ရွေးကောက်ပွဲ နီးကပ်လာပြီးဖြစ်၍ ရခိုင်ပြည်နယ်၌ လုံခြံုရေးတိုးမြှင့်ဆောင်ရွက်နေ

ရွေးကောက်ပွဲ နီးကပ်လာပြီးဖြစ်၍ ရခိုင်ပြည်နယ်၌ လုံခြံုရေးတိုးမြှင့်ဆောင်ရွက်နေ
စံမောင်သန်း — ရွေးကောက်ပွဲကာလ နီးကပ်လာပြီးဖြစ်သောကြောင့် ရခိုင်ပြည်နယ်တွင် လုံခြံုရေးကိုတိုးမြှင့် ဆောင်ရွက် လျက်ရှိသည်ဟု ရန်ကုန်-စစ်တွေ ခရီးသွားပြည်သူများထံမှ သတင်းရရှိသည်။

လုံခြံုရေးတိုးမြှင့်သည့်အနေဖြင့် အမ်းဂိတ်တွင် ရဲနှင့် တပ်မတော်တို့ ပူးတွဲဆောင်ရွက်လျက်ရှိပြီး စစ်တွေအဝင် ပါဒလိတ်ဂိတ်တွင်လည်း ကားများပေါ်သို့ လုံခြံုရေးယူထားသော တပ်မတော်သားများ က အနံ့ခံခွေးများကို အသုံးပြုလျက် ကားပေါ်သို့ တက်ရောက်စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။

“ အောက်တိုဘာလ ၂၇ ရက်က စစ်တွေအဝင် ပါဒလိတ်ဂိတ် အရောက်မှာ တပ်မတော်က တပ်သားတစ်ဦးက အနံ့ခံခွေးနဲ့ ခရီးသည်တင်ကားတွေ့မှာတက်ရှာနေတာကို တွေ့မြင်ခဲ့ရတယ်။”ဟု ခရီးသည်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယခင်က ယခုကဲ့သို့ လုံခြံုရေးတိုးမြှင့်ဆောင်ရွက်ခြင်းမရှိဘဲ ရွေးကောက်ပွဲနီးလာမှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရန်ကုန်စစ်တွေ ခရီးသွားများထံမှ လေ့လာသိရှိရသည်။

“လုံခြံုရေးအရ လိုအပ်လို့ရှာတာပါ။ လိုအပ်တဲ့နေရာတွေမှာ တပ်နဲ့ရဲက လုံခြံုရေးအတွက် ပူးတွဲပြီးလုပ်နေတာတွေရှိပါတယ်။ အမ်းမှာလည်း တပ်နဲ့ ရဲ ပေါင်းလုပ်တာတွေရှိတာပဲလေ”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက နိရဥ္စရာသတင်းဌာသို့ ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၁၂ ရက်သာလိုတော့ပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် အခက်ခဲတစ်စုံ တစ်ရာမရှိစေရန်အတွက် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...