မဲဆွယ်စည်းရုံးရေး ကာလအတွင်း အနှောက်အယှက် တစ်စုံတစ်ရာမရှိဟု ရှမ်း ပါတီများပြော

မဲဆွယ်စည်းရုံးရေး ကာလအတွင်း အနှောက်အယှက် တစ်စုံတစ်ရာမရှိဟု ရှမ်း ပါတီများပြော
မြဝန်းရံ — ရှမ်းပြည်တောင်ပိုင်းတွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် အနှောက်အယှက် တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရှိ ပါတီများက BNI ရွေးကောက်ပွဲသတင်းခန်း သို့ပြောသည်။

 တောင်ကြီးမြို့ NLD ဥက္ကဌ ခွန်သန်းလွင်က “ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်လုံး နေရာတော်တော် ရောက်တယ်။ အန်တီစုုမရောက်ခဲ့တဲ့ ပင်လောင်းမြို့နယ်ကုုိ အထူးဂရုုစုုိက် လုုပ်နေပါတယ်။ လောလောဆယ်တော့ ဘာအနှောက်အယှက်မှ မရှိသေးဘူး။ လက်နက်ကုုိင် အဖွဲ့တွေရှိတဲ့ ရွာလဲရောက်ပါတယ်။ လက်နက်ကိုုင် အဖွဲ့တွေ အောက်ခြေ တစ်ချို့ ပြောင်းလဲချင်နေတာ ကုုိ တွေ့ခဲ့ရတယ်။ လက်နက် ၀တ်စုုံမပါဘူး။ လာနားထောင်တယ်။ ယုုံကြည်ချက်တွေ ရှိနေတယ်။ ” ဟုုပြောသည်။

အမျိုးသား ဒီမုုိကရေစီ အဖွဲ့ချူပ် ရွေးကောက်ပွဲ အောင်နုုိင်ရေးအတွက် မဲဆွယ်စည်းရုုံးရေး ဆင်းနေသော တောင်ကြီး မြို့နယ် NLD ဥက္ကဌ ခွန်သန်းလွင်က ပင်လောင်း၊ ဆီဆုုိင်၊ဖယ်ခုုံ အစရှိသည့် နေရာများသုုိ့ မဲဆွယ်စည်းရုုံးရေး ဆင်းခဲ့ကြောင်း ၊ သွားလာသည့်နေရာတွင် ဉာဏ်သုံး၍ စည်းရုုံးရေး ဆင်းခဲ့သည်ဟုုဆုုိသည်။

မဲဆွယ်စည်းရုုံးရေး ကာလအစပုုိင်းက ရှမ်းပြည်နယ် တောင်ပုုိင်းတွင် အမျိူးသား ဒီမုုိကရေစီအဖွဲ့ချူပ်၏ မဲဆွယ်ဆုုိင်းဘုုတ်များ ဖျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ကုုိယ်စားလှယ်လောင်းများကုုိမူ အန္တရာယ်ပေးခြင်း မရှိကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမ ှတောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းမြဦးက အမျိုးသမီးဖြစ်သဖြင့် မဲဆန္ဒနယ် အနှံ့သွားလာရန် ခက်ခဲကြောင်း၊ တားမြစ်ဖိအားပေး ခံရခြင်းများ မရှိသေး သော်လည်း အချက်အလက် ပြည့်ပြည့်စုံစုံ မရနိုင်သည်ကလည်း အားနည်းချက်ဖြစ်နေသည် ဟုဆိုသည်။

"တခြားပါတီတွေက လာမယ်ဆို ကျေးရွာအုပ်ချုပ်ရေးမှူး လှမ်းပြောထားရုံပဲ။ လူစုပြီးသားအဆင်သင့်။ ကျွန်မတို့ကျတော့ သွားမဲ့နေရာ အရင်လာ ခွင့်တောင်းရတယ်။ ကော်မရှင်ကို လူဘယ်လောက်စုမယ် ဆိုတာ ဘယ်နေရာဆိုတာ တင်ရသေး တယ်။  တစ်ခါတည်းနဲ့ မဲဆွယ်စည်းရုံးမှု မပြီးဘူး" ဟု ဆိုသည်။

ပအမဖပါတီ(UNPO)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ဇော်ထွန်းက " ၂၇ရက်နေ့လောက်ကတော့ ဆီဆိုင်မြို့မှာ ကျွန်တော်တို့ပါတီက ဘုန်းကြီးကျောင်းမှာ လုပ်ဖို့စာတင်တော့ ကော်မရှင်က ဥပုသ်နေ့မို့ဆိုပြီး

ခွင့်မပြုဘူး ”  ၎င်းတို့ပါတီအနေဖြင့် ကျောက်တစ်လုံး လမ်းတစ်လျှောက်ရှိ ပါတီဆိုင်းဘုတ်များဖျက်ဆီးခံရခြင်း၊ ဆီဆိုင် နောင်ထောင်တွင် ပါတီဗီနိုင်းချိတ်ထားသည့် အိမ်ဝိုင်း အတွင်းဝင်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ကဗီနိုင်းကို ဖြုတ်ချဖျက်ဆီး ခံရခြင်းများ ကြံုတွေ့ခဲ့ရသည့်အပြင် မဲဆွယ်အပြန်တွင် ကားချင်းမျက်နှာချင်းဆိုင်မှ ဝင်တိုက်ရန် ကြံစည်ခံရခြင်းများရှိခဲ့ကြောင်း ပြော သည်။

December 14, 2015
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်...
December 11, 2015
အနိုင်ရပါတီခေါင်းဆောင်၏ညွန်းကြားချက်ဖြင့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် နိုင်ငံအနှံ...
December 3, 2015
ဒေါက်တာဒေခင်လှက " အန်တီအနေနဲ့ အင်းတိုင်းရင်းသားကိုယ်စားလှယ်မဖြစ်ခဲ့ဖူး၊ မနိုင်ခဲ့ဖူးဆိုပင်မဲ့လည်း...
December 1, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်နယ်အတွင်းရှိ...