ဟားခါး-ထန်တလန်ကြားတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ဟုဆို

ဟားခါး-ထန်တလန်ကြားတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရဲဘော် ၁၁ ဦးကျဆုံးခဲ့ဟုဆို
သီမစ်တိုက်ပွဲအတွင်း ကျဆုံး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တချို့
သီမစ်တိုက်ပွဲအတွင်း ကျဆုံး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တချို့

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး - ထန်တလန် အကြား သီမစ်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်း တိုက်ပွဲဝင် သတင်းအရင်းအမြစ်ထံက ပြောသည်။

“မနေ့ (မေလ ၂၉ ရက်နေ့) က တိုက်ပွဲမှာ ကျဆုံးခဲ့တာဗျ။ မြေပြင်စစ်ကြောင်းထိုးလာတာ အင်အားလည်းများ တယ်။ အပြန်အလှန် ပစ်ကြတိုက်ကြတယ်ပေါ့ဗျာ။ ထိခိုက်ဒဏ်ရာရရှိတာတွေလဲ ရှိတာပေါ့ဗျာ။ အတိအကျ တော့ နောက်တော့ သက်ဆိုင်ရာက ထုတ်ပြန်ပေးပါလိမ့်မယ်” ဟု တိုက်ပွဲ သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲသည် မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်များက အင်အား ၂၀၀ ကျော် ဖြင့် အသုံးပြုခဲ့သည့်အပြင် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ၎င်း သတင်းအရင်း အမြစ်က ပြောသည်။

တိုက်ပွဲအတွင်း CDF – ဟားခါးမှ ရဲဘော် (၈)ဦး၊ CDF - ဖိုးဖိုင်မှ ရဲဘော် (၁)ဦး နှင့် ချင်းအမျိုးသားတပ်ဦး (CNA) မှ ရဲဘော် (၂) ဦးတို့ ကျဆုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သေဆုံးစာရင်းများမှာ Salai David Van Tha Lian, Salai Noah Zung Ceu Thang, Salai Samuel (Pu Muak), Salai Tha Lian Cung, Salai Ngun Lian Ceu, Salai Biak Cin Hmung, Salai Richard နှင့် Kyaw Oo တို့ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အခြားကျဆုံးအမည်စာရင်းများကို တိုက်ပွဲမြေပြင်အခြေအနေကြောင့် ကောက်ခံရမှု မရှိသေးကြောင်းနှင့် ရဲဘော် အချို့ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း တိုက်ပွဲဝင် သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်များသည် ဟားခါး - ထန်တလန်အကြားရှိ သီမစ် ကို မေလ ၂၅ ရက်က အင်အားအလုံး အရင်း ဖြင့် ရောက်နေခဲ့ပြီး မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်း အထိ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက် ကျဆုံးမှုများရှိနေပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိသေး ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောဆိုသည်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့မှ ထန်တလန် မြို့ဖက်သို့ စစ်ကြောင်းချီတက်လာခဲ့ကြပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ခြေကုပ်ယူထားသည်ဟု ယူဆရ သော ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်ကို မေလ ၂၅ ရက်နေ့ကစ၍ တိုက်လေယာဉ်နှင့် စစ်သုံး ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်သတင်းဌာနကို ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့နယ်အား ပြန်လည်ထိန်းချုပ် စိုးမိုးနိုင်ရန်အတွက် စစ်အင်အား အလုံး အရင်းဖြင့် မြေပြင်နှင့်လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ယူဆရပြီး တိုက်ပွဲများ ပိုမို ပြင်းထန်လာမည့် အခြေအနေရှိနေသည်ဟု ဆိုသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...