ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟုဆို

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟုဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ အစိုးရအဖွဲ့ရုံးကို ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်တွင် ၄၀ မမဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“ဒီမနက်ပေါ့။ ၄၀ မမဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှု အခြေအနေကတော့ ခင်ဗျားတို့ သိတဲ့ အတိုင်းပဲလေ။ သူတို့နေရာယူထားတဲ့ နေရာဆိုတော့ အထဲမှာ ဘယ်လောက်ထိခိုက်လဲ မသိရသေးဘူး” ဟု စမ်းချောင်း ပကဖ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ခွဲ (၁) နှင့် စမ်းချောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်အနီးရှိ လုံခြုံရေးတာဝန်ကျ ဝန်ထမ်း တစ်ဦးက “ကျနော်က ည ဂျူ တီဆိုတော့ မနက်အစောက အသံတော့ကြားလိုက်တယ်။ အခုမနက် ပြန်လာတော့ အဲ့နားက ဖြတ်လာမှ ညက အသံက ဒီကဖြစ်နိုင်တယ်ဆိုတာ သိရတာ” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးဝင်းသည် စစ်ကောင်စီတပ်များ၏ စစ်ကားများ၊ ရဲကားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားက နေထိုင်နေရာယူထားသည့် နေရာတစ်ခုဖြစ်သည်ဟု အနီးအနားနေ ပြည်သူ များက ပြောသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များသည် အဓိက လမ်းမကြီးများပေါ်ရှိ ရဲစခန်းများရှေ့တွင် အကာအရံ တား ဆီးတုံးများဖြင့် ပြန်လည် ပိတ်ဆို့ချထားမှုများ ပြုလုပ်လာကြောင်းကိုလည်း တွေ့ရှိရသည်ဟု ဒေသခံ များက ပြောသည်။

ဓာတ်ပုံ - ၄၀ မမ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...