ရှမ်းစာပေပညာရှင်က ရွေးကောက်ပွဲအပေါ် သူ့၏အမြင်များကိုပြောကြား

ရှမ်းစာပေပညာရှင်က ရွေးကောက်ပွဲအပေါ် သူ့၏အမြင်များကိုပြောကြား
မြဝန်းရံ — ရွေးကောက်ပွဲ အကြိုကာလ၌ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သောစာပေ ပညာရှင်တစ်ဦးဖြစ်သည့် ဦးစိုင်းဖက သူ့၏အမြင်များကို BNI ရွေးကောက်ပွဲသတင်းခန်းသို့ ယခုလိုပြောကြားခဲ့သည်။

ဦးစိုင်းဖက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး “ ဒီရွေးကောက်ပွဲ အပေါ် ကျွန်တော်တို့တော့ ဘာမှကြီးကြီးမားမား မမျှော်လင့်ဘူး။ တိုင်းပြည်မှာ ငြိမ်းချမ်းဖို့ အဓိက အရေးကြီးတယ်။ ငြိမ်းချမ်းမှ ဖွံဖြိုးတိုးတက်ဖို့ ဆောင်ရွင်နိုင်မယ်” သူ့၏အမြင်ကို ပြောသည်။

ထိုပြင် ရွေးကောက်ပွဲမကျင်းပနိုင်ပဲ မဲရုံဖွင့်လှစ်မပေးသည့်မြို့နယ်များနှင်ပတ်သက်၍လည်းပြောရာ တွင် “ ငြိမ်းချမ်းဖို့ဆိုတာ သေနတ် သံစဲနေမှရမယ်။ ခိုလမ်၊ မိုင်းနောင်တို့မှာ မိုးချုပ်ကစပြီးမိုးလင်းအထိ လက်နက်ကြီးတွေ့နဲ့ပစ်နေတာ ရရက်မကဘူး။ ဒါကျွန်တော် တို့ပြောဖို့တာဝန်မဟုတ်ဘူး။ ကျွန်တော် တို့လုပ်တာလဲမဟုတ်ဘူး။ စဉ်းစားစရာပေါ့။

ရွေးကောက်ပွဲလွတ်လပ်မျှတတယ်ဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်နိုင်ဘူးလေ။ ကမ္ဘာကစောင့်ကြည့်နေမှာပဲ။ ဒါပေမဲ့ ရွေးကောက် ပွဲတောင်မရောက်သေးဘူး မိုင်းရှုးတို့ ဟိုနယ်ဒီနယ်တွေ့မှာ မဲရုံပိတ်လိုက်တာ သဘောမပေါက်ဘူး။ တန့်ယန်းတစ်ချို့နယ်ဆိုစစ် တိုက်တာမှမဟုတ်တာ။ ကွန်လုံ၊ ဟိုပန်ဆိုသံလွင်မြစ်ရဲ့ဟိုဘက်မှာရှိတာလေ” ဟု ရွေးကောက်ပွဲမ ကျင်းပသည့်မြို့နယ် များပေါ်မှတ်ချက်ပေးပြောကြားသည်။

ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ်များမှာ မိုင်းရှုး၊ ကျေးသီ၊ တန့်ယန်း နှင့် ဟိုပန်မြို့များဖြစ်သည်။

ဆက်လက်၍ ဆရာကြီးဦးစိုင်းဖက လူမျိုးကိုအမှန်တကယ်ချစ်သည်ဆိုပါက ရှမ်းပါတီထဲမှမည့်သည့် ပါတီနိုင်နိုင် ဝမ်းသာစရာပင်ဖြစ်ကြောင်း၊ ပြည်သူလူထုကဆုံးဖြတ်၍ ပြည်သူလူထုကြိုက်သည့်ဆိုပါက လက်ခံရမှာဖြစ်ကြောင်း၊ ဒီိမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒကိုလေးစားရမည်ဆိုသည့်အချက်ကို နားလည်ကာ တစ်ယောက်နှင့်တစ်ယောက်ကဲ့ရဲ့နေရန်မလိုကြောင်း ရှမ်းပါတီ ၂ ပါတီရွေးကောက်ပွဲ ယှဉ်ပြိုင်မှုအပေါ် သူ့၏အမြင်ကိုပြောပြသည်။

ဦးစိုင်းဖသည် ရှမ်းစာပေသင်ကြားသည့်နေရာတွင်ထင်ရှားပြီး ရှမ်းတိုင်းရင်းသားများကလေးစားသည့် စာပေပညာရှင်တစ်ဦးဖြစ် သည်။ ၎င်းက သူသည် မည့်သည့်ရှမ်းပါတီဝင်မဟုတ်ကြောင်းနှင့် ပြည်ထောင်စုသားတစ်ယောက်၊ နိုင်ငံသားတစ်ယောက်နေဖြင့် သူ့၏ အမြင်များကိုတင်ပြခြင်းသာဖြစ် သည်ဟုဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်မှ ၁၀ရက်ထိ ပင်လုံမြို့၌ပြုလုပ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်ပါတီ)၏ လူထုတွေ့ဆုံပွဲတွင်ဦးစိုင်းဖ၏ပြောကြားချက်များသည်ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ဂုဏ်သိက္ခာကိုထိ ခိုက်ပြောဆိုသည်ဟုကျားဖြူ ပါတီဥက္ကဌက ဦးစိုင်းဖအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားစာပို့ခဲ့သည် ဟုသိရ သည်။

ဦးစိုင်ဖက၎င်းသည်မည်သည့်ပါတီဝင်မှမဟုတ်သော်လည်းပြည်ထောင်စုသားတစ်ယောက် ရှမ်းပြည် နယ်သားတစ်ယောက် အနေဖြင့်ပင်လုံမြို့တွင်ပြုလုပ်ခဲ့သည့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ၏ ပွဲတွင်ပင်လုံစာချုပ်အကြောင်းပြောကြားခဲ့သည်ဟုဆို သည်။

ပင်လုံစာချုပ်ချုပ်ဆိုစဉ်ကတည်းကရှမ်းပြည်နယ်တိုင်းရင်းသားများကညီညွတ်ရေးကိုရယူခဲ့ပြီး ပြည်ထောင်စုကြီးဖြစ်ခဲ့ကြောင်း၊လွန်ခဲ့သောနှစ်၆၀ကထားရှိခဲ့သည့်စိတ်ဓါတ်များ၊ညီညွတ်မှုများ၊စု စည်းချင်သည့်စိတ်များပြန်မွေးရန်လိုအပ်ကြောင်း၊ရေရှည်အနာဂါတ် ကိုကြည်၍ပြည်ထောင်စုကြီးတစ်ခုလုံး၏ချမ်းသာမှုငြိမ်း ချမ်းမှုကိုစဉ်းစားရမည်ဖြစ်ကြောင်း၊ စည်းရုံးသည့်အခါတွင်လည်း မဟုတ်မဟတ်များမလုပ်ရန် ထိုစဉ်က ပြောကြားခဲ့သည်ဟုဆိုသည်။

SNDP ပါတီဥက္ကဌက ဦးစိုင်ဖအား SNLDပါတီမှရှမ်းစာပေဆရာဟုအမည်တပ်တိုိင်ကြားခဲ့ပြီး ရွေးကောက်ပွဲပြီး သည့်နောက်ပိုင်း တောင်းပန်မှုမပြုလုပ်ပါက ဆက်လက်ဆောင်ရွက်မည်ဟု ပြည်တွင်းဂျာနယ်တစ်စောင်တွင်ဖော်ပြထားကြောင်း သိရသည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...