မြို့သစ်ကြီးရပ်ကွက် (ဂျာမိုင်ကောင်း) ရှိမဲရုံများ၌ မဲပေးသူများအခက်ခဲရှိနေဟုဆို

မြို့သစ်ကြီးရပ်ကွက် (ဂျာမိုင်ကောင်း) ရှိမဲရုံများ၌ မဲပေးသူများအခက်ခဲရှိနေဟုဆို
ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးမြင့်အောင် မဲပေးနေမှုများကိုကြည့်နေစဉ်
ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးမြင့်အောင် မဲပေးနေမှုများကိုကြည့်နေစဉ်
သုတလင်း — မြစ်ကြီးနားမြို့နယ် မြို့သစ်ကြီးရပ်ကွက်(ဂျာမိုင်ကောင်း) မဲရုံအမှတ် (၆၇)မှာတော့ ဒီကနေ့ နံနက်မဲရုံဖွင့်ဖွင့်ချင်းမဲပေး ရာမှာပဲ လူတန်းရှည်ကြီး ဖြစ်သွားခဲ့ပါတယ်။

ဂျာမိုင်ကောင်းဒုက္ခသည်စခန်းက လူတွေအပြင် မျက်မမြင်ကျောင်းက လူတွေပါ ဒီမဲရုံမှာ ပေးကြမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ မဲရုံအမှတ် (၆၆)မှာ လူဦးရေ ၃၀၀၀ အထိသာ လက်ခံမဲပေးခွင့်ပြုထားပြီး မဲရုံအမှတ် (၆၇)မှာလည်း ၃၀၀၀ မှ ၅၃၀၀ အထိသာ စာရင်းရှိနေပြီး နံပါတ်စဉ်  ၅၄၀၀ ရဲ့နောက်ပိုင်းက လူတွေမဲပေးဖို့ အဆင်မပြေဘူး ဖြစ်နေကြပါတယ်။

DSCF8014
မဲပေးခွင့်မရသူ မအေးမိုးမြင့် မဲရုံတန်းစီနေစဉ်

အဲဒီလို မဲပေးခွင့်မရသေးတဲ့ မအေးမိုးမြင့် အသက် ၃၂ နှစ် Guide ဆရာမတစ်ဦးကတော့ သူမဲပေးခွင့်မရသေးတာ ၊ စာရင်းထဲမှာ မဲပေးဖို့ မဲရုံစာရင်းထဲမှာ မပါတာနဲ့ ပတ်သတ်ပြီး ရပ်ကွက်/ကျေးရွာမဲရုံကော်မရှင်ဥက္ကဌ ဦးမြင့်အောင်အပါအဝင် မဲရုံတာဝန်ရှိသူတွေကို သေချာမေးမြန်းနေပါတယ်။

သူမအနေနဲ့ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူထားပြီးဖြစ်တာတောင် အဲ့ဒီစာရွက်ပေါ်က နံပါတ်နဲ့ မဲပေးလို့မရတဲ့အပေါ် BNI သတင်းဌာနကို ယခုလိုပဲဖြေကြားပေးခဲ့ပါတယ်။

" သူတို့ ပထမဆုံးအိမ်မှာ အိမ်ထောင်စုစာရင်းလာကောက်တယ်။ ကျွန်မအစ်မရယ်၊ ကျွန်မခဲအိုရယ်၊ ကျွန်မရယ်၊ ကျွန်မညီမလေးရယ်ပေါ့။ အဲ့ဒီမှာကျွန်မခဲအိုရယ်၊ ကျွန်မညီမရယ်ကစာရင်းမှာပါခဲ့တယ်။ ကျွန်မနဲ့ ညီမလေးနဲ့က မပါဘူး။ မပါလို့ထပ်သွားပြောတယ်။ နာမည်မပါဘူးပြောတော့ ပါပါမယ် အစ်မ။ ဘယ်ရက်လောက်ကို ကပ်မှာလည်းဆိုတော့ ကပ်မယ့်ရက်ကမပြောနိုင်ဘူးတဲ့။ ကျွန်မကလည်း ခရီးထွက်စရာရှိတယ်။ ရက်ကို အတိအကျပြောပေးနိုင်မလား ဆိုတော့ ပြောမပေးနိုင်ဘူးတဲ့။ ကျွန်မ ၄ ရက်နေ့မှာ ခရီးကပြန်ရောက်တယ်။ လာတယ်။ နာမည်ရှာတယ် မတွေ့ဘူး။ တွေ့တော့ သွားပြောတော့လည်း ရှာပေးပါ့မယ်ဆိုပြီးတော့ ဖြစ်မလာဘူး။ နောက်ရက် ကျွန်မခဲအိုနဲ့သွားတော့ ပါလာတာက တိုင်းရင်းသားမှာပဲပါလာတယ်။ လွှတ်တော်သုံးရပ် မှာပါမလာဘူး။ ကျွန်မက လွှတ်တော်သုံးရပ်ကိုပေးချင်တယ်။ လွှတ်တော်သုံးရပ်ကို ပေးရမှဖြစ်မယ်ပြောတော့ နောက်ရက် တစ်နာရီ ပြန်ဖုန်းဆက်ပါ့မယ် ပြန်လာခဲ့ပါဆိုတော့ နောက်တိုးစာရင်း ထဲဖြစ်သွားတယ်။ ခု မဲရုံ ၆၆ ဆိုလို့ သွားတယ်။ မနက် ၄နာရီခွဲထသွားတယ်။

ရှေ့မှာ ဆယ်ယောက်ပဲရှိတယ်။ သွားတော့ သူတို့မဲရုံမှာ ၃၀၀၀ ကျော်ထိပဲလက်ခံတယ်။ ငါးထောင်ကျော်လက်မခံဘူးတဲ့။ ဘယ်မဲရုံသွားရမှာလည်းဆိုတော့ မဲရုံမှူးက ကျွန်မတို့မသိဘူးတဲ့။ အဲ့ဒီလိုမရဘူးဆိုတော့ ဂျာမိုင်ကောင်းကို သွားပါဆိုပြီးပြောတယ်။ ခုဂျာမိုင်ကောင်းမှာ ငါးထောင်တော့ကျော်တယ်။ ကျွန်မတို့ ၅၄၀၀ အထိ မပါဘူးဖြစ်နေတယ်” ဟု သူ့မ၏ခံစားချက်ကိုပြောပြခဲ့ပါတယ်။

ဒါ့အပြင် မြို့သစ်ကြီးရပ်ကွက်မှာ မဲပေးဖို့တန်းစီစောင့်ဆိုင်းတဲ့အခါ ရှေ့ဆုံးရောက်သူတွေကို အရင်ပေးဝင်ပြီး မဲပေးခွင့်မပြုဘဲ နံပါတ်စဉ်အလိုက် ခေါ်တာတွေကြောင့်နောက်မှရောက်သူတွေက နံပါတ်အရင်ရှေ့ကျတာကြောင့် မဲပေးခွင့်အရင်ရတာတွေရှိခဲ့ပြီး မဲပေးသူတွေနဲ့ မဲရုံအကြား အဆင်မပြေမှုတွေဖြစ်နေတာလည်းရှိပါတယ်။ မဲရုံကော်မရှင်ကတော့ ဒီလို နံပါတ်နဲ့ ခေါ်ယူတာတွေ မရှိဘူးလို့ ပြောပါတယ်။

သို့ပေမယ့် နံနက် ၆ နာရီကတည်းက မဲပေးဖို့ လာရောက်တန်းစီနေခဲ့တဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးဖြစ်သူ ကိုဇယ်ခေါင် အသက် ၂၂ နှစ်ကတော့ အခြေအနေကိုခုလိုပြောပြပေးခဲ့ပါတယ်။

"ဒီလိုမျိုးအခြေအနေတွေ မဲပေးမယ့်သူတွေ အဆင်မပြေဖြစ်ရတာက ဘယ်လိုပြောရမလဲ ဒါကိုလုပ်တဲ့လူတွေ မစေ့စပ်မသေချာတာလို့ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ကျွန်တော်တို့က စောစောစီးစီးလာတယ်။ ဒါပေမယ့် နောက်က လာတဲ့နံပါတ်တွေက ကျွန်တော်တို့နံပါတ် ငါးထောင်ကျော်ထက် ရှေ့ရောက်ပြီး တစ်ထောင်ကျော်တွေ ဆိုတော့ ကျွန်တော်တို့ကအရင်လာတန်းစီပြီး အနောက်ပြန်ရောက်သွားတာပေါ့။ စောစောစီးစီးလာပြီး ကြိုးစားတဲ့ဟာက အလဟသဖြစ်ခံရတယ်"

ဒါ့အပြင် မဲရုံအတွင်း သတင်းမှတ်တမ်းဓါတ်ပုံရယူခွင့်ကိုလည်း မပေးနိုင်ဘူးဆိုပြီး ရပ်/ကျေး မဲရုံကော်မရှင်ဥက္ကဌ ဦးမြင့်အောင်က ပြောပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...