မြန်မာ – တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) တရုတ် ယွမ် ၁ ထောင်ထိပေါက်

မြန်မာ – တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) တရုတ် ယွမ် ၁ ထောင်ထိပေါက်
ဓါတ်ပုံ - ချင်းရွှေဟော်ဂိတ်
ဓါတ်ပုံ - ချင်းရွှေဟော်ဂိတ်

မြန်မာ – တရုတ် နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်မြို့တွင် နယ်ခံမဟုတ်ပါက နိုင်ငံကူးလက်မှတ် (အနီရောင် စာအုပ်) ကို တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ (ဒေသကာလပေါက်စျေး မြန်မာငွေ ကျပ် ၄၅၀,၀၀၀) အထိ ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့မှစပြီး မြန်မာ – တရုတ် နယ်စပ်ဒေသရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ဂိတ် ကို တရုတ်ဖက်မှ ပြန်လည်စတင်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဖက်မှ နိုင်ငံကူးလက်မှတ် (အနီရောင် စာအုပ်) ကို ပြန်လည် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ပြုလုပ်ဖို့ ကုန်ကျငွေစရိတ်ကို တစ်ဦးလျှင် တရုတ်ယွမ် ၄၀ ပေး ပြီး ပြုလုပ်ခဲ့ရာမှ လက်ရှိမှာ နယ်ခံမဟုတ်ပါက တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၁၀၀၀ အထိပေးပြီး ပြုလုပ်လာရ သဖြင့် ဖြတ်သန်းသွားလာသူများ အခက်ခဲ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီက နယ်ခံဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ကွမ်းလုံ ကဆိုရင် အနီရောင်စာအုပ်လုပ်ရင် တစ်ယောက်ကို ယွမ် ၄၀ ပဲပေးရတယ်။ ဒီက နယ်ခံမဟုတ်တဲ့ သိန္နီ၊ လားရှိုး ဖက်ကလူတွေဆို သူတို့တောင်း သလောက် တရုတ်ယွမ် ၃၀၀ ကနေစပြီး ၅၀၀၊ ၇၀၀၊ ၈၀၀ အထိ ပေးရတယ်။ တချို့ ကြားခံ ပွဲစားငှားပြီး လုပ် ခိုင်းရင် ၁၀၀၀ အထိ ပေးရတယ်“ ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ နိုင်ငံကူးလက်မှတ် လုပ်ချင်သူများကို တရားမဝင် ကုန်ကျစရိတ် အများအပြား တောင်းခံနေသော ကြောင့် ဖြတ်သန်းသွားလာသူများအနေဖြင့် ငွေရေးကြေးရေး အခက်ခဲ ကြုံတွေ့နေရသည်ဟု ဆိုကြသည်။

“သူတို့က နိုင်ငံကူးလက်မှတ်လုပ်ချင်တဲ့သူကို တောင်းချင်သလောက် တောင်းနေတာ။ တရုတ်ဖက်ကတော့ ဘာမှ စကား မများဘူး။ ဒီစာအုပ်တွေ ပြည့်စုံရင် သူတို့ဝင်ခွင့်ပေးတယ်။ ခက်ခဲတာတော့ ဒီဖက်ကလူတွေ စစ်တပ်က အာဏာသိမ်း လာကတည်းက အဓ္ဓမ ငွေတောင်းခံနေတယ်“ ဟု ၎င်းက ထပ်လောင်း ပြောသည်။

အလားတူ မြန်မာ – တရုတ် နယ်စပ်ဒေသ၊ မူဆယ်မြို့ရှိ ရွှေနန်းတော်ဂိတ်တွင် နိုင်ငံကူးလက်မှတ် လုပ်ကိုင်သူ များကို မြန်မာနိုင်ငံ အစိုးရဖက်မှ တစ်ဦးလျှင် ကျပ် ၁ သောင်းမှ ၂ သောင်းအထိ တောင်းခံပြီး နှစ်ရက်ကြာ စောင့် ဆိုင်းစေပြီး ကြားခံပွဲစား နှင့် ပြုလုပ်ပါက တစ်ဦးကို ကျပ် ၅ သောင်းပေးရကာ တစ်ရက်အတွင်း နိုင်ငံကူးလက် မှတ် ထုတ်ယူနိုင်သည်ဟု နယ်စပ်နေပြည်သူများက ပြောသည်။

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...