မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အအုံးများ ပျက်စီးမှုအချို့ရှိခဲ့

မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အအုံးများ ပျက်စီးမှုအချို့ရှိခဲ့

ယမန်နေ့ မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များထဲ အဆောက်အအုံ ပျက်စီးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များထဲက ကျေးရွာအချို့တွင် နေအိမ်များ၊ ကျောင်းဆောင်များ ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။

မင်ပြားမြို့ပေါ်တွင် နေအိမ် အဆောက်အအုံများ ပျက်စီးမှုများရှိခဲ့ရာ အထက (၁) ကျောင်း၊ အထက (၂) ကျောင်း၊ အထက (၃) ကျောင်းတို့နှင့် အားကစားခန်းမ၊ စည်ပင်ဈေးရုံတစ်ရုံ၊ ပြည်သူ့ဆေးရုံတို့မှာ အခေါင်မိုးများ ပျက်စီး သွားပြီး၊ အားကစားပွဲကြည့်စင်၊ ဆေးရုံလျှောက်လမ်း၊ ဓါတ်တိုင် ၂ တိုင် ပျက်စီးသွားသည်။

နိရဉ္စရာ သတင်းဌာနအနေဖြင့် ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများကို တင်ပြနိုင်ရန် ကြိုးစားလျက်ရှိသော် လည်း ဖုန်း နှင့် အင်တာနက်လိုင်း ပြတ်တောက်နေမှု အခြေအနေများကြောင့် အသေးစိတ်တင်ပြနိုင်ခြင်း မရှိသေးပေ။

ဓါတ်ပုံ - မူရင်းပိုင်ရှင်အား Credit ပေးပါသည်

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...