မဲပေးရသည်မှာ လွတ်လပ်၍ စိတ်ချမ်းသာမှုရှိဟု မဲဆန္ဒရှင်များပြော

မဲပေးရသည်မှာ လွတ်လပ်၍ စိတ်ချမ်းသာမှုရှိဟု မဲဆန္ဒရှင်များပြော
စံမောင်သန်း — နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီမှ စတင်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲပေးလျက်ရှိကြရာ မဲပေးရသည်မှာ လွတ်လပ်မှုရှိ၍ စိတ်ချမ်းသားမှုရှိသည်ဟု ဆိုသည်။

 “တိုင်းပြည်သာယာရေးအတွက် မဲလာပေးတာဖြစ်ပါတယ်။ မဲပေးရတာ လွတ်လပ်မှုရှိလို့ စိတ်ချမ်းသာပါတယ်”ဟု အသက် ၈၇ နှစ်အရွယ် ဒေါ်ငွေအေးကပြောသည်။

 လွှတ်တော်ကိုယ်စားလှယ်လာင်းများကလည်း မဲရုံသို့လာရောက် စစ်ဆေးလျက်ရှိရာ ယခုလက်ရှိ မဲပေးနေသည့် အခြေအနေအပေါ် ကျေနပ်မှုရှိသည်ဟု ဆိုသည်။

 “အနောက်စံပြမဲရုံက ကျွန်တော့်ရဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ စနစ်တကျ ဖြစ်သလား၊ မဖြစ်ဘူးလား၊ စည်းနဲ့ကမ်းနဲ့ ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာကို စောင့်ကြည့်ဖို့ တာဝန်ဝတ္တရားရှိတဲ့အတွက် လာပြီးတော့ စစ်ဆေးတာပါ”ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ အမှတ် ၂ မဲဆန္ဒနယ်မြေတွင် ၀င်ရောက် အရွေးခံထားသည့် ဦးအောင်သန်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

IMG 9319

 မဲပေးမှုများစနစ်တကျရှိပြီး၊ နေသားတကျ လုပ်ထားသည်များကို တွေ့ရကြောင်း၊ အဆိုပါ မဲရုံနှင့်ပတ်သက်၍ ရောက်သည့် အချိန်မှ ပြန်ထွက်သည့်အချိန်ထိ ကျေနပ်မှုရှိသည်ဟု သူကပြောသည်။

 ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေသည့် ကျောင်းသူတစ်ဦးကလည်း နိုင်ငံသားတစ်ဦးတာဝန် ကျေချင်သည့်အတွက်ကြောင့် လာရောက်မဲထည့်ရခြင်းဖြစ်သည်ဟု ပြောသည်။

 ယနေ့ စစ်တွေမြို့၏ အခြေအနေသည် ပကတိ ပုံမှန်အနေအထားဖြင့် အေးချမ်းတည်ငြိမ်မှုရှိသည်ကို တွေ့ရှိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...