စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုရန်ကို စိုးရိမ်တဲ့ ဖားဆောင်းဒေသခံများ ကြိုတင်တိမ်းရှောင်နေ

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုရန်ကို စိုးရိမ်တဲ့ ဖားဆောင်းဒေသခံများ ကြိုတင်တိမ်းရှောင်နေ

ကရင်နီပြည် ဖားဆောင်းမြို့မှာ ရှိတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်တွေ ကို ကြောက်ရွံ့တာကြောင့် ယာယီ ဘေးလွတ်တဲ့ နေရာတွေကို ကြိုတင် ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဖားဆောင်းဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လာပစ်တာတွေ ရှိတယ်လေ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဟိုးတစ်နေ့ကစပြီး ဖားဆောင်းမြို့ သံလွင်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲစ ဖြစ်ခဲ့တယ်။ မနေ့က အဲဒီတိုက်ပွဲအနီးက လူတချို့ရှောင်ကြတယ်။ ဒီရက်လည်း မြို့ပေါ်က လူတချို့ တဖြည်း ဖြည်းချင်း ထပ်ရှောင်နေကြတယ်။ သူတို့ကိုလည်း ထိမှာစိုးရိမ်ပြီး ကြိုတင်ရှောင်ကြတယ်ပေါ့” လို့ သူက ပြောပါတယ်။

ဖားဆောင်းမြို့မှာ လူဦးရေ နှစ်သောင်းကျော် ရှိပြီး လက်ရှိမှာ အဲ့ဒီလူဦးရေရဲ့ ထက်ဝက်လောက် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားချိန် လေကြောင်းတွေနဲ့ လာရောက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ရွာမှာမနေရဲကြ တော့ဘဲ ဘေးလွတ်ရာလို့ ယူဆကြတဲ့နေရာကို ထွက်ပြေး တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

ဖားဆောင်းမြို့ ဒေသခံ တစ်ဦးက “မသွားလာတာတော့ အကောင်းဆုံးပဲ။ ပြီးတော့ သွားလာလို့လည်း မရတော့ ဘူးပေါ့။ ဟိုးဖက် တော်လှန်ရေးသမားတွေလည်း သူတို့ ပေးမသွားခိုင်းဘူး။ ဒီဖက်ပိုင်းလည်း ဖားဆောင်းကနေ ဆို သံလွင်တံတားပဲ ကူးသွားရတယ်။ တောင်ယာလုပ်တဲ့သူတွေတောင်မှ ပြန်လာရင် တံတားကိုဖြတ်ပြီးတော့မှ ပြန်မလာရဲဘူး။ သူတို့ လှေနဲ့ပဲ ပြန်လာကြတယ်လေ။ တံတားပေါ် ဖြတ်သွားဖြတ်လာလို့ အဆင်မပြေနိုင်ဘူး ပေါ့။ စစ်သားတွေကရှိတယ်ကော ပြီးတော့ သူတို့ စစ်ကြောင်းထိုးသွားတယ်ပြောတယ် မနေ့က။ စစ်ကြောင်း ထိုးတော့ တိုက်ပွဲဖြစ်တယ်ပြောတယ်။ မြို့ထဲမှာတော့ သေနတ်သံတွေ ကြားတယ်ပေါ့“ လို့ ပြောပြပါတယ်။

ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် (PPDF) ကတော့ ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ သွားလာ ခြင်းမပြုကြဖို့ ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ (၁၅) ရက်နေ့ မှာ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့ကို စစ်ကောင်စီဘက်က ဒန်ဘာကား ၅ စီးနဲ့ လူ အင်အား ၂၀၀ ခန့်က လက်နက် ရိက္ခာအပြည့်အစုံနဲ့ ချီတက်လာတာတွေ ရှိပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...