ရွေးကောက်ပွဲမကျင်းပနုုိင်တော့ ဒေသခံကုုိယ်စားပြုမှုမှာ တော်တော်လေးထိခုုိက်တယ်

ရွေးကောက်ပွဲမကျင်းပနုုိင်တော့ ဒေသခံကုုိယ်စားပြုမှုမှာ တော်တော်လေးထိခုုိက်တယ်
သုုတလင်း — “ ဒီကိစ္စက ဒေသခံတွေအတွက် ထိခိုက်နစ်နာဆုံးရှံုးမှုကြီးပါပဲ။ တစ်ချို့နေရာတွေက မြို့နဲ့တအား အလှမ်းဝေး ပါတယ်။ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုကတည်းက အဲ့ဒီဒေသတွေအတွက် နစ်နာမှုက ကြီးနေပါပြီ။”  လုုိ့ဆုုိတဲ့   ကချင်ဒီမိုကရက်တစ်ပါတီ၏ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ် ဦးလွမ်းဇောင်းနဲ့  ရွေးကောက်ပွဲ သတင်းခန်း သတင်းထောက်မှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကချင်ပြည်နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လိုအချက်တွေက ကိုလွမ်းဇောင်းကို အားပေးဖြစ်တာလဲဗျာ။

FB IMG 1446437048827ဖြေ ။ ။ ကျွန်တော်က ကချင်ပြည်နယ်ဒေသခံစစ်စစ်ပါ။ ဌာနေတိုင်းရင်းသားတစ်ဦးလည်းဖြစ်လို့ တိုင်းရင်းသား ပြည်သူလူထု အလွှာအသီးသီးကို စစ်မှန်တဲ့ ကိုယ်စားပြုနိုင်ဖို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ် အမှတ် ၂ မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံတော်တော်များများရှိပါတယ်။ ဒါ့အပြင် မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်ရဲ့ အခြေစိုက်ထားရာနေရာလည်းဖြစ်ပါတယ်။ ပြောချင်တာကတော့ ကချင်တိုင်းရင်းသားတွေ အတွက်သာမက တိုင်းရင်းသားအလွှာအသီးသီးကို ကိုယ်စားပြုနိုင်မယ်လို့ ယုံကြည်ပြီး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

မေး ။ ။ အစ်ကို့မဲဆန္ဒနယ်က ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် မြင်တဲ့အမြင်တွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သူတို့သိထားတာတွေ၊ မဲပေးဖို့တွေကရော အခြေအနေဘယ်လိုု များရှိပါသလဲ။

ဖြေ ။ ။ ယေဘူယျကြည့်ရင်တော့ မဲဆန္ဒရှင်တွေရဲ့ ရွေးကောက်ပွဲဲနဲ့ ပတ်သတ်တဲ့ သိထားတာတွေက အားနည်း ပါတယ်။ ကျွန်တော့်ဟောပြောပွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ဘယ်လိုမဲပေးရမယ်လို့ သိထားတဲ့ သိတဲ့လူလက်ထောင်လို့ပြောတဲ့အခါ လက်ထောင်တဲ့သူက တစ်ဝက်ကျော်တောင်မရှိပါဘူး။
 နောက်တစ်ခုက တံဆိပ်ထုရမယ် ဆိုတော့ ဒီမှာက ဘောလ်ပင်တောင် ပုံမှန်မကိုင်နိုင်ကြတဲ့လူတွေဆိုတော့ သူတို့အတွက် အသစ်အဆန်းဖြစ်နေသလို အားနည်းချက်တွေလည်းရှိလာနိုင်ပါတယ်။

မေး ။ ။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေဒေသကျေးရွာအုပ်စုတွေ ၂၀၀ ကျော် ရှိခဲ့ပါတယ်။ အဲ့ဒီလို ဖြစ်တာက ကချင်ပြည်နယ်အတွက် ထိခိုက်နစ််နာမှုတွေ ဘယ်လောက် ရှိနိုင်ပါသလဲ။

ဖြေ ။ ။ ဒီကိစ္စက ဒေသခံတွေအတွက် ထိခိုက်နစ်နာဆုံးရှံုးမှုကြီးပါပဲ။ တစ်ချို့နေရာတွေက မြို့နဲ့တအား အလှမ်းဝေး ပါတယ်။ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုကတည်းက အဲ့ဒီဒေသတွေအတွက် နစ်နာမှုက ကြီးနေပါပြီ။ ကချင်ဒေသထဲက ၂၀၀ ကျော်ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတာ တကယ်တော့မဖြစ်သင့်တာပေါ့။ ရွေးကောက်ပွဲဆိုတာ မည်သည့်နေရာ၊ဒေသမှာမဆို ကျင်းပပေးဖို့ဖြစ်နေရမှာပါ။ ခု အဲ့ဒီလို မကျင်းပနိုင်ဘူး ဆိုတော့ ဒေသခံကိုယ်စားပြုမှုမှာ တော်တော်လေးထိခိုက်ပါတယ်။

မေး ။ ။ ကချင်ပြည်နယ်ရဲ့ အချို့သော ဒေသတွေမှာအောက်တိုဘာလအတွင်းက တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာတာမျိုးလည်း ရှိခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေဟာ ကချင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲတွေ အပေါ်မှာ သက်ရောက်မှု ရှိလာနိုင်ပါသလား။

ဖြေ ။ ။ တိုက်ပွဲတွေထင်ထင်ရှားရှား ပြန်ဖြစ်လာမယ်ဆိုရင်တော့ ဒါဟာ နှစ်ဖက်တပ်တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ဘယ်လောက်လေးစားမှုရှိတယ်ဆိုတာကို သိသာစေမှာပါ။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲကျင်းပနေချိန်တွေမှာ တိုက်ပွဲတွေကို ထိုးစစ်မဆင်ဘူးလို့ ကြေညာထားပြီးသားပါ။ ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲအချိန်တွေမှာ တို်က်ပွဲတွေကို ပြန်မဖြစ်စေချင်ပါဘူး။

မေး ။ ။ ကိုလွမ်းဇောင်းရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ တခြားပါတီတွေနဲ့ ယှဉ်ပြိုင်ရမဲ့အပေါ် အစ်ကို့အနေနဲ့ ယုံကြည်မှု ရှိပါသလား။ ယှဉ်ပြိုင်မှုက ဘယ်လိုအနေအထားရှိနိုင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော့်ပြိုင်ဘက်က ၁၂ယောက်ရှိတယ်။ ကျွန်တော်အပါအဝင်ဆို အဲ့ဒီပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ပြိုင်ကြမှာပါ။ ၁၂ ယောက် ၁ ယောက် ပြိုင်ရမှာပေါ့။ ကျွန်တော်ကတော့ ဒေသခံလည်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်မဲဆန္ဒနယ်က လူတွေအကြောင်း အခြေအနေသိတယ်။ အဲ့ဒီတော့ ရာခိုင်နှုန်းအားဖြင့်ဆို ၅၀ - ၅၀ ဖြစ်နေပါတယ်။

တစ်ခုရှိတာက ဒီမှာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိနေပါတယ်။ အဲ့ဒီတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက အဲ့ဒီက လူတွေကို ကျိန်းသေရထားတယ်။ အဲ့ဒီနေရာတွေမှာ မဲဆွယ်လို့အဆင်မပြေဘူး။ ဒါ့အပြင် NLD ကလည်းရှိနေတာပေါ့။
ဒါပေမယ့် NLD နဲ့ ကြံ့ခိုင်ရေးနဲ့က ပါတီတွေအင်အားကြီးပေမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ အားသိပ်မကောင်းပါဘူး။ အဲ့ဒီတော့ ကျန်တဲ့ ၅၀ ရာခိုင်နှုန်း ဖြစ်တဲ့ ပါတီကြီး ၂ခုကို ယှဉ်ပြိုင်ရမှာပေါ့။

မေး ။ ။ အစ်ကို့မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် မဲဆန္ဒရှင်ဒေသခံပြည်သူတွေရဲ့ ဘယ်လိုအခွင့်အရေးတွေကို စတင်လုပ်ဆောင်အကောင်အထည်ဖော်ပေးနိုင်မလဲ။  ဘယ်လိုအရာတွေကို ကတိကဝတ်အဖြစ် ပြောင်းလဲလုပ်ကိုင်ပေးမယ်ဆိုတာမျိုးရှိပါသလဲ။

ဖြေ ။ ။ လက်ရှိကျွန်တော်တို့ဒေသမှာ ရင်ဆိုင်နေရာတာ လူ့အခွင့်အရေးချိုးဖောက်မှုပေါ့။ ဒါ့အပြင် တရားဥပဒေစိုးမိုးမှုမရှိတာ မျိုးလည်းရှိတယ်။ အဲ့ဒီဘက်က ကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါ တယ်။

 ကချင်ပြည်နယ်ဟာ ဧရာဝတီမြစ်ရဲ့ မြစ်ဖျားခံရာဒေသပါ။ ဒ့ါအပြင် ခါကာဘိုရာဇီလို ရေခဲတောင်လည်းရှိနေတဲ့ ဒေသမှာ။ ဒီဒေသမှာ သဘာဝပတ်ဝန်းကျင်လို့ ပြောလိုက်ရင် မြစ်ဆုံတစ်ခုထဲကိုသာ ထိန်းသိမ်း စောင့်ရှောက်တာမျိုး မဟုတ်ဘဲ ဧရာဝတီမြစ်ကြီး တစ်ခုလုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ဆိုတာလည်း လိုအပ်ပါတယ်။

သဘာဝသယံဇာတထုတ်ဖော်မှုတွေမှာလည်း အစိုးရဟာ ဒီကရတဲ့ အမြတ်အစွန်း ၁ရာခိုင်နှုန်းကိုတောင် ဒေသ အတွက် ပြန်လည်ပေးအပ်ခဲ့တာမျိုးမရှိလို့ ဒီလိုအရာတွေကိုလည်း ဖော်ထုတ် တင်ပြသွားဖို့ ရှိပါတယ်။ နောက် သဘာဝသယံဇာတ ထူးဖော်ထုတ်ယူမှုတွေဟာ ဘယ်လောက်ပဲ သုံးရမယ်ဆိုတာမျိုး အတိုင်းအတာတစ်ခုအထိ ဆွေးနွေးပြီး ဆောင်ရွက်ရမှာတွေဖြစ်ပါ တယ်။

ဒီမိုကရေစီကို အားပေးဖော်ဆောင်နိုင်မယ့် အခြေအနေတွေဖြစ်အောင် လုပ်ဆောင်မှာဖြစ်သလို ပညာရေး ပြုပြင်ပြောင်းလဲရေးကိုလည်း ထဲထဲဝင်ဝင်နဲ့ အားသွန်ခွန်စိုက်ကြိုးစားသွားမှာဖြစ်ပါတယ်။
ပြည်နယ်မှာ အစိုးရဘတ်ဂျက်အပြင် နောက်ထပ် ၁၅ ရာခိုင်နှုန်းလောက် ပညာရေးမှာ ထပ်တိုး အသုံးပြုနိုင်ဖို့ ဆိုတာမျိုးတွေကိုလည်း ဆွေးနွေးပြီး အကောင်အထည် ဖော်သွားမှာပါ။

အမည်            -    ဦးလွမ်းဇောင်း
အသက်            -    (၂၇) နှစ်
ပါတီ            -    ကချင်ဒီမိုကရက်တစ်ပါတီ
လွှတ်တော်            -    ကချင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် မြစ်ကြီးနားမဲဆန္ဒနယ်အမှတ် ၂
ပညာအရည်အချင်း        -    ဥပဒေဘွဲ့
လူမျိုး            -    ကချင်
အလုပ်အကိုင်        -     ရှေ့နေ

Most read this week

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...