ကော်မရှင်များကုုိယ်တုုိင် မဲပေးရန် လုုပ်ငန်းအားနည်း

ကော်မရှင်များကုုိယ်တုုိင် မဲပေးရန် လုုပ်ငန်းအားနည်း
သုတလင်း — မြစ်ကြီးနားမြို့တွင်းနဲ့ အနည်းငယ်လှမ်းတဲ့ မဲဆန္ဒနယ်အမှတ်၂ အတွင်းရှိ  မြို့ပြင်ရွာလေးတွေအတွက် ဖွင့်ပေးထားသော မဲရုံအမှတ် (၈၀)(၈၁)နဲ့ (၈၂) မှာတော့ ကော်မရှင်တွေ ကိုယ်တိုင်က မဲပေးဖို့လုပ်ငန်း အပိုင်းတွေမှာ အားနည်းနေတယ်လို့ အဲ့ဒီမဲဆန္ဒနယ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကချင်ဒီမိုကရက်တစ်ပါတီက ဦးလွမ်းဇောင်းက BNI သတင်းဌာနကို ဖြေကြားပါတယ်။

FB IMG 1446955887851ကျေးရွာတွေဖြစ်တဲ့အတွက် တောင်ယာလုပ်သူတွေဖြစ်ကျတာကြောင့် မဲစာရင်းစစ်ဆေးခိုင်းတဲ့အချိန်တွေမှာ မဲစာရင်းလာရောက်စစ်ဆေးဖို့ ပြည်သူတွေဘက်က  အားနည်းခဲ့တာ မှန်ပေမယ့် နိုင်ငံသားမှတ်ပုံတင် ရှိထား တာကြောင့် မဲပေးခွင့်ရမယ်လို့ ယုံကြည်ပြီး မဲလာရောက်ပေးသူတွေ များပြားတယ်လို့လည်း သိရပါတယ်။ သို့ပေမယ့် မဲပေးနိုင်မယ့် လူတွေအတော်များများ မဲပေးဖို့ ငြင်းပယ်ခံနေရတာတွေရှိတယ်လို့လည်း ဦးလွမ်းဇောင်း ကပြောပါတယ်။

"ဒီလိုဖြစ်တဲ့ကိစ္စက တော်တော်လေးများလာပါပြီ။ ဒါကကချင်တစ်ပြည်နယ်လုံးနဲ့ ဆိုရင် တော်တော်လေးပြဿနာရှိပြီး ဒေသကို ကိုယ်စားပြုနိုင်တဲ့ မဲဆန္ဒရှင်တွေဆုံးရှံုးဖို့  ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်ရတဲ့အပိုင်းရှိပါတယ်" လို့ ဦးလွမ်းဇောင်းက ဖြေကြားပါတယ်။

ဒါ့အပြင် အဲ့ဒီမဲရုံသုံးရုံရဲ့ အရှေ့မှာ တပ်မတော်က လုံခြံုရေးအရတာဝန်ယူစောင့်ကြပ်တယ်ဆိုပြီး ယူနီဖောင်းများနဲ့ စစ်သား ၂၅ ဦးခန့် မဲရုံ မျက်နှာချင်းဆိုင်မှာ ရှိနေတာကြောင့် ဒေသခံတွေမဲပေးတဲ့နေရာမှာ အခက်အခဲရှိနိုင်တယ် လို့လည်း သိရပါတယ်။

"သတ္တိရှိရှိနဲ့ မဲပေးရဲတဲ့သူရှိရင်တောင် သူတို့ စိတ်ပိုင်းဆိုင်ရာအရတော့ ကြောက်နေကြပါတယ်။ မဲပုံးသယ်သွားတဲ့အခါ တိုက်ပွဲများ ပြန်ဖြစ်မလားဆိုပြီးတော့ပေါ့" လို့ ဦးလွမ်းဇောင်းက သူမြင်တွေ့ခဲ့ရတာနဲ့ ပတ်သတ်ပြီး သုံးသပ်ပြောကြားပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...