ကြိုတင်မဲပုံး မနက်၆နာရီထက် နောက်ကျမှ ပို့သဖြင့်ပယ်မဲအဖြစ် သတ်မှတ်ရန် ပ.အ.မ.ဖပါတီမှ တောင်းဆို

ကြိုတင်မဲပုံး မနက်၆နာရီထက် နောက်ကျမှ ပို့သဖြင့်ပယ်မဲအဖြစ် သတ်မှတ်ရန် ပ.အ.မ.ဖပါတီမှ တောင်းဆို
မြဝန်းရံ — ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊တပ်မတော်နည်းပညာတက္ကသိုလ်အတွင်းရှိမဲရုံ၌  နံနက်၆နာရီထိုးသည်အထိ ကြီုတင်မဲများရောက်မလာသဖြင့်ပယ်မဲအဖြစ်သတ်မှတ်ပေးရန် ပ.အ.မ.ဖ ပါတီကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

" ပယ်မဲပေါင်း ၅၆၇ရှိတယ်။  မနက်၅နာရီခွဲကတည်းကကျွန်တော်တို့ရောက်နေတယ်။ ဒေသကော်မရှင်အတွင်းရေးမှူး ဦးကိုကိိုအောင်လဲရှိတယ်။ မြို့နယ်ကော်မရှင်အတွင်းရေးမှူးဦးကျော်နိုင်ကိုလဲပြောလိုက်ပါတယ်။ဦးကျော်နိုင်ကတော့ ဒါက ကော်မရှင်ရဲ့အပိုင်းလို့ပဲပြောလိုက်တယ်" ဟု ပ.အ.မ.ဖပါတီကိုယ်စားလှယ်လောင်း ဥိးခွန်ဇော်ထွန်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်ဦးက မဲရုံဖွင့်ချိန်၆နာရီထက်နောက် ကျတဲ့ ကြိုတင်မဲတွေကိုတော့ပယ်မဲအဖြစ်သတ်မှတ်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် သယ်ယူရန်ခက်ခဲ၍အချိန်အနည်းငယ် နောက်ကျတတ် ရာကြိုတင်မဲပုံးကိုစစ်ဆေးပြီးအနေအထားမပျက်သဖြင့်ပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူ များကကျေနပ်လက်ခံလျှင်မူ ဆွေးနွေးညှီနှိုင်းသင့်ကြောင်းပြောသည်။

အဆိုပါမဲရုံတွင် မဲဆန္ဒရှင်ပေါင်း၃၅၆၀ရှိသည်ဟုသတင်းရရှိသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...