တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြကျော်ဆိုင်းဘုတ် ဖျက်ဆီးခံရ

တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြကျော်ဆိုင်းဘုတ် ဖျက်ဆီးခံရ
စံမောင်သန်း — ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ တွင် ၀င်ရောက်အရွေးခံမည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်မြကျော်၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် အဖျက်အဆီး ခံရသည်ဟု သတင်းရရှိသည်။

“ကျွန်တော်ဆိုင်းဘုတ် အဖျက်ဆီးခံရတယ်ဆိုတာမှန်ပါတယ်။ အောက်တိုဘာလ ၂၃ ရက် သောကြာနေ့ တုန်းကပါ။ ရဲစခန်းနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကိုလည်း တိုင်ထားပါတယ်”ဟု ဦးအောင်မြကျော်က ရွေးကောက်သတင်းခန်းသိုု့ ပြောကြား သည်။

သို့သော် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် စစ်တွေမြို့အမှတ် ၁ ရဲစခန်းတို့ကို အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ လာရောက်တိုင်ကြားခြင်း မရှိဟု ဖြေဆိုခဲ့ကြသည်။

ဦးအောင်မြကျော်ထံသို့ ထပ်မံမေးမြန်းရာ “စာရေးပြီးတိုင်ကြားထားတာတော့ မရှိသေးဘူး။ ရဲမင်းကြီးကို ဖုန်းဆက်ပြီး တိုင်ထားတာပါ။  မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာရေးပြီးမတိုင်ကြားရသေးဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးအောင်မြကျော်၏ ဖျက်ဆီးခံရသော ဆိုင်းဘုတ်မှာ မေယုစျေးအနီးတွင် ဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ပေါ်တွင် ရခိုင်မျိုးချစ်ပါတီ၏ ဆိုင်းဘုတ်တစ်ခု စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း ဖျက်ဆီးခံ ခဲ့ရသည်။

 တစ်ချို့တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် ပါတီတို့သည် အဖျက်ခံရသည်ကို သတင်းသာပို့ပြီး၊ ဖေါ်ထုတ်၍ လွယ်ကူမည်မဟုတ်သည့်အတွက် တရားစွဲဆိုခြင်းမရှိကြဟု သတင်းရရှိသည်။

“ ရခုုိင်ပြည်နယ်မှာ မဲဆွယ်စည်းရုုံးရေး ဆုုိင်းဘုုတ်တွေ ဖျက်ဆီးခံရတာ လေးငါးကြိမ်မကတော့ဘူး။ ဖျက်ဆီးခံရတဲ့ အထဲ တသီးပုုဂ္ဂလ ဆုုိင်းဘုုတ်ရယ်လုုိ့မဟုုတ်ဘူး။ ပြည်ခုုိင်ဖြိုး၊ NLD၊ ANP ၊ APP အစုုံပါတယ်။ အဖျက်ဆီးခံရတာကုုိ တုုိင်တဲ့သူလည်းရှိတယ်။ မတုုိင်တဲ့သူလည်း ရှိတယ်။ အဓိကက ရဲစခန်းကုုိ သွားပြီးတော့ အမှုဖွင့်ရပါမယ်။ ရဲက သက်သေသက်ကာယနဲ့ မိပြီဆုုိရင်တော့ ဖမ်းမှာပေါ့ဗျာ။ မဟုုတ်ရင်တော့ ထုုံးစံအတုုိင်းပေါ့။ မသိမရှိနဲ့ပဲ ပြီးသွာကြမှာပဲ ” ဟုု ရခုုိင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ပြည်နယ်ရုုံး တာဝန်ခံ ဦးသူရိန်ထွဋ်က ရွေးကောက်ပွဲ သတင်းခန်းသုုိ့ ပြောသည်။

ရခုုိင်ပြည်နယ်တွင် မဲဆွယ်စည်းရုုံးရေး ကာလအတွင်း ဆုုိင်းဘုုတ်များ ဖျက်ဆီးခံရမှုမှာ လေးငါးကြိမ်ထက် မနည်း ဖြစ်ပြီး အခြားပြည်နယ်နှင့် တုုိင်းများတွင်လည်း မဲဆွယ်စည်းရုုံးရေးကာလတွင် ဆုုိင်းဘုုတ်ဖျက်ဆီးခံရမှု ၊ ကုုိယ်စားလှယ်လောင်းများ ရုုိက်နှက်ခံရမှုများ ကြံုတွေ့ခဲ့ရသည်။ ထုုိ့အပြင် ရန်ကုုန်တုုိင်းတွင်လည်း မနေ့က အောက်တုုိဘာ ၂၉ ရက်နေ့တွင် သာကေတမြို့နယ် အမျိူးသားဒီမုုိကရေစီပါတီ (NLD) မဲဆွယ်စည်းရုုံးရေး ဆင်းနေသည့် အချိန်တွင် ဓါးဖြင့်ခုုတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ထုုိသုုိ့ ဓါးခုုတ်ခံရမှုကြောင့် ဦးနုုိင်ငံလင်းမှာ ဒဏ်ရာများရရှိကာ အခြားNLD ပါတီဝင်များလည်း ထိခုုိက်မှု အနည်းငယ်ရှိခဲ့ကြောင်း သတင်းရရှိသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...