားစုများအတွက် ဖွင့်လှစ်ထားသောမဲရုံဖြစ်ကြောင်းသိရသည်။ မဲဆန္ဒရှင်စာရင်း ၂၉၉၄ဦးရှိပြီးကြိုတင် မဲ၄၂၆ မဲပေးထားကြောင်းသိရပြီး ထိုသို့ အချိန်လွန်မှလာပေးသောပြင်ပမှရောက်လာသည့် မဲမှာ ၆၁၆မဲ ရှိသည်ဟုမဲရုံမှူးထံမှသိရသည်။

" အချိန်ကျော်ပြီးရောက်လာတဲ့အပြင် ပြင်ပမဲဆိုပြီး မဲစာရွက်အဝါတွေစည်းထားတာတွေ့ရတယ်။ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ထားတယ်။ မဲရုံမှူးကတော့စာရင်းမထည့်ဘူးပြောတယ်" ဟု တောင်ကြီးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှကိုယ်စားလှယ်လောင်း ဒေါက်တာဒေသန်းငွေကပြောသည်။

မဲရုံများလိုက်လံကြည့်ရှှုနေသည့်တောင်ကြီးခရိုင်ကော်မရှင်ဥက္ကဌဦးတင်ဦးက" ဒါကတော့ဘယ်လိုပဲဖြစ်ဖြစ် အချိန် ကျော်မှရောက်လာ တာဖြစ်ရင် ပယ်မဲလို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်" ဟု ဖြေကြားခဲ့သည်။

" ကျမတို့ မနက်၅နာရီကျော်လောက်ကစပြီးလာတန်းစီနေတာပါ။ ယောကျာ်းတွေကတစ်တန်း မိန်းမတွေက တစ်တန်းစီ ရတယ်။ ကြိုတင်မဲကတော့ နာမကျန်းသူတွေနဲ့ မသန်စွမ်းတွေ ခရီးထွက်နေသူတွေပဲပေးထားတာ" ဟု တပ်မတော်မိသားစုတစ်ဦးကဖြေပါသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...