ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရဲ့ဆန္ဒကို မျှမျှတတဆောင်ရွက်မှသာ သမိုင်းလှနိုင်မည်

ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရဲ့ဆန္ဒကို မျှမျှတတဆောင်ရွက်မှသာ သမိုင်းလှနိုင်မည်
by -
စိုင်းအောင်မျိုးလွင်
စိုင်းအောင်မျိုးလွင် — “လူတွေက ကျွန်တော်ပြောသလိုပဲ အားလုံးလည်း ပြောင်းလဲချင်နေပြီ။ ကော်မရှင်ကသာ မျှမျှတတနဲ့ မှန်မှန်ကန်ကန်အတိုင်းသာ ပြည်သူ့ရဲ့ ဆန္ဒကိုဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ သမိုင်းတွေလည်း လှမယ်။ တိုုင်းပြည်အနာဂါတ်လည်းလှမယ်။ ကျွန်တော်တို့ တွေ ၁၉၈၈ ခုနှစ် အဖွဲ့ချုပ်တည်ထောင်ကတည်းက အခက်အခဲအမျိုးမျိုးကြားထဲက ရပ်တည်ခဲ့ရတယ်။ ရပ်တည်ခဲ့ရကျိုးနပ်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။  ။ မဲပေးမယ့်ရက်ကလည်း နီးနေပြီ စည်းရုံးရေးကလည်းနောက်ဆုံးရက်တွေလည်း ရောက်နေပြီဆိုတော့ လက်ရှိအချိန်မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလည်း။

ဖြေ။  ။ အဓိကတော့ ကျွန်တော်တို့ အဓိကရင်ဆိုင်ရတာတော့ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာရော ရွေးကောက်ပွဲ အနီးလာတဲ့အချိန်မှာပါ ကော်မရှင်နဲ့ ဆက်ဆံရတဲ့အခက်အခဲ ကော်မရှင်ရဲ့ ဥပဒေအမျိုးမျိုး အခက်အခဲတွေနဲ့ ကျွန်တော်တို့ အဓိကရင်ဆိုင်ရတဲ့ ပြဿနာပေါ့နော်။

မေး။  ။ ကော်မရှင်နဲ့ ဆက်ဆံရတယ်ဆိုတဲ့နေရာမှာ တိတိကျကျလေး ပြောလို့ရမလား။

ဖြေ။ အဓိကတော့ ကြိုတင်မဲ ကိစ္စတွေ စစ်တပ်ကကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ တစ်ခါမှ ကျွန်တော်တို့ ပါတီကိုတောင် အကြောင်းမကြားတဲ့ ကိစ္စတွေရှိတယ်။ နောက်တစ်ခုက မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်တွေ ထားတဲ့အခါမှာလည်း ကော်မရှင်ဥပဒေအရ မဲရုံကိုယ်စားလှယ် နှစ်ဦးစီထားခွင့်ပြုတယ်။ အခုက မဲရုံမှာ မဲရုံကိုယ်စားလှယ်တွေ အများကြီးရောက်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲရုံ ကိုယ်စားလှယ်တစ် ဦးစီသာထားဖို့ဆိုပြီးတော့ အကြောင်းကြားတာလည်း ရှိပါတယ်။ နောက်တစ်ခုက ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်အသီးသီးကလည်း မဲကြိုလက်မှတ်ခေါ်မှာပေါ့ဗျာ။ မဲပေးရမယ့် လက်မှတ ်ဒါတွေကို ဝေတဲ့နေရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ စာရင်းဇယားတွေတော့ပြုစုထားတယ်။ ဒီကော်မရှင်ရုံးမှာပဲ လာထုတ်ဖို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့ မဲစာရင်းတောင်စိတ် မဝင်စားတဲ့ ပြည်သူလူထုတွေက ဒီကော်မရှင်ရုံးမှာ မဲကြိုလက်မှတ်လာယူဖို့ဆိုတာက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ပြဿနာလေးတွေ က မဲထည့်တဲ့လူတွေကို အခက်အခဲဖြစ်အောင်လုပ်နေသလား။  ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကိုများ ဒီမိုကရေစီဘက်တော်သားတွေကိုများ အခက်အခဲရှိအောင်လုပ်နေသလားပေါ့လေ။

မေး။  ။ မဲရုံပြင်ဆင်မူတွေ ကော်မရှင်တွေရဲ့ မဲပေးနိုင်ဖို့ ပြင်ဆင်မူတွေနဲ့ရော ဘာများစိုးရိမ်တာရှိသလဲဗျ။

ဖြေ။  ။ အစိုးရိမ်ဆုံးအချက်က အခုမဲရုံကြီးတွေပေါ့ဗျာ ။ လူဦးရေထူထပ်တဲ့ မဲဆန္ဒရှင်တွေရှိတဲ့ မဲရုံတွေဆိုရင် သုံးထောင် ဝန်းကျင်လောက်ရှိတယ်။ မဲရုံကတစ်ရုံပဲရှိတယ်ဆိုတော့မဲဘယ်လိုထည့်မလဲ။ ဒါကိုပညာရှင်တွေ သုံးသပ်ကြသလိုပဲ လူတစ်ဦးကို တစ်မိနစ်မဲပေးမယ်ဆိုရင်တောင် လူခြောက်ရာလောက်ပဲ မဲပေးလို့ရတဲ့ စနစ်မှာ တစ်ချို့မဲရုံကြီးတွေမှာ လူသုံးထောင်လောက်မဲပေးဖို့ မဲဆန္ဒရှင်စာရင်းထုတ်ပြန်ထားတယ်။ ဒီလူတွေ ဘယ်လို မှန်မှန်ကန်ကန်မဲပေးနိုင်မလဲ လူတိုင်းလူတိုင်းမဲပေးခွင့် ဘယ်လို ပြည့်ပြည့်စုံစုံရနိုင်မလဲ ။ ကော်မရှင်ဥပဒေအရ မဲရုံမပိတ်ခင် ညနေလေးနာရီမဲရုံမပိတ်ခင် ရောက်နေတဲ့လူတွေကို မဲပေးခွင့်ရှိမယ်လို့ပြောတယ်။ ဒါပေမယ့် ထောင်ချီပြီးရှိတဲ့လူတွေကို ညလုံခြံုရေး ဘယ်လိုပေးနိုင်မလဲ။ ဒီမဲဆန္ဒရှင်တွေကရော ဘယ်လောက်အထိ သည်းခံနိုင်မလဲ။ ဒီဟာကလည်း စိုးရိမ်စရာပေါ့ဗျာ။ အခုချိန်အထိတော့ညှိနိူင်းလို့ မပြီးသေးဘူးလို့ပဲ ပြောရမှာပဲဗျ။

မေး။  ။ NLD အနေနဲ့ အခြားဒေသမှာ အကြမ်းဖက်ခံရတာတွေ ခြိမ်းခြောက်ခံရတာတွေရှိတယ်။ အစ်ကိုတို့အနေနဲ့ရော ဒီဒေသမှာ ဒါမျိုးကြံုရတာရှိသလား။

ဖြေ။  ။ ဒီဒေသမှာတော့ မရှိဘူးဗျ။ အပွင့်လင်းဆုံးပြောရရင် ကျွန်တော်တို့ဒေသဆိုတာက တစ်ယောက် အကြောင်း တစ်ယောက်သိကြတယ်။ လူအားလုံးကို ုု ဒီလူအားလုံးကလည်း အပြန်အလှန်သိကြတဲ့ အတွက်ကြောင့် ဒီပြဿနာကတော့ ဒီဘက်ကတော့ အေးမယ်လို့ ထင်ပါတယ်။ အခုအချိန်ထိလည်း အနှောက်အယှက် တစ်စုံတစ်ရာမတွေ့ရသေးပါဘူးဗျ။

မေး။  ။ တစ်ခြားပါတီတွေနဲ့ မဲဆွယ်တဲ့နေရာမှာ နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ရော တစ်ချို့ပါတီတွေကို မျက်နှာသာပေးတာ အစ်ကိုတို့ကို တင်းတင်းကြပ်ကြပ်လုပ်တာမျိုး ဒီလိုမညီမျှမူ တွေရှိသလားခင်ဗျ။

ဖြေ။  ။ မညီမျှမူလို့ကတော့ ကျွန်တော်တို့ ဒီလို ဘုန်းကြီးကျောင်း ဇရပ်တို့ church တို့ပေါ့ အများနဲ့သက် ဆိုင်တဲ့ဘာသာရေး အဆောက်အဦးတွေမှာ ဟောပြောပွဲတွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့ကတော့ ကော်မရှင်ရဲ့ ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့  ဇရပ်တွေဆိုရင်လည်း ဂေါပကတွေ ကော်မတီတွေရဲ့ ခွင့်ပြုချက်နဲ့လုပ်တယ်။ တစ်ခြား အသင်းတော်  Church တွေမှာ ဒေသတွေမှာ ကျွန်တော်တို့က ခွင့်ပြု ချက်တောင်းတယ်။ သူတို့ကတော့ ဘာမှ ခွင့်ပြုချက်မတောင်းဘူး။ လာလုပ်တယ်။ ခွင့်ပြုချက်တောင်း စရာမလိုဘူးလို့ပြောတယ်ခင်ဗျ။ ဒီတော့ ကော်မရှင်က ကျွန်တော်တို့တွေ မယူရင်ရော ဒီလိုပဲ ခွင့်လွှတ်မလား။ သူတို့တွေမယူတော့ရော ဘာမှ အရေးမယူတော့ဘူးလား။ ဒါတွေက ရွေးကောက်ပွဲပြီးမှ နောက်ကြောင်းပြန် လုပ်ရမယ့်ကိစ္စတွေဆိုတော့ အခုကတော့ပြောလို့မရသေးဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ဥပဒေကို ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ကိုယ်ပြိုင်တဲ့ ပွဲမှာ ကိုယ့်ကိုချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းကတော့တိကျလိုက်နာနေတဲ့အဖွဲ့အစည်းလို့ပဲပြောပါရစေ။

မေး။  ။ အခုရွေးကောက်ပွဲမှာ တရားမျှတမယ်လို့ ယုံကြည်မူရှိပါသလား။

ဖြေ။  ။ ဒါကလည်း ခပ်ခက်ခက်ပဲဗျ။ ယုံကြည်မူဆိုတာက ကျွန်တော်တို့က ခဲမှန်ဖူးတဲ့ စာသူငယ် ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ၁၉၉၀ ခုနှစ်က NLD ကို စိုက်လိုက်မတ်တပ်ထောက်ခံအားပေးခဲ့တယ်။ အခုအချိန်ကလည်း ကျွန်တော်တို့ NLD ကနေဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်တယ်။ ၁၉၉၀ ခုနှစ်ကလို ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့သလို အခုလည်း ဘယ်လိုဖြစ်တတ်သလဲ ကျွန်တော်တို့လည်း မခန့်မှန်းတတ်ဘူး။ ဒီကိစ္စတွေက ကျွန်တော်တို့ ပါတီက ခေါင်းဆောင်ပိုင်းတွေ အဓိကတွေးတောထားမယ့် ကိစ္စလို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ခင်ဗျ။ ဒါပေမယ့် မမျှတမူတွေနဲ့ကတော့ ဒီတံဆိပ်တုန်းရိုက်နှိပ်မူတွေ မဲပေးတဲ့စနစ်ကို ရွေးချယ်တဲ့အတွက် မဲဆန္ဒရှင်တွေ မဲမပေးနိုင်တာကတော့မမျှတဘူးလို့ ကျွန်တေ်ာထင်တယ်။ မဲစာရင်း တွေ အကြိမ်ကြိမ်အခါခါမှားယွင်းနေတာကလည်း မမျှတဘူးလို့ ကျွန်တော်ထင်တယ်။ ဒီကတည်းကစပြီးတော့ ပြိုင်ပွဲက မမျှတဘူးလို့ပဲ ပြောရမှာပဲဗျ။

မေး။  ။ တကယ်လို့ တရားမျှတမူရှိမယ်ဆိုရင် အစ်ကိုတို့အနေနဲ့ ဒီမြို့နယ်မှာ နိုင်ချေက ဘယ်လောက်ထိ မျှော်လင့်ထားသလဲ ခင်ဗျ။

ဖြေ။  ။ ကျွန်တေ်ာတို့ကတော့မဲဆွယ်စည်းရုံးလာတာလည်း ရွေးကောက်ပွဲကလည်း တော်တော်လေးကို နီးလာပြီ။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးတာလည်း ဒီရွာဆို နောက်ဆုံး စည်းရုံးရတဲ့ရွာပဲဖြစ်ပါတယ်။ ဒေသတော်တော်များများကိုလည်း အများဆုံးရောက်ခဲ့ပြီးပြီ။ ဒေသတော်တော်များများမှာရှိတဲ့အပြောင်းအလဲကို လိုလားတဲ့မဲဆန္ဒရှင်များထောက်ခံအားပေး မူတော်တော်များများကိုတွေ့ရတဲ့အတွက် ၀မ်းသာတယ် အားတက်တယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ချေအနေနဲ့ သတ်မှတ်ရင်တော့ ၆၅ % ရ၀ % နူန်းလောက်နိုင်မယ်လို့ မျှော်မှန်းတယ်။

မေး။  ။  ဖြည့်စွပ်ပြောချင်တာများရှိရင်လညး် ပြောပေးပါဦး။

ဖြေ။   ။ လူတွေက ကျွန်တော်ပြောသလိုပဲ အားလုံးလည်း ပြောင်းလဲချင်နေပြီ။ ကော်မရှင်ကသာ မျှမျှတတနဲ့ မှန်မှန်ကန်ကန်အတိုင်းသာ ပြည်သူ့ရဲ့ ဆန္ဒကိုဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ သမိုင်းတွေလည်း လှမယ်။ တိုုင်းပြည်အနာဂါတ်လည်းလှမယ်။ ကျွန်တော်တို့ တွေ ၁၉၈၈ ခုနှစ် အဖွဲ့ချုပ်တည်ထောင်ကတည်းက အခက်အခဲအမျိုးမျိုးကြားထဲက ရပ်တည်ခဲ့ရတယ်။ ရပ်တည်ခဲ့ရကျိုးနပ်မယ်လို့လည်း မျှော်လင့်ပါတယ်။

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...