မြို့နယ်ကုုိယ်စားလှယ်လောင်းများမှ မဲရုုံစောင့်ကုုိယ်စားလှယ် ခန့်အပ်မှု ရပ်ကျေးကော်မရှင် လက်မခံ

မြို့နယ်ကုုိယ်စားလှယ်လောင်းများမှ မဲရုုံစောင့်ကုုိယ်စားလှယ် ခန့်အပ်မှု ရပ်ကျေးကော်မရှင် လက်မခံ
စံမောင်သန်း — မြို့နယ်ကိုယ်စားလှယ်လောင်းများက မဲရုံစောင့်ကိုယ်စားလှယ် ခန့်အပ်ပေးပို့သည်ကို ရပ်/ကျေး ကော်မရှင်ဥက္ကဋ္ဌက လက်မခံမှုများ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု တစ်ချို့၌ ဖြစ်ပွား နေကြောင်းသတင်းရရှိသည်။

“လက်ရှိအခြေအနေအရ လွှတ်တော်ကိုယ်စားလှယ်တွေက မဲရုံမှာစောင့်ဖို့ ကိုယ်စားလှယ် ခန့်အပ်ပေးပို့တဲ့ ခန့်အပ်လွှာတွေကို ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေက အကြောင်း အမျိုးမျိုးပြပြီး လက်မခံတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချို့ရပ်/ကျေးကော်မရှင် ဥက္ကဋ္ဌတွေဆိုရင် ရွာမှာမနေဘဲ ရှောင်နေကြတာတွေလည်း ရှိနေပါတယ်”ဟု အမ်းမြို့နယ်တွင် ဝင်ရောက်အရွေးခံမည့် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သန်းလှိုင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ယနေ့တွင် ပြောသည်။

ယခုဖြစ်ပွားနေသည်မှာ အမ်းမြို့နယ် တောင်ဖလာကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ကျောက်မြောင်းအုပ်စု သဗြုချိုင် ကျေးရွာများတွင် ဖြစ်ပွားနေသည်ဟုသိရသည်။

“တောင်ဖလာကျေးရွာအုပ်စုက ရွာသားတွေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား တဲ့အခါမှာ လုပ်ပေးမယ်လို့တော့ ပြောတာပဲ အခု နံနက် ၈ နာရီထိ ဘာမှ မထူးခြား သေးဘူး။ ကျွန်တော်ကိုယ်တိုင် မြို့ကိုတက်ပြီးတော့ မြို့နယ်ကော်မကော်ရှင် ဥက္ကဋ္ဌကို သွားရောက် အကြောင်းကြားဖို့ လုပ်နေပါတယ်”ဟု ဦးကျော်သန်းလှိုင်ကပြောသည်။

မဲရုံစောင့်များကို တာဝန်ပေးခန့်အပ်မှုသည် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့သည် နောက်ဆုံးဖြစ် သည်ဟု ဦးကျော်သန်းလှိုင်ကပြော သည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ခန့်အပ်ခံရတဲ့ မဲရုံစောင့် ကိုယ်စားလှယ်တွေမှာ မြို့နယ်ကော်မရှင်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ကတ်ပြားတွေ၊ သူ့ရဲ့အကူ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကိုယ်စား လှယ်တွေအတွက် ကတ်ပြားတွေ ကျွန်တော်တို့ ထုတ်ပေးထားတယ်။ အဲဒီကတ်ပြားတွေကို မြို့နယ်မှာ သွားယူလိုက်၊ အဲဒါကလည်ဆွဲ၊ လည်ဆွဲ ဆွဲပြီးတော့ သွားလိုက်တယ်ဆိုရင် လက်မခံလို့ မရဘူး”ဟု ရခိုင်ပြည်နယ် ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အရာရှိ ဦးသူရိန်ထွဋ္ဋ်က BNI သတင်းခန်းသို့ပြောသည်။

အမ်းမြို့နယ်ရှိ တစ်ချို့ကျေးရွာများ၌ ရခိုင်အမျိုးသားပါတီကို မဲမပေးကြရန်၊ မဲပေးပါက သားသမီး အလုပ်မရဖြစ်သွားမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများလည်း ရှိနေကြောင်း ဦးကျော်သန်းလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပါတီဆိုင်းဘုတ်များ ခဏခဏ ဖျက်ဆီးခံရမှုများရှိနေသော်လည်း လုံခြုံရေး မှာတစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းသိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...