မောင်တောတွင် တောဆင်ရိုင်းနင်းခံရ၍ မသန်စွမ်းတစ်ဦးသေဆုံး

မောင်တောတွင် တောဆင်ရိုင်းနင်းခံရ၍ မသန်စွမ်းတစ်ဦးသေဆုံး

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ တပ်ဦးချောင်းအုပ်စု၊ ကံပြင်သာစည်ကျေးရွာမှ ရွာသားတစ်ဦးသည် ဇွန်လ ၇ ရက်နေ့၊ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က ကျေးရွာအနီးတွင် ဖားရှာရန်သွားစဉ် တောဆင်ရိုင်းနင်းခံရပြီး သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးမောင်နေဝင်း (၃၆ နှစ်) နှင့် ဦးခင်မောင်သန်း (၃၇ နှစ်)တို့သည် ကျေးရွာအရှေ့ဘက် ၄ ဖာလုံအကွာ တောစပ်နားက လယ်ကွင်းပြင်တွင် ဖားရှာနေစဉ် တောရိုင်းဆင်တစ်ကောင်နှင့် ထိပ်တိုက်တိုးမိသည်။

ဦးခင်မောင်သန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဦးမောင်နေဝင်းမှာ ဘယ်ခြေထောက် မသန်စွမ်းသူ ဖြစ်၍ ပြေးမလွတ်နိုင်ခဲ့သဖြင့် ဆင်နင်းခံလိုက်ရပြီး ဦးခေါင်းနှင့် မျက်နှာတို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာ ပွဲချင်းပြီးသေဆုံးသွားသည်။

သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးအေးသန်းက “ညည့် ၂ နာရီခွဲလောက်မှာ ဖားရှာဖို့ ဝမ်းကွဲညီအစ်ကိုနှစ်ယောက် သွားကြတာ။ အဲဒီမှာ ဆင်က လူကိုမြင်တဲ့အခါ တောစပ်ကို ကပ်ခံတယ်။ လူက ဆင်ကိုမမြင်ဘဲ ‌ရှေ့ကို တိုးရင်း တိုးရင်းနဲ့ အဲဒီမှာ ဆင်ကရန်မူပြီး လိုက်နင်းတာပါ။ လူကလည်း မသန်စွမ်းပါ။ ခြေတစ်ဖက် ပိုလီယိုဖြစ်နေ တော့ သိပ်ပြေးမရောက်ဘူး” ဟု ပြောသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မောင်တော မကျည်းချောင်းနယ်မြေ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မောင် တောမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတို့က လာရောက်စုံစမ်းစစ်ဆေးခဲ့ကာ အမှုဖွင့်မည့် အခြေအနေ များကို မေမြန်းခဲ့သော်လည်း မိသားစုများက ‘အမှုမဖွင့်တော့ဘူး’ ဟု ပြောဆိုလိုက်သည်။

“ဒီလိုဖြစ်သွားတဲ့အတွက် မပြောပြတတ်အောင် ခံစားရပါတယ်။ သူ့မှာက စားဝတ်နေရေး မပြေလည်တဲ့အပြင် ကလေးကလည်း ၃ ယောက်ရှိတယ်။ ကိုယ့်မှာလည်း ညီအရင်းဖြစ်တဲ့အခါ အရမ်းခံစားရတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်တော့ဘူး။ သူ့ကိုတော့ မနက်ဖြန်မှပဲ သင်္ဂြိုဟ်မယ်” ဟု ဦးအေးသန်းက ပြောသည်။

မောင်တောဒေသတွင် တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး တောတောင်များတွင် ဆိုင်းဘုတ်များ စိုက်ထူးကာ သတိပေးမှုများရှိကြောင်း မောင်တောမြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က ကွင်းဆင်းစစ်ဆေးပြီး အပေါ်တင်ပြဖို့လုပ်နေတယ်။ ကျနော်တို့ကတော့ (ဆင်အန္တရာယ်) ဆိုင်းဘုတ်တွေလည်း ထောင်ပြီးတော့ သတိပေးတာတွေတော့ရှိတယ်။ ဒါပေမယ့် ဖြစ်တာက တော့ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

မယူတောင်တန်းတွင်နေထိုင်သော တောဆင်ရိုင်းများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ကပင် လူနေကျေးရွာအနီးရှိ စပါးခင်းများသို့ ဝင်ရောက်စားသောက်ခြင်း၊ ကျေးရွာများအတွင်းသို့ဝင်ရောက်ခြင်း၊ လူကိုရန်မူခြင်းများကို ကြုံ တွေ့လာရခြင်းဖြစ်သည်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းတလျှောက် နေထိုင်သူများမှာ စားဝတ်နေ ရေးအတွက် တောတောင်များသို့ သွားရောက်စဉ် တောဆင်ရိုင်းများနှင့်ထိပ်တိုက်တွေ့ပြီး သေဆုံးဒဏ်ရာရရှိမှု များ မကြာခဏ ဖြစ်ပေါ်နေသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တောတောင်များတွင် သစ်ပင်များပြုန်းတီးသွားသဖြင့် တောရိုင်း တိရစ္ဆာန်များ ကျက်စားရာနေရာ ရှားပါးသွားသဖြင့် အစာရှာဖွေရင်း ဒေသခံများကိုရန်ပြုလာခြင်းဟု ဒေသခံ များက ရှုမြင်ကြသည်။

မေလ ၂၇ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွားသားတစ်ဦးမှာ  မုန်တိုင်းကြောင့် ပျက်စီးသွား သည့် နေအိမ်ကို ပြန်ဆောက်ရန်အတွက် ကျေးရွာနှင့် ၃ ဖာလုံဝေးသည့် မေယုတောင်တန်းမှာ ဝါးခုတ်နေစဉ် တောရိုင်းဆင်နင်းခံရပြီး သေဆုံးသွားခဲ့သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...